အိပ်မရတဲ့ညတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ?


အိပ်မရတဲ့ညတွေကို ရင်ဆိုင်ဖို့ သဘာဝနည်းလမ်းတွေကို Euro Chroma Institute of Casmetology (CIC) မှ ကျွမ်းကျင် သူတွေက အခုလိုပဲ ဖော်ပြခဲ့ပါ တယ်။

(၁) အိပ်ယာမ၀င်မီ ရေနွေးနဲ့ ရေချိုး ပေးပါ။ ရေနွေးနဲ့ ရေချိုးခြင်းက လေ့ကျင့်ခန်းလုပ်သလိုပါပဲ။ ခေါင်း အုံးနဲ့ ခေါင်း ထိတာအခါ အိပ်ပျော် သွားစေမှာပါ။
(၂) ရေကျက်သီးနွေးလေးထဲမှာ ခြေထောက်စိမ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားနဲ့ တစ်သျှူး တွေကို ပျော့ပြောင်းဖြေလျော့သွားစေ ပါတယ်။ ဆားခါးလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ထည့်ပေးရင် ပို ကောင်းပါတယ်။ ခြေထောက်ရေနွေး စိမ်ခြင်းအားဖြင့် ခြေထောက်က မကောင်းတဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးရုံသာမက နာကျင်မှုတွေ ကိုလည်း သက်သာစေပါတယ်။
(၃) လာဗင်ဒါအဆီနဲ့ စံပါယ်အဆီ တွေက အိပ်မရတဲ့ညတွေအတွက် သဘာဝကုထုံးတွေပါပဲ။ ယင်းအဆီ တွေက အေးဆေးငြိမ်သက်စေဖို့ ကူညီပေးပြီး အိပ်ပျော်စေနိုင်ပါ တယ်။
(၄) အိပ်ယာမ၀င်မီ စားတာ၊ သောက် တာမလုပ်ပါနဲ့။ အိပ်ယာမ၀င်မီ စားလိုက်သောက်လိုက်ခြင်းအားဖြင့် အစာခြေစနစ်ကို အလုပ်ရှုပ်စေပြီး၊ အစာအိမ်ပြဿနာတွေ ဖြစ်စေနိုင်ပါ တယ်။
(၅) မိမိအိပ်စက်မယ် ပတ်ဝန်းကျင်ကို သက်တောင့်သက်သာရှိအောင် ပြင် ဆင်ပါ။ အပူချိန်၊ အလင်းရောင်၊ ဆူညံသံ စတာတွေကို သက်တောင့် သက်သာရှိအောင် ပြင်ဆင်ထားသင့် ပါတယ်။
(၆) ကဖင်းစားသုံးမှုလျော့ပါ။
(၇) ညဖက်မှာ အကြောင်းအရာ တစ်ခုခုကြောင့် စိတ်ပူပင်ကြောင့် ကျများပြီး လန့်နိုးလာတာ၊ အတွေး တွေများလာတာတွေရှိတဲ့အခါ စာရွက်ပေါ်မှာ မိမိကို စိတ်ပူစေတဲ့ အကြောင်းအရာတွေကို ချရေးပြီး နောက်နေ့အထိ ပူပင်သောကတွေကို ရွှေ့နိုင်သလောက်ရွှေ့ထားပါ။
(၈) အရက်သောက်ခြင်းက အိပ်စက် မှုနာရီကို ပျက်ပြားစေပြီး တစ်ညလုံး အိပ်မပျော်စေပါဘူး။
(၉) နေ့လည်နေ့ခင်း တရေးတမော အိပ်ခြင်းကို လျော့ပါ။ ယင်းအကျင့်က ညဖက်မှာ အိပ်ပျော်စေဖို့ ခက်ခဲစေ ပါတယ်။ မဖြစ်မနေ အိပ်မှရမယ်ဆိုရင် တောင် နေ့လည်နေ့ခင်းမှာ မိနစ် ၃၀ ထက် ပိုမအိပ်သင်ပါဘူး။
(၁၀) ပျားရည်နဲ့ နွားနို့နွေးနွေးကို ညမှာတစ်ငုံလောက်သောက်သင့်ပါ တယ်။
(၁၁) ပုံမှန်အိပ်ချိန်ဇယားကို အတိ အကျလိုက်နာသင့်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က ဇီဝနာရီက အချိန်မှန် အလုပ်လုပ်တတ်မှာပါ။ အိပ်ယာထ ချိန်ကို ဘယ်လောက်ပင်ပန်းနေပါစေ အချိန်မှန်ထပါ။ ယင်းအချက်က ညဖက်မှာ အချိန်မှန်အိပ်ပျော်ဖို့ ကူညီမှာပါ။
(၁၂) အိပ်ယာမ၀င်မီ အနည်းဆုံး (၁) နာရီလောက်ကြိုပြီး လျှပ်စစ် ကိရိယာတွေရဲ့စခရင်တွေကို ပိတ် ထားပါ။ လျှပ်စစ်စခရင်တွေက အပြာရောင်အလင်းလွှင့်ပေးပြီး၊ မယ်လတိုနင် ထုတ်လုပ်မှုပြဿနာ တက်တာ၊ အိပ်မရဖြစ်စေပါတယ်။ ဒါကြောင့် တီဗွီတွေ၊ ဖုန်းတွေအစား စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင် ခြင်း စတာတွေ လုပ်သင့်ပါတယ်။
(၁၃) အိပ်ချိန်မှာ နာရီကို မြင်ကွင်း ထဲမထားပါနဲ့။ နာရီလက်တံ တချက် ချက်ရွေ့တာကြည့်ရင်း၊ အိပ်မပျော် လေ၊ ပိုစိတ်လှုပ်ရှားလာလေ ဖြစ် တတ်ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ