အရွယ်မတိုင်မီနှင့်အိုမင်းရင့်ရော်ခြင်းကို ပရိုတင်းပြောင်းလဲမှုနဲ့ တိုင်းတာနိုင်


ရှားပါးတဲ့ရောဂါတွေမှာ ဘာ တွေလဲ မှားနေတာလဲဆိုတာကို သုတေသနလုပ်ရင်းကနေ ပုံမှန်ဘ၀ ကို ပြန်လည်ရရှိအောင် ကုသရာမှာ အကူအညီပေးနိုင်ပါတယ်။ သုတေ သီတွေက ဒီတစ်ကြိမ်မှာတော့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတဲ့ ရောဂါံHutchinson-Gilford Progeria နဲ့ ပတ်သက်ပြီးသုတေသန လုပ်ခဲ့ရာ Progeria ဝေဒနာရှင်တွေ သာမက ပုံမှန်လူတွေမှာပါ အသက် ရှည်ရှည်နေနိုင်စေမဲ့ ပရိုတင်းဖြစ်စဉ် တစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

ဆဲလ် တစ်ခုအတွက် ပရိုတင်းထုတ်လုပ်မှု ဖြစ်စဉ်ဆိုတာ တကယ့်ကို စွမ်းအင်ကုန်ခမ်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဆဲလ်တစ်ခုအနေနဲ့ ပရိုတင်း ထုတ်လုပ်ရာမှာ သူ့စွမ်းအင်တွေကို သုံစွဲလိုက်မယ်ဆိုရင် အခြားအရေး ကြီးတဲ့လုပ်ငန်းတွေမှာ လစ်လပ်သွား နိုင်ပါတယ်။ ယခုသုတေသနအရ ပရိုတင်း ပြောင်းလဲမှုတစ်ခုက ပုံမှန်အိုမင်းရင့်ရော်မှုရော၊ ပုံမမှန် အိုမင်းရင့်ရော်မှုကိုပါ ထိန်းချုပ်ထား တာ တွေ့ခဲ့ရပါတယ်။ံHutchinson-Gilfard Progeria ဆိုတာ အလွန် ရှားပါးတဲ့ မျိုးရိုးလိုက်ရောဂါတစ်ခု ဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့သူတွေ မှာ အိုမင်းရင့်ရော်မှု ၈ ဆကနေ ၁၀ ဆထိပိုပြီး အရွယ်မတိုင်မှီ သေဆုံးမှု ကို ဖြစ်စေနိုင်ပါတယ်။ ရှားပါးတဲ့ ဗီဇချို့ယွင်းမှုက ဆဲလ်နယူကလိယရဲ့ ပရိုတင်းတည် ဆောက်ပုံထဲက Lamin A မှာ ဖြစ်ပွားတာဖြစ်ပါ တယ်။

ဒါပေမဲ့ ဒီ နယူကလိယထဲက ပရိုတင်းချို့ယွင်းမှုဖြစ်စဉ်တစ်ခုထဲကပဲ ရောဂါသည်တွေမှာ အိုမင်းရင့် ရော်မှုကို ဖြစ်စေတာလားဆိုတာ တော့ မသေချာသေးပါဘူး။ သုတေသီခေါင်းဆောင် Abigal Buchwalter က ယင်းဗီဇချို့ယွင်း မှုက Lamin A ပရိုတင်းကို တည်မြဲ မှုမရှိပဲ သက်တမ်းတိုစေတာလားဆို တာကို သုတေသနလုပ်ခဲ့ပါတယ်။ သုတေသနမှာ Progeria ဝေဒနာရှင် နဲ့ သာမာန်ကျန်းမာရေးကောင်းသူ တွေရဲ့ အရေပြားအသားစကို ဆဲလ် မွေးပြီး ပရိုတင်းပြောင်းလဲမှုကို တိုင်း တာခဲ့ရာ Lamin A ကတစ်ခုတည်း သောထိခိုက်တဲ့ပရိုတင်းတွေအားလုံးကို စီစစ်ခဲ့ရာ၊ ဗီဇပြောင်းလဲနေတဲ့ Lamin A မှာသာ ပြောင်းလဲမှုဖြစ် စဉ်တွေကို တွေ့ရမယ့်အစား၊ Progeria ဝေဒနာရှင်တွေရဲ့ ဆဲလ် တွေထဲမှာ ပရိုတင်းအများစုက ပြောင်းလဲနေတာ တွေ့ခဲ့ရပါတယ်။ ယင်းပရိုတင်း ပြောင်းလဲမှုတွေနဲ့ အတူ ပရိုတင်းတပ်ဆင်ရာမှာ လုပ် ဆောင်ပေးတဲ့ နယူကလီအိုးလပ်စ် တွေပါ အရွယ်မတိုင်မှီ အိုမင်းရင့်ရော် နေတဲ့ဆဲလ်တွေမှာ ပုံမှန်ဆဲလ်တွေ ထက် ပိုပြီး ကြီးမားနေတာကို တွေ့ခဲ့ ရပါတယ်။

သာမာန်ကျန်းမာတဲ့ဆဲလ် တွေမှာ နယူကလီအိုးလပ်စ်ရဲ့ အရွယ်အစားက အသက်အရွယ်နဲ့ အမျှ ကြီးလာတဲ့အတွက် နယူကလီ အိုးလပ်စ်ရဲ့ အရွယ်အစားက အိုမင်း ရင့်ရော်မှုကို တိုင်းတာတဲ့ ဇီဝအမှတ် အသားသာမက အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုနဲ့ ပုံမှန်အိုမင်း ရင့်ရော်မှုတို့ကို ကုသရာမှာ ပစ်မှတ် တစ်ခုအဖြစ်ပါ သုံးနိုင်တာကို တွေ့ခဲ့ ရပါတယ်။ အလားတူ သုတေသီတစ် ခုမှာတော့ ပရိုတင်းထုတ်လုပ်မှုကို လျော့ချခြင်းအားဖြင့် <ကက်တွေမှာ သက်တမ်းပိုရှည်တာကို တွေ့ခဲ့ကြ ပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ အိုမင်းရင့်ရော်မှုဆိုတာ လားရာတစ် ခုတည်းရှိတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပေမဲ့ တကယ့်လက် တွေ့မှာတော့ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။ ယခုတွေ့ရှိမှုက လူသားတွေရဲ့ အိုမင်းရင့်ရော်မှုနဲ့ ပတ်သက်ပြီး ပိုမိုနားလည်လာဖို့ ကူညီနိုင်မှာဖြစ်သလို၊ လေ့လာမှု နည်းသစိကိုလည်း အထောက်အကူ ဖြစ်စေမှာပါလို့ တင်ပြခဲ့ပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ