Stroke Risks လေဖြတ်တာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ

၁။ ဆရာမင်္ဂလာပါ မေးခွင့်ပြုပါဦးဆရာ။ ကျနော် အသက် ၃၃နှစ်ပါ။ အမျိုးသားပါ။ ထိုင်ရာကထရင် ခြေထောက်တွေကျင်လို့ပါဆရာ။ တခါတခါ ခေါင်းလဲ မူးသလိုဖြစ်သွားတတ်ပါတယ်။ လေဖြတ်မှာကြောက်လို့ပါဆရာ။ ဘာဆေးတွေသောက်သုံးသင့်လဲ ညွန်ပြပေးပါလားဆရာ။ ကျေးဇူးတင်ပါတယ်။

သွေးတို မသိ။ ဆီးချို မသိ။ လေဖြတ်ဆိုတာ သွေးတိုး၊ ကိုလက်စထော ခေါ် အဆီများသူနဲ့ ဆီးချိုရှိသူတွေကသာ ဖြစ်လာနိုင်။

သွေးတိုး၊ ဆီးချိုမရှိပါဆရာ။ တခြားပို့စ်တွေမှာ အဲလိုဖြစ်ရင် လေဖြတ်နိုင်တယ်လို့ဖတ်ဖူးလို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ အသက် ၃၁၊ ကျား။ ညာဘက် နှုတ်ခမ်းအပေါ်ဒေါင့် က တချိန်လုံး အသားလှုပ်သလို လှုပ်နေပါတယ်ဆရာ။ မနေ့ကနေ ယခုချိန်ထိပါပဲရှင့်။ ညာဘက် ပေါင်ကတော့ ခဏပဲအသားလှုပ်ပါတယ်။ ယခု မလှုပ်တော့ပါရှင့်။ ဆေးလိပ် အရက် ကွမ်း မသောက်စားပါ။ ခုရက်ပိုင်း အလုပ်ဆက်တိုက်ပင်ပန်းပါတယ်ရှင့်။ လေဖြတ်မှာစိုးရိမ်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

Stroke ခေါ် လေဖြတ်တယ်ဆိုတာ ဦးနှောက် သွေးလှည့်ပတ်ခြင်း နှေးတာနဲ့ သွေးမရတာကြောင့်ဖြစ်တယ်။ သွေးကြော တနေရာရာမှာ ပိတ်တာကို Ischemic stroke လို့ခေါ်ပြီး သွေးထွက်တာကို Hemorrhagic stroke လို့ခေါ်တယ်။ ဘ်နည်းကနေဖြစ်ဖြစ် လေဖြတ်တယ်လို့အလွယ်ခေါ်တဲ့ ထိခိုက်ပျက်းစီးတဲ့ ဦးနှောက်အစိတ်အပိုင်းတာဝန်တွေ မလုပ်နိုင်တာ ဖြစ်လာတယ်။

ဖြစ်နိုင်ခြေရှိသူတွေကတော့ -
1. High blood pressure သွေးတိုးရောဂါ၊
2. Diabetes ဆီးချိုရောဂါ၊
3. Heart diseases နှလုံးရောဂါ၊
4. Smoking ဆေးလိပ်သောက်သူ၊
5. Age and gender အသက်ကြီးသူ
6. Personal or family history of stroke မိသားစုရာဇဝင်ရှိသူ၊
7. Brain aneurysms or arteriovenous malformations ဦးနှောက်သွေးကြောရောဂါရှိသူ၊
8. Atrial fibrillation နှလုံးခုန်မမှန်သူ၊
9. Cholesterol ကိုလက်စထောများနေသူ၊
10. လူအဝလွန်သူ၊
11. အရက်သေစာ အသောက်များသူ၊
12. အငန်နဲ့ အဆီစားများသူ၊
13. ကိုကိန်းနဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူ၊
14. အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေးသုံးသူအမျိုးသမီး၊
15. ကိုယ်လက်လှုပ်ရှာမှုနည်းလွန်းသူ၊
16. အရင်ကလည်း လေဖြတ်ထားဖူးသူ၊
17. စိတ်ဖိအားများသူ။

ကျန်းမာရေးအကြောင်းရေးရင် ဘယ်လိုဆရာဝန်ကရေးသလဲ သိပါ။ စာဖတ်တဲ့သူတွေ မျက်လုံးပြူးအောင်၊ ကြောက်လန့်သွားအောင်၊ စာဖတ်သူ၊ ရှယ်သူတွေများအောင်၊ ဂျာနယ်ရောင်းကောင်းအောင် မဟုတ်က ဟုတ်က ရေးတာတွေကို မဖတ်သင့်။ မရေးသင့်။ မဝယ်သင့်။ ဘလော့သင့်ပါတယ်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဦးနှောက်သွေးကြောရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ