မျက်စိယားယံ၊ နာကျင်နီမြန်းခြင်း အတွက်


- အေးကပ်ခြင်း
ရေခဲရေကို မျက်နှာနှင့် မျက် လုံးများပေါ်သို့ ပက်ဖျန်းပေးပါ။ မျက် စေ့များကို ပိတ်ပြီး မျက်ခွံများပေါ်သို့ ရေခဲဝတ်၊ ရေခဲအိတ်၊ ရေခဲတုံး၊ အေး ခဲထားသော အစားအသောက် အိတ် ကို တင်ပေးပါ။ ရေခဲကို ထုတ်ပတ် ထားသော မျက်နှာသုတ်ပုဝါသည် သန့်ရှင်းနေဖို့တော့ လိုပေမည်။ ဤ သို့ပြုလုပ်ပေးခြင်းက မျက်လုံးတ၀ိုက် ရောင်ရမ်းခြင်း၊ ယားယံခြင်းတို့ကို သက်သာစေသည်။

- သခွားသီးစိပ်များ
မျက်လုံးများ ယားယံ၊ ရောင် ရမ်းမှုအတွက် သခွားသီးပါးပါး (၂) စိပ်ကို (၁၀) မိနစ်ခန့် ရေခဲထဲစိမ်ပြီး မျက်လုံးမှိတ်၍ မျက်ခွံများပေါ်တွင် တင်ပေးပါ။ သခွားသီးတွင် ပါဝင် သော အင်တီအောက်ဆီးဒင့်ဓာတ်နှင့် Flavinoids တို့က မျက်လုံးများ စပ်၊ ယား၊ ကျိန်းခြင်းကို သက်သာစေ သည်။

- လက်ဖက်ရည်အိမ်များ
များသောအားဖြင့် လက် ဖက်စိမ်းနှင့် လက်ဖက်မဲထုတ်များက ပို၍ကောင်းသည်။ လက်ဖက်အိတ် ကလေးများကို ရေခဲစိမ်ပြီး မျက်လုံး ရောင်ရမ်းနေသည့်အပေါ်ကို တင် ပေးပါ။ လက်ဖက်၌ bioflaonoid ဓာတ်များ ပါဝင်ပြီး ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားရောဂါကူးစက်မှု၊ ရောင်ရမ်းမှုများကို တိုက်ထုတ်ပေး နိုင်သည်။ ယင်း၌ပါဝင်သော tannic acid က ယားယံမှုကို သက်သာစေပြီး လက်ဖက်စိမ်း ခပ်ပျော့ပျော့ ထည့် ထားသော ရေနှင့် မျက်စေ့ဆေးနိုင် သည်။

- ဇွန်းအအေး
ရေခဲတုံးစိမ် (သို့) ရေခဲသေတ္တာ ထဲ ထည့်ထားသော ဇွန်း(၂) ချောင်း ကို ခုံးနေသည့် ဇွန်းများဖက်အား မျက်လုံးတစ်ဘက်စီတွင် တင်ပေး ခြင်းဖြင့် သွေးကြောမျှင်များကို ကျင်း သွားစေပြီး မျက်လုံးနီခြင်း မျက်အိတ် ဖောင်းခြင်းတို့ကို လျော့ပါးစေသည်။ မကြာခဏ ပြုလုပ်ပေးပါ။

- ရှားစောင်းလက်ပတ်
အေးထားသော ရှားစောင်း လက်ပတ်အရည်ကို သန့်စင်သော ဂွမ်းကလေးဖြင့် မျက်လုံးပေါ်မှာ တင်ပေးပါ။ ရှားစောင်းလက်ပတ် ရည်ကို ရေခဲရေနှင့်ရောပြီး လိမ်းပါ။

- Chamomile
ချာမိုမိုင်းပန်းခြောက် (သို့) လက်ဖက်အိတ်ငယ်ကို ဆူပြီးသော ရေနွေး(၁)ခွက်ထဲထည့်ပြီး (၁၂) မိနစ်ခန့်နှပ်ထားပြီး အအေးခံ၍ မျက်စေ့ကိုဆေးပါ။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ