Ruptured Spleen ဘေလုံးကွဲခြင်း


ဆရာ မင်္ဂလာပါ တခုလောက်သိချင်လို့ပါ ဘေလုံးကွဲတယ်ဆိုတာ ဘယ်လိုမျိုးပါလဲ လူကြီး ကလေး တူပါသလား ဟိုနေ့က ပို့စ်တခုဖတ်ရတာ ကလေးက အမြင့်ကပြုတ်ကျတာ ဗိုက်မနာတော့ မသိဘူးတဲ့ ဆုံးသွားတယ်ရေးထားတာ ဖတ်ရပါတယ် အဲ့ဒါ မသိရဘူး ဓါတ်မှန်ရိုက်မှ ပေါ်တယ်လို့ပြောထားတာတွေ့ရပါတယ် ရှင်းပြပေးပါလားရှင့် ကျေးဇူးတင်ပါတယ်

အချက်အလက် ခိုင်မာတာမပါတဲ့မေးခွန်းမျိုး မဖြေပါ။

ဟင် ဘယ်လိုမခိုင်မာတာလဲဟင် ကျမလည်း ခုမှကြားဖူးလို့ မေးကြည့်တာပါ တခြားမပါရင်တောင် ခန္ဓာကိုယ်ထဲက ကလီစာတခု အဲ့လိုဖြစ်တတ်သလားဆိုတာ အဲ့လိုမှ မမေးရင် ကျမက ဘယ်လိုများမေးစေချင်ပါသလဲ အချက်အလက်ဆိုတာ ဘာလဲ ဆရာဝန်တယောက်ကို ဆရာရေ ဘေလုံးကွဲတယ် ဆိုတာ ဘာကိုပြောတာလဲ ကျမ မသိလို့ ဖြေပေးပါဆိုတာထက် ကျမက ဘယ်အချက်ကိုသွားယူရမှာလဲ ဘာမှမသိလို့မေးတာကို အချက်အလက် မခိုင်လုံဘူးဆိုတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး ဆောရီးပါဆရာ ကျမ ဒေါသထွက်သွားပါတယ် မဖြေချင်ရင်လည်း ရပါတယ်

ဘေလုံးဟာ အပျော့စားအင်္ဂါတခုဖြစ်လို့ ထိခိုက်မှုဒဏ် မခံနိုင်ပါ။ ဘေလုံးမှာ သွေးအပြည့်ရှိတယ်။ ရောဂါပိုးတွေကို ခုခံ တိုက်ဖျက်ပေးတဲ့ သွေးဖြူဥတွေအများကြီးရှိတယ်။ သွေးနီဥတွေလည်း အများကြီး။ အဟောင်းအသစ်လဲပေးနေတယ်။ သူ့ကို အဖုံးလွှာနဲ့ အုပ်ထားတယ်။ အကာအကွယ်ပေးထားတယ်။

ဘေလုံးကွဲခြင်းဟာ အရေးပေါ်ဖြစ်တယ်။ ကွဲရင် အဖုံးလွှာပါစုတ်ပြဲပြီး သွေးတွေ ဗိုက်ထဲထွက်လာမယ်။ ကွဲတာကြီးလေ သွေးထွက်လေ။ အများအားဖြင့် တုံးတဲ့ထိခိုက်ခံရမှုကနေ ဘေလုံးကွဲရတယ်။ လူနာအသက်နဲ့ မဆိုင်လို့ပြောနိုင်တယ်။

ရောဂါတချို့ကနေလည်း ဘေလုံးကွဲနိုင်သေးတယ်။ ဘေလုံးကြီးကြီးလာရကနေ ကွဲတယ်။ Infectious mononucleosis ရောဂါ၊ hemolytic anemia သွေးအားနည်းရောဂါ၊ lymphoma တချို့နဲ့ Malaria ငှက်ဖျားရောဂါတွေဖြစ်တယ်။

ဘေလုံးကွဲရင် ဗိုက်နာမယ်။ နာတာ အပြင်း အပျော့ မတူပါ။ နာတဲ့နေရာလည်းကွဲတယ်။ ဗိုက်ဘယ်ဘက်နာမယ်။ ဘယ်ပခုံးအထိနာမယ်။

သွေးထွက်တာများလို့ မျက်စိဝေဝါးနေမယ်။ စိတ်မကြည်လင်ဖြစ်မယ်။ ခေါင်းထဲပေါ့နေမယ်။ သတိလစ်နိုင်တယ်။ ရှော့ရနိုင်တယ်။

ဘေလုံးကွဲတာကို ရောဂါလက္ခဏာတွေနဲ့ လက်နဲ့စမ်းတာနဲ့ သိနိုင်တာရှိတယ်။ သွေးဖိအားကျနေမယ်။ ဖြူဖတ်ဖြူရော်နေမယ်။ နှလုံးခုန် မြန်နေမယ်။ CT scan ရိုက်မယ်။ Focused abdominal sonographic technique (FAST) ရိုက်နိုင်တယ်။ Diagnostic peritoneal lavage နည်းလုပ်နိုင်တယ်။ MRI ရိုက်နိုင်တယ်။ သွေးစစ်မယ်။

ကုသနည်းက Splenectomy အရေးပေါ်ခွဲစိတ်ရမယ်။ လူတိုင်းတော့ မဟုတ်ပါ။ သွေးလိုမယ်။ ဘေလုံးထုတ်ထားသူ ဆက်ရှိနေနိုင်တယ်။ စာတပုဒ် ရေးထားတယ်။

ပို့စ်တွေမှာရေးတာတွေကို မေးကြတယ်။ အတော်များများက အလွဲအမှားတွေ။ နမူနာသက်သေတွေ အများကြီး ရေးထားပြီးပြီ။ ဖြစ်တဲ့သူ အသက်မသိတာ၊ ကျား-မ မသိတာ၊ ဘာခံစားနေရ မသိတာ၊ ဆေးစစ်ချက်စာ မသိတာ စသဖြင့် မပြည့်စုံတာကို ဖြေတဲ့သူဟာ ဆရာဝန် မဟုတ်ပါ။ ဘေလုံးနဲ့ သရက်ရွက်အခေါ် မတူတဲ့စာတပုဒ်လည်း ရေးထားတယ်။

Splenectomy ဘေလုံး ထုတ်ထားရသူ https://doctortintswe.blogspot.com/2016/12/splenectomy.html
Spleen and Pancreas ဘေလုံး နဲ့ သရက်ရွက် https://doctortintswe.blogspot.com/2017/01/spleen-and-pancreas.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ