အစာအိမ်ရောင်ခြင်းဝေဒနာ


ဗိုက်အောင့်ခြင်းဖြစ်နေပြီဆိုလျှင် စိတ်တွေပူပင်တက်ကြမှာပါ သို့ သော်လည်း ဗိုက်အောင့်ခြင်း အကြောင်းအရာများစွာရှိပါတယ်။ သာမန်ဗိုက်အောင့် ဗိုက်နာခြင်းလား အစာအိမ်ရောင်လို့ ဗိုက်နာခြင်းလား အစာမကြေလို့ ဗိုက်နာခြင်းလား ဗိုက်နာခြင်းဖြင့်လျှင် အစာအိမ်ကြောင့်လို့ လည်း တထစ်စွဲမနေစေချင်ပါ ဗိုက်နာခြင်းအကြောင်းများစွာတည်းက အစာအိမ်ရောင်ခြင်းကြောင့် ဖြစ်ပေါ်ခံစာမှု့ နှင့် ဆောင်သင့်တာ ရှောင်သင့်တာလေးတစ်ခုအနေဖြင့်တင်ပြပေးလိုက်ပါသည် ။

မိမိတို့ စားသောက်သည့်အစားအစာများတွင် မာလွန်သောအစားသောက်စားမိပါက အစာအိမ်မှ အစာချေဖျတ်ဖို့  အက်ဆစ်ဓာတ် နှင့် တခြားအင်ဇိုင်များထုတ်လုပ်ပြီးချေဖျတ်ခြင်းပိုမိုလုပ်ဆောင်ရပါသည် ။ အစားသောက်စားသည့်အခါ မာလွန်သော အစားသောက်များကို အလွန်စားသုံးခြင်းရှောင်ရှားသင့်ပါသည် ။

အစာအိမ်ရောင်သည့်အခြေအနေများမှာ အစာမကြေဖြစ်ခြင်း ၊ ပျို့ အန်တက်ခြင်း ၊ လေချဉ်တက်ခြင်း ၊ ရင်ညွန့် အောက်နေရာက အောင့်အောင့်နေတက်ခြင်း ၊ ဗိုက်အောာင့်ဗိုက်နာဖြစ်ခြင်း ၊ အစာစားချင်စိတ်များ မရှိခြင်း နှင့် ဗိုက်နာနေလို့ ခါးကိုင်နေတက်ခြင်း ဖြစ်ပါသည် ။

အစာအိမ်ရောဂါအပြင် ဗိုက်အောင့်ဗိုက်နာမဖြစ်စေရန်အတွက် ဆာလောင်ခြင်း အဆာခံခြင်း မဖြစ်စေရပါ အစားအစာကို ပုံမှန်အချိန်မှန်စားသောက်ပေးပါ ၊ အပူအစပ်များ အလွန်ပင်စားသုံးခြင်းရှောင်ရှားပေးပါ ၊ အရက် ဆေးလိပ် လွန်ကဲစွာ သောက်သုံးခြင်း ရှောင်ရှားပေးပါ ၊ စိတ်ဖိစီးမှု Stress များကို လျှော့ချပေးခြင်းတို့  ဖြစ်ပါသည် ။

အစာအိမ်ရောင်ရောဂါဖြစ်စေခြင်းမှာ အရက်သောက်သုံးမှု့ များခြင်း ၊ အကိုက်အခဲပျောက်ဆေးများကို မိမိသဘောဖြင့်သောက်သုံးခြင်း ၊ စိတ်ဖိစီးမှု့ များနေခြင်း နှင့် အချိန်မှန်မှန်စားသောက်ခြင်း မရှိခြင်းကြောင့် ဖြစ်တက်ပါသည် ။ အစားသောက်နှင့်ဆေးဝါးများကို သတိပြု့ မှု့ ပေမဲ့ လုတိုင်းသတိမထားမိသည့်က စိတ်ဖိစီးမှု့ ပင်ဖြစ်ပါသည် ဌင်းစိတ်ဖိစီးမှု့ ကြောင့် အစာအိမ်မှ အက်ဆစ်ဓာတ်များကို ပိုမို ထုတ်လုပ် ခြင်းကြောင့် အစာအိမ်ရောင်ခြင်းကို ဖြစ်ပေါ်စေပါသည် ။ အစာအိမ်မှထုတ်လုပ်သောအက်ဆစ်ဓာတ်များလာသောကြောင့် အစာအိမ်နံရံများကို တိုက်စားခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်း ၊ အစာအိမ်နံရံရှိ အမြေးပါးများရောင်ရမ်းလာခြင်း ၊ အစာ အိမ်သွေးကြောပေါက် တက်ခြင်း နှင့် ကြာလာသည့်အခါတွင် အစာအိမ်နာခြင်းအဆင့်များကို ကျော်လွန်ပြီး အစာအိမ် ကင်ဆာအဖြစ်သို့ ရောက်ရှိတက်ပါသည် ။

သင့်အနေဖြင့် နေ့ စဉ်အစားသောက်များကို စားသောက်တော့မည်ဆိုပါက ရေအနည်းငယ်သောက်သုံးပြီး မှသာ မိမိစားသုံးမည့် အစားအစာများကို စားသုံးပါက အစာအိမ် နှင့်အူလမ်းကြောင်း အတွက်ကောင်း မွန်စေ သလို့ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု့ ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ