အရွယ်အလိုက် အသားအရေ ထိန်းသိမ်းမှု


- အသက် (၄၀) အရွယ်
နေရောင်ကြောင့်၊ ပတ်ဝန်း ကျင်မှ အညစ်အကြေးအမျိုးမျိုး ကြောင့်၊ စိတ်ဖိစီးမှုများကြောင့် အရေးအကြောင်း၊ ပါးရေတွန့်ခြင်း များ ထင်သာမြင်သာ ရှိလာချိန်၊ အရေပြားဆန့်ကျုံ့မှုဓာတ်များ ခမ်း ခြောက်ခြင်းများ ဖြစ်လာပြီး အရောင် ဖျော့တော့၍ အသားအရေ ခြောက် ခြင်းများကို တွေ့ရှိရမည်။ ထိုမျှမက အသားပတ်ခြင်း၊ အက်ခြင်းတို့လည်း အရေပြားပေါ်၌ တွေ့ရှိရမည်ဖြစ် သည်။ သို့ဖြစ်၍ နေရောင်မျက်နှာ ပေါ်သို့ ကျရောက်ခြင်းကို ရှောင်ပါ။ အရွယ်ကြောင့်ဖြစ်လာသော လက္ခ ဏာများကို ဖျောက်ဖျက်ရန် မခက်ခဲ သော အချိန်မျိုးတွင် ကြိုတင်၍ ကာကွယ်မှုများ ပြုလုပ်နိုင်သော Products များကို သေချာစွာ လေ့ လာမေးမြန်း၍ ၀ယ်ယူအသုံးပြုနိုင် သည်။

- အသက် (၅၀) အရွယ်
ဤအရွယ်မျိုးတွင် အရွယ် ကြောင့်ဖြစ်သော အစက်အပြောက် များ၊ ပါးရေတွန့်ခြင်း၊ အသားအရေ သိသိသာသာ လျော့တွဲချိုင့်တွန့်လာ ခြင်းကဲ့သို့ အရွယ်၏လက္ခဏာများ ပေါ်လွင်စေသည့် အချိန်မျိုးဖြစ် သည်။ အတိတ်က မျက်နှာအလှမျိုး ရရှိနိုင်ဖို့ မလွယ်ကူသော်လည်း လျော့ပါးအောင် ပြုလုပ်နိုင်ပြီး အသားအရေ၀င်းလက်အောင် ပြု လုပ် နိုင်သည်။ ယင်းအတွက် Anti-aging ဟုဖော်ပြထားသည့် age miracle product များကို အသုံး ပြုရနိုင်သည်။ အထူးသဖြင့် မျက်နှာ သာမက ခန္ဓာကိုယ်၊ လည်တိုင်၊ ခြေ၊ လက် တို့အား အစိုဓာတ်ဖြည့် moisturizer ကို ပုံမှန်အသားထဲ စိမ့်ဝင်အောင် လိမ်းပေးပါ။

- အသက် (၃၀) အရွယ်
Collagen နှင့် elastic (ဆန့် ကျုံ့မှု) စတင်နည်းပါးလာချိန် ဖြစ်သည်။ ရေဓာတ်ထိန်းသိမ်းမှု လည်း နည်းလာသည်။ အသားအရေ အတွက် အသစ်များ ပြန့်ထွက်ပေါ် လာမှုလည်း နှေးလာချိန်ဖြစ်သည်။ အရေပြားအပေါ်ယံ၌ ကြမ်းတမ်းမ များ စတင်လာပြီး အရေးအကြောင်း အသေးစားများ ထွက်ပေါ်လာတတ် သည်။ အသားအရေနှင့် ပတ်သက်ပြီး ထိခိုက်လွယ်သော အချိန်မျိုးဖြစ်၍ Rosacea (၀က်ခြံနီ) ကဲ့သို့သော အရာများထွက်စေသဖြင့် အရွယ်သို့ လိုက်၍ Products များကို အသုံးပြု သင့်သည်။

TKD
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ