မျက်ဝန်းတ၀ိုက် အရေးအကြောင်းကင်းအောင် ပြုလုပ်ပေးနိုင်သော ပျားရည်


- ပျားရည်ကို ဗီတာမင် E gel နှင့် သမအောင်ရောပြီး သန့်ရှင်းခြောက်သွေ့သော မျက်နှာအရေပြား၊ မျက် ၀န်းတ၀ိုက်ကိုလိမ်းပြီး (၁၀) မိနစ် ခန့်ထား၍ ကြက်သီး နွေးရေနွေးဖြင့် ဆေးပါ။

- ပျားရည်ကို ယင်းနှင့်ဆတူရှိသော ကြက်ဥ အကာနှင့်ရောပြီး သံပုယိုရည်ရောထည့်ပြီး မျက်လုံး အောက် ဧရိယာကိုလိမ်းပါ။

- ခြောက်အောင်ထားပါ။ ဤသို့ အားဖြင့် မျက်ဝန်းတ၀ိုက် အရေပြားတ၀ိုက်တွင် ရှိသော အရေးအကြောင်းများကို လျော့ပါးစေသည့်အပြင် မျက်လုံးတ၀ိုက် အသားအရေကို တင်းရင်းစေသည်။

- ပျားရည် စားပွဲဇွန်း(၁) ဇွန်းစာကို နုပ်နုပ်စဉ်းထားသော ဂျင်းနှင့်ရောပြီး နံနက်တိုင်းသောက်ပေးပါ။

- ပျားရည်စားပွဲဇွန်း (၂) ဇွန်း၊ Vodka နှင့် စမုန်နက်စေ့ကို ခွက်(၁) ခွက်ထဲတွင်ရောထည့်ပြီး (၃) ရက်ခန့် ထားပါ။ ထို့နောက် စစ်ယူပြီး Facial toner အဖြစ် အသုံးပြုနိုင်သည်။

- ပျားရည်နှင့် သံလွင်ဆီကိုရောပြီး ရလာသော ခရင်အနှစ်ကို အသားအရေပေါ်တွင် လိမ်းပြီး (၁၅-၂၀) မိနစ်ခန့်ထားပြီးမှ ရေရိုးရိုးနှင့်ဆေးရမှာ ဖြစ်ပါသည်။ ရောရာ၌ ပျားရည်နှင့် သံလွင်ဆီကို ဆတူရောပြီး သမအောင် ကောင်းစွာရောရမှာ ဖြစ်ပါသည်။

- အရေးအကြောင်း၊ ပါးရေတွန့်ခြင်း၊ မျက်လုံးဘေး ကျေးခြေရာကဲ့သို့ အရေတွန့်ခြင်းများ လျော့ပါးစေရန် ပျားရည်စားပွဲဇွန်း (၁) ဇွန်းကို နို့မှုန့် စားပွဲဇွန်း(၂) ဇွန်းစာ ရေအနည်း ငယ်နှင့် ခွက်တစ်ခုထဲတွင် ရောပြီး ရရှိသော အနှစ်ကို အရေပြားပေါ်တွင် လိမ်းပြီး (၁၀) မိနစ်ထား၍ ရေဆေး ရန် ဖြစ်သည်။

- ဆန်မှုန့် စားပွဲဇွန်း (၁) ဇွန်း၊ ပျားရည်စားပွဲဇွန်း (၁) ဇွန်းကိုရောပြီး မျက်နှာပေါ်တွင် လိမ်း၍(သို့) မျက်ဝန်း တ၀ိုက်ကို လိမ်း၍ မိနစ် (၃၀) ခန့်ထားပါ။ အချိန်တို အတွင်း မျက်လုံးဝန်းကျင်မှာ အရေးအကြောင်းများ ပျောက်ကွယ်သွားပါလိမ့်မည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ