ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ကျဝေဒနာအတွက် ဆေးသောက်ခြင်းဟာ ကလေးရဲ့စိတ်ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိ


Antidepressants (စိတ်ကျ ဝေဒနာအတွက် သောက်ဆေး) အသုံးပြုမှုဟာ အချိန်ကြာလာတာ နဲ့အမျှ မြင့်တက်လာပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ (၂) ရာခိုင် နှုန်းမှ (၈) ရာခိုင်နှုန်းအထိ Antidepressants တွေ သုံးစွဲနေကြပြီး အန္တရာယ်တွေလည်း ပိုမိုများပြားလာတယ်လို့ သုတေသီ တွေက ဆိုပါတယ်။ (၁၉၉၈) ခုနှစ်မှ (၂၀၁၂) ခုနှစ်ကြား မွေးဖွားခဲ့တဲ့ ကလေး (၉၁၅ယ ၃၈၃) ယောက်ကို ကိုယ်ဝန်ဆောင်စဉ် ကာလမှာ Antidepressants သုံးစွဲခြင်းရဲ့ သက်ရောက်မှုကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လေ့လာခဲ့ကြပါ တယ်။

အဆိုပါ ကလေး တွေထဲကမှ (၃၂၄၀၀) ယောက်ဟာ စိတ်ဝေဒနာ တွေ ပေါ်ပေါက်လာပြီး တချို့က တော့ ကိုယ်ဝန်ဆောင်ကာလမှာ Antidepressants သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာကြတာ ဖြစ်ပါတယ်။ အဆိုပါကလေးတွေကို အုပ်စုလေးခုခွဲကာ လေ့လာခဲ့ကြပါ တယ်။ အုပ်စု (၁) မှာ ပါဝင်တဲ့ ကလေးတွေဟာ Antidepressants နဲ့ လုံးဝထိတွေ့ခဲ့ခြင်း မရှိပဲ အုပ်စု(၂)မှာ ပါဝင်တဲ့ ကလေးတွေရဲ့ မိခင်တွေ ဟာ ကိုယ်ဝန်ရှိသည့် အချိန်ထိ Antidepressants သောက်သုံးခဲ့ပြီး ကိုယ်ဝန်ဆောင်ကာလမှာ ဆေးဆက် မသောက်တော့တဲ့သူတွေ ဖြစ်ပါ တယ်။ အုပ်စု(၃)မှာ ပါဝင်တဲ့ ကလေးတွေရဲ့ မိခင်တွေကတော့ ကိုယ်ဝန်မရှိခင်ရော ကိုယ်ဝန် ဆောင်စဉ်ကာလမှာပါ Antidepressants သုံးစွဲသူတွေဖြစ်ပြီး အုပ် စု(၄)မှာ ပါဝင်တဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်ကာလရောက်မှ သာ Antidepressants စတင် သုံးစွဲ သူတွေ ဖြစ်ပါတယ်။ တွေ့ရှိချက် တွေအရ ကိုယ်ဝန်ဆောင်စဉ်ကာလ မှာ Antidepressants သုံးစွဲခြင်းဟာ ကလေးငယ်တွေမှာ စိတ်ဝေဒနာ ခံစားရနိုင်ခြေ အများဆုံးဆိုတာပါဘဲ။ အုပ်စု(၁) မှာ ပါဝင်တဲ့သူတွေဟာ (၈) ရာခိုင်နှုန်းဖြစ်နိုင်ခြေ များပြီး အုပ်စု(၄) မှာ ပါဝင်တဲ့ ကလေးငယ် တွေကတော့ (၁၄.၅) ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။

အုပ် စု(၂) နဲ့ (၃)ကတော့ (၁၁.၅) နဲ့ (၁၃.၆) ရာခိုင်နှုန်း အသီးသီး မြင့်မားကြပါတယ်။ အဆိုပါ တွေ့ရှိမှု ကနေပြီးတော့ ကိုယ်ဝန်မဆောင်ခင် ရော ကိုယ်ဝန်ဆောင်ပြီးမှာပါ Antidepressants တွေ သောက်သုံးဖို့ သင့်မသင့် အကြံဥာဏ်ပေးနိုင်ပါ လိမ့်မယ်။ အချို့လူနာတွေမှာ ကိုယ် ၀န်ဆောင်ကာလမှာ ဆေးသောက် ခြင်းကို ရပ်ထားလို့ရနိုင်ပေမယ့် အချို့လူနာတွေမှာတော့ ကုသမှု ဆက်လက် မခံယူဘူးဆိုရင် မိခင် ရော ကလေးမှာပါ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ် ပေါက်လာနိုင်ပါတယ်။

ဝသန်
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ