အမျိုးသားများအတွက် ရွေးခြယ်သင့်တဲ့ အာဟာရများ


သင့်ရဲ့နေ့စဉ်ဘ၀မှာ သင့်ရဲ့ လိင်စိတ်ဝင်စားမှုကို ကူညီနိုင်မဲ့ အခြင်းအရာတွေ အများကြီးရှိပါ တယ်။ ယောကျာ်းတစ်ယောက်ရဲ့ ဘ၀မှာ ဘာစားလဲဆိုတာက သူ့ရဲ့ လိင်မှုဘ၀အပေါ် အများကြီးသက် ရောက်မှုရှိစေပါတယ်လို့ အာဟာရ ပညာရှင်တွေက အကြံပြုထားပါ တယ်။ အမျိုးသားတွေရဲ့ လိင်စိတ်ဝင် စားမှုအပေါ် အထောက်အကူပြုနိုင် တဲ့ အာဟာရတွေကတော့-

(၁) ချောကလက်အမဲ- ချောကလက် အမဲက ဦးနှောက်ထဲမှ Serotonin နဲ့ dopamine ပမာဏတွေကို မြင့် တက်စေပြီး စိတ်ခံစားမှုကို ပျော်ရွှင် စေပါတယ်။ ချောကလက်မှာ Phenyl ethyl amine ဒြပ်ပေါင်းကို ထွက်စေပြီး ယင်းဒြပ်ပေါင်းက လိင်ဆက်ဆံတဲ့အခါမှာ အရေးကြီး တဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ စိတ်မ ပျော်ရွှင်တာ စိတ်ဖိစီးတာတွေက လိင်စိတ်ဝင်စားမှုကို လျော့ကျစေ တဲ့အတွက် ချောကလက်အနက် အချို့က ယင်းပြဿနာတွေကို လျော့ကျစေမှာပါတယ်။

(၂) အခွံမာသီး- အခွံမာသီးတွေက တော့ ပန်းညိုးနေတဲ့အမျိုးသားတွေ အတွက် စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဗန်ဒါသီး၊ မြေပဲ စတာ တွေက အမျိုးသားကျန်းမာရေး အတွက် အရေးကြီးတဲ့ဟော်မုန်းတွေ ကို ပိုထွက်စေတယ်လို့ သိရပါတယ်။

(၃) ကြက်သွန်ဖြူ- ကြက်သွန်ဖြူမှာ allicin ပမာဏများစွာပါဝင်တဲ့ အတွက် သွေးလှည့်ပတ်မှုကောင်းစေ ပြီး လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ အမျိုးသားတွေအတွက် အကူအညီ ဖြစ်စေပါတယ်။

(၄) ဂေါ်ဖီနဲ့ တရုတ်နံနံကြီး- ဒီစားပွဲ ပေါ်က အစိမ်းရောင်တွေက သင့်ကို အိပ်ယာပေါ်မှာ ရဲရဲတောက်စေနိုင်ဖို့ ကူညီပေးနိုင်မှာပါ။ ယင်းအရွက်တွေ က ခန္ဓာကိုယ်မှ မဟော်မုန်းတွေကို ဖယ်ထုတ်ပေးပြီး ကျားဟော်မုန်းကို ပိုများစေပါတယ်။ ဥပမာ တရုတ်နံနံ ကြီးမှာ ကျားဟော်မုန်း androsterone ပါဝင်ပြီး၊ ယင်းအနံ့ မဟော်မုန်း က စိတ်လှုပ်ရှားလာစေဖို့ လုပ်ဆောင် ပေးပါတယ်။

(၅) ငါး- ငါးမှာ လိင်စိတ်တက်ကြွမှု အတွက် အဓိကဖြစ်တဲ့ ဗီတာမင်ဘီ တွေ ပါဝင်ပါတယ်။ ဘီတာမင် B3 က လိင်ပိုင်းဆိုင်ရာ စွမ်းအင်ကို မြင့်တင်ပေးပြီး၊ လိင်အင်္ဂါတွေဆီ သွေးလှည့်ပတ်မှု ပိုကောင်းစေပါ တယ်။ ဗီတာမင် B6 ကတော့ အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ထိန်းချုပ်ပေးတဲ့ Proloctin ကို မှန်ကန်စေပါတယ်။

(၆) အုတ်ဂျုံ- အုတ်ဂျုံကတော့ သွေး ထဲမှာ ကျားဟော်မုန်း Testosterone တွေ ပိုများလာစေပါတယ်။ San Francisco Instilute မှ သုတေသီ တွေရဲ့ တွေ့ရှိချက်အရ အုတ်ဂျုံက အမျိုးသားတွေရဲ့ လိင်စိတ်တက်<က မှုကို ၈ ပတ်အတွင်း မြှင့်တင်ပေးနိုင် တယ်လို့ သိရပါတယ်။

(၇) Whey ပရိုတင်း- Whey ပရိုတင်းကတော့ ကျားဟော်မုန်း တက်စတိုစတီရုန်းပမာဏကို မြှင့် တင်ပေးရုံသာမက၊ ပရိုတင်းထုတ် လုပ်မှုကိုလည်း မြင့်တက်စေပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ