Depression In Pregnancy ကိုယ်ဝန်ဆောင်စဉ် စိတ်ဓါတ်ကျခြင်း


၁။ ကျမအသက် ၃၃နှစ်ထဲမှာပါ ဒေါက်တာ ၃၂နှစ်ထဲမှာ အိမ်ထောင်ကျပြီး အိမ်ထောင်သက်၂လကျော်မှာ ကိုယ်ဝန်ရပါတယ် ကိုယ်ဝန်၎လကျော်ကစပြီး ၀မ်းနည်းလွယ်လာတယ်၊ နေရတာမပျော်ဘူး၊ ဘ၀ကနေရတာ ဘာအဓိပ္ပါယ်မှ မရှိသလိုခံစားရပါတယ် အခု ကလေးမွေးပြီးတာ ၃လကျော်လာပါပြီ စိတ်ခံစားချက်က ပိုဆိုးလာပါတယ် အသက်ရှင်နေရတာကိုက ပင်ပန်းနေသလိုခံစားလာရပါတယ် ကျမ စိတ်ကျရောဂါဖြစ်နေတာလာရှင် ဘယ်လိုဆေးသောက်ရမလဲ လမ်းညွန်ပေးပါလား ဒေါက်တာ မမေးတက်လို့ အမှားပါ ခွင့်လွှတ်ပါနော်

၂။ ဆရာရှင့် သမီး အသက်၂၈ပါ။ သားဦးကိုယ်ဝန်ဆောင်ထားတာ ၁၉ပတ်နဲ့ ၂ရက်ပါရှင်။ ကိုယ်ဝန်စဆောင်ကတည်းကစပြီး ကိစ္စသေးသေးလေးတွေကအစတစုံတခုဖြစ်တိုင်း မျက်ရည်ကျငိုနေမိပြီး စိတ်ကျသလိုဖြစ်တာ တနေ့တခြား ပိုပိုဆိုးလာပါတယ်ရှင်။ ကိုယ်နဲ့တရင်းတနှီးဆက်ဆံတဲ့သူတွေက ကိုယ့်ကို မဆက်ဆံချင်ဘူးဆိုတဲ့ အတွေးမျိုးတွေ ၀င်ဝင်လာပြီး ငါဟာဘာအမှားတွေလုပ်နေမိလဲဆိုပီး တွေးတွေးမျက်ရည်ကျ ပတ်ဝန်းကျင်နဲ့ပတ်သက်ရမှာ ကြောက်လာပါတယ်။ ဒီထက်ပိုဆိုးတာ ကိုယ့်ကိုယ်ကို ငါသေသွားရင်ကောင်းမှာပဲ အတွေးတွေပဲ ၀င်နေမိပါတယ်။ အမျိုးသားကလည်း တတ်နိုင်သလောက်နှစ်သိမ့်ပေမယ့် သူ့ကျောင်းအလုပ်နဲ့မအားတော့ အမြဲတမ်းကိုယ်က ငိုယိုပြီး သူ့ထိုင်ရစ်မိသလိုဖြစ်နေတော့ သူ့ကိုဖိအားပေးသလိုဖြစ်ပြီး သမီးကို စိတ်ကုန်သွားမှာ ကြောက်မိပါတယ်ဆရာ။ သမီး ကိုယ့်ကိုကိုယ် စိတ်ရောဂါရပြီးတော့ ရူးများရူးနေသလားတောင် တွေးနေမိပါတယ်။ သမီး အာ့လိုတွေခံစားနေရတာ သမီးကလေးကိုကော ကူးတတ်ပါလားဆရာ။ သမီးတယောက်တည်းတွေးတွေးပြီး စိတ်ဆိုး ဒေါသထွက်တာထက် ၀မ်းနည်းပြီး မျက်ရည်ကျနေမိပါတယ်။ သမီး ဘာတွေဆက်လုပ်သင့်ပါသလဲ ဆရာ။ ကူညီအကြံပေးပါဦးရှင့်။

ဆောရီး။ ကိုယ်တယောက်တည်းသာ အဲလိုခံစားရတာလို့ မထင်ပါနဲ့။ အမေရိမှာ ကိုယ်ဝန်ဆောင် ၁၄% ကနေ ၂၃% အထိ အဲလိုပဲ ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ဓါတ်ကျတာ ခံစားကြရပါတယ်။ စိတ်ဓါတ်ကျတယ်ဆိုတာ စိတ်မူပြောင်းလဲခြင်း စိတ်ရောဂါတမျိုးဖြစ်တယ်။ စိတ်မူပြောင်းလဲခြင်း စိတ်ရောဂါဆိုတာ ဇီဝဖြစ်စဉ်အရဖြစ်တာ။ ဦးနှောက်ဓါတုဗေဒအပြောင်းအလဲဖြစ်လို့ပါ။ တခြား စိတ်ရောဂါတွေလို မဟုတ်ပါ။ အမျိုးသမီး ၄ ယောက်မှာ ၁ ယောက် ဘဝတလျှောက်မှာ တကြိမ် အဲလိုခံစားကြရတယ်။ အားပေးစကာရယ်လို့သာ မထင်ပါနဲ့ ဆေးပညာအရ အဲလိုဖြစ်လို့ မိခင်လောင်းအတွက်ရော အထဲကကလေးပါ စိုးရိမ်စရာမရှိကြပါ။

• Persistent sadness အစဉ်လိုလို ဝမ်းနည်းနေမယ်။
• Difficulty concentrating တခုခုကိုအာရုံစိုက်ရတာ ခက်ခဲမယ်။
• Sleeping too little or too much အိပ်ရေးပျက်မယ်။ ဒါမှမဟုတ် အိမ်နေချင်မယ်။
• Loss of interest in activities that you usually enjoy အရင်ကဝမ်မြောက်စရာ ပျော်စရာမျိုးမှာ ဝမ်းမြောက်ဝမ်းသာ မဖြစ်။
• Recurring thoughts of death, suicide, or hopelessness သတ်သေချင်စိတ်၊ မျှော်လင့်ချက်ကင်းမဲ့နေတဲ့စိတ် ဝင်မယ်။
• Anxiety စိုးရိမ်စိတ်ကဲလွန်နေမယ်။
• Feelings of guilt or worthlessness အပြစ်လုပ်မသလို ထင်မှတ်နေမယ်။
• Change in eating habits အစားအသောက်အကျင့်ပြောင်းမယ်။

ဒီလိုအချက်တခုတလေကနေ စေ့ဆော်တတ်တယ်။
• Relationship problems ဆက်ဆံရေးအဆင်မပြေမှု၊
• Family or personal history of depression မိသားစုထဲမှာ စိတ်ကျရောဂါရှသူရှိခြင်း၊
• Infertility treatments ကလေးမရသေးလို့ ကုသနေရခြင်း၊
• Previous pregnancy loss အရင်ကိုယ်ဝန် ဆုံးရှုံးဘူးခြင်း၊
• Stressful life events စိတ်ဖိအားများစရာလူမှုဘဝ၊
• Complications in pregnancy မူမမှန်မဟုတ်တဲ့ကိုယ်ဝန်၊
• History of abuse or trauma မတရားမှုခံထားရတဲ့ရာဇဝင်၊

ကုသမှုတော့ ရယူသင့်တယ်။ မဟုတ်ရင် မိခင်ရော ကလေးအတွက်ပါ သတိထားစရာတွေရှိလာနိုင်တယ်။ ဆောရီး။ အစားအသောက်ပျက်ရာကနေ အာဟာရချို့တဲ့မယ်။ သတ်သေဘို့ကြိုးစားရာကနေ ထိခိုက်ဒဏ်ရာရနိုင်တယ်။ ကလေး စောမွေးနိုင်တယ်။ ဖွံ့ဖြိုးမှုနှေးစေနိုင်တယ်။ ကိုယ့်ကိုယ်ကိုရော ကိုယ်ဝန်ကိုပါ ဂရုမထားဖြစ်တတ်တယ်။ မွေးလာတဲ့ကလေး တက်ကြွမှုနည်းတတ်တယ်။ စိတ်ကျရောဂါတော့ မဖြစ်စေပါ။

ကုသနည်းများ
• Support groups အထောက်အကူအဖွဲ့တွေ (မှန်ကန်တာဖြစ်ရပါမယ်။ ဂရုတွေကနေ မေးကြတာတွေအရ အရပ်နည်းတွေ၊ မမှန်ကန်တာတွေကို အကြံပေးနေကြတာတွေ့မိတယ်။)
• Private psychotherapy တဦးချင်းစိတ်ကုသမှုခံယူခြင်း၊
• Medication ဆေး၊
• Light therapy အလင်းရောင်ကုထုံး။

စိတ်ကျရောဂါအတွက်သုံးတဲ့ဆေးတွေ သုံးသင့်သလား ဆရာဝန်တွေက ဆွေးနွေး ငြင်းခုန်နေကြပါတယ်။ သက်သာစေတာလည်းတွေ့တယ်။ တချို့မှာ ဘေးထွက်သက်ရောက်မှုဖြစ်စေတယ်။ နည်းနည်းသာဖြစ်သလား ဆိုးသလားအပေါ်မူတည်ပြီး ကုသနည်းရွေးရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း၊ တရားထိုင်နည်း၊ အနားယူနည်း၊ အပ်စိုက်နည်း၊ ဟာဗယ်ဆေး၊ အိုမီဂါ-သရီးဆေး၊ စတာတွေကိုကြိုးစားနိုင်ပါတယ်။

မွေးပြီးမှ စိတ်ကျရောဂါဖြစ်တာကတမျိုးရှိသေးတယ်။ မွေးပြီး ပြန်ကောင်းလာမယ်။ စိတ်ကိုအပြုသဘောထား ကံတရားကိုလည်း အားကိုးပါလေ။ လပိုင်းလေးသာ ကြာပါမယ်။

Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ http://doctortintswe.blogspot.com/2016/02/postpartum-depression.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ