နေ့စဉ် လူနေမှုဘ၀နှင့် အများမသိသေးသော ကယ်ဆီယမ်ပါဝင်သည့် အစားအစာများ


ကျွန်တော်တို့ ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ သွေးကြောတွေ ကျုံ့နိုင်ဆန့်နိုင်ဖို့ ဟော်မုန်းနဲ့ အင်ဇိုင်းတွေ ထုတ်ဖို့၊ အာရုံကြော စနစ်ကို သတင်းအချက်အလက်တွေ ဖို့ဖို့ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ ကယ်လ်ဆီယမ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာ အရိုးတွေ ကြီးထွားဖို့အတွက် လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် လည်း အရိုးဖွဲ့စည်းတည်ဆောက်ဖို့ အတွက် အရေးပါသလို ကြွက်သား တွေအတွက်လည်း အဓိကအခန်း ကဏ္ဍက ပါဝင်ပါတယ်။ NHS အသက် ၁၉ မှ ၆၄ ကြား အရွယ် ရောက်ပြီးသူ တစ်ဦးအနေနဲ့တစ်ရက် ကို ကယ်ဆီယမ် 700mg စားသင့် တယ်လို့ ညွှန်းဆိုထားပါတယ်။ အဓိကအရင်းအမြစ်တွေအနေနဲ့ နို့၊ ချိစ်၊ နို့ထွက်ပစ္စည်းအမျိုးမျိုးတွေကို ညွှန်းဆိုထားပါတယ်။ လူတစ်ဦးစီရဲ့ ကယ်လ်ဆီယမ် လိုအပ်ချက်က အသက်အရွယ်ပေါ်မူတည်ပါတယ်။ ဖွံ့ဖြိုးဆဲကလေးတွေနဲ့ ဆက်ကျော် သက်တွေက အရွယ်ရောက်ပြီးသူတွေ ထက် ကယ်ဆီယမ်ပိုလိုပါတယ်။

အရွယ်လွန်အမျိုးသမီးတွေကလည်း အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ကယ်ဆီယမ်များစွာ လိုအပ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေအပြင် အခြား ကယ်ဆီယမ် ကြွယ်ဝစွာပါဝင်တဲ့ အရင်းအမြစ်တွေကတော့-

(၁) စားတော်ပဲ
စားတော်ပဲက ပရိုတင်း၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝ ရုံသာမက၊ ကယ်လ်ဆီယမ်ယမ် ကြွယ်ဝစွာပါဝင်တဲ့ အရင်းအမြစ်တစ် ခုလည်းဖြစ်ပါတယ်။ စားတော်ပဲ 179 g ပါတဲ့ တစ်ခွက်လျှင် ပျမ်းမျှ ကယ်လ်ဆီယမ် 175 mg ပါဝင်ပါ တယ်။

(၂) လိမ္မော်သီး
လူအများစုက မသိကြပေမဲ့ လိမ္မော်သီးမှာ ကယ်ဆီယမ်ကြွယ်ဝ စွာပါဝင်ပါတယ်။ လိမ္မော်သီးတစ်လုံး စားရုံနဲ့ ကယ်ဆီယမ် 70 mg လောက် ရနိုင်ပြီး တစ်နေ့တာရဲ့ ၆% လောက်ရနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီလည်း အလုံအလောက် ရရှိနိုင်မှာဖြစ်ပါတယ်။

(၃) ဗာဒံစေ့
ဗာဒံစေ့ကလည်း ကယ်ဆီယမ် ကြွယ်ဝစွာပါတဲ့ အစာပြေစားစရာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဗာဒံစေ့ ကနေ ခုခံအားစနစ်နဲ့ စွမ်းအင်ထုတ် လုပ်မှုကို အထူးကူညီနိုင်တဲ့ alkaline ဖြစ်ပေါ်စေတဲ့ ရှားပါး ပရိုတင်းတွေကိုလည်း ရနိုင်ပါတယ်။ ကယ်ဆီယမ်လို့ပြောတာနဲ့ လူအများ စုက အခွံမာသီးတွေကို မစဉ်းစားမိ ကြပါဘူး။ ဒါပေမဲ့ အခွံမာသီးတွေက ကယ်ဆီယမ်ကြွယ်ဝတဲ့ အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။

(၄) အစိမ်းရောင်ဟင်းရွက်များ
ဥပမာ ကိုက်လန်လိုအရွက် တွေက ကယ်လိုရီအလွန်နည်းပြီး အဆီ လုံးဝမပါဝင်ပဲ၊ အမျှင်ဓာတ်နဲ့ ကယ်ဆီယမ်များစွာပါဝင်ပါတယ်။

(၅) ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီကတော့ စားသင့်တဲ့ အထဲမှာ နံပါတ်တစ်ရွေးစရာတစ်မျိုး ပါပဲ။ ပန်းဂေါ်ဖီမှာ ဗီတာမင် A ကနေ K အထိပါဝင်တဲ့အပြင် သတ္ထု ဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်နဲ့ ဇင့်တို့ပါဝင်ပါတယ်။ ထိုအရာများထက် ပိုပြီး ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်တဲ့ ကယ်ဆီ ယမ်တွေ မြင့်မားစွာပါဝင်တာပဲဖြစ်ပါ တယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ