အမျိုးသမီးများ ကင်ဆာကုထုံးခံယူပြီးနောက် မျိုးမအောင်မှုကို ကုသပေးနိုင်မယ့်ကုထုံးသစ်


ကင်ဆာရောဂါအတွက် ဓာတ် ရောင်ခြည်ကုထုံးတွေ၊ ဓာတုဆေး သွင်းကုထုံးတွေ ခံယူထားရတဲ့အမျိုး သမီးအများစုမှာ မြုံသွားလေ့ရှိပါ တယ်။ သုတေသီအဖွဲ့တစ်ခုကတော့ ကင်ဆာကုထုံးခံယူထားရတဲ့ အမျိုး သမီးတွေမှာ ပဋိသန္ဓေမရနိုင်တော့ သည့် အခြေအနေမှ ကုသပေးနိုင် မည့် ဆေးတစ်မျိုးကို တီထွင်နိုင်ခဲ့ ကြတယ်လို့ သိရပါတယ်။ 2016 မှာ Weill Cornell Medicine က လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ရင်သားကင်ဆာဖြစ်ဖူးပြီး ကုသမှုခံ ယူထားတဲ့ အ မျိုးသမီး ၄၀% ခန့်မှာ အရွယ်မတိုင်မီ သားဥအိမ် ပုံမှန် လုပ်ငန်း ဆောင်ရွက်နိုင်ခြေဆုံးရှုံးပြီး မြုံသွားတာကိုတွေ့ ခဲ့ရပါတယ်။

 ယခု လက်ရှိသုတေသနမှာ သားဥအိမ် တွေက ဓာတ်ရောင်ခြည်ကုထုံး ကြောင့် ပျက်ဆီးလာတဲ့အခါမှာ တက်ကြွလှုပ်ရှားလာတဲ့ Check-point protein (CHK 2) ကို တွေ့ရှိခဲ့ကြပါတယ်။ သုတေသန မှာကြွက်တွေကို ဓာတ်ရောင်ခြည်ဖြင့် CHK 2 ဗီဇမပါဝင်အောင် ပြုပြင် ထားတဲ့အခါ မမျိုးဥများက ဓာတ် ရောင်ခြည်ကုထုံးဒဏ် ခံရသော် လည်း ရှင်ကျန်ရစ်ပြီးကျန်းမာတဲ့က လေးငယ်များ မွေးဖွားပေးနိုင်တာ ကိုတွေ့ခဲ့ရပါတယ်။ လက်ရှိမှာကင် ဆာကုသမှုအတွက် CHK 2 inhibitor ဆေးများထုတ်လုပ်ပြီး ဖြစ်ပေ မယ့်၊ ကင်ဆာကုသမှုမှာ အသုံးပြုမှု သိပ်မရှိတာကို တွေ့ရပါတယ်။

ဒါပေ မယ့်ကြွက်တွေမှာ ယင်ဆေးတွေပေး လိုက်တဲ့အခါ Check point gene ကိုတားဆီးပေးပြီး၊ မမျိုးဥများကို ဓာတ်ရောင်ခြည်ဒဏ် ခံရသော် လည်း မပျက်ဆီးစေအောင်ကာကွယ် ပေးနိုင်တာတွေ့ခဲ့ရပါတယ်။ စိတ်ဝင် စားစရာ အကောင်းဆုံးကတော့ ဓာတ်ရောင်ခြည်သင့်ပြီး ရှင်ကျန်ခဲ့တဲ့ မမျိုးဥတွေက ကျန်းမာသန်စွမ်းတဲ့ သားပေါက်လေးတွေ မွေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေနဲ့ ကြွက်တွေမှာ မတူညီတဲ့ဇီဝကမ္မဖြစ် စဉ်တွေများစွာရှိတဲ့အတွက်၊ လူသား များမှာ သုံးနိုင်ခြေရှိ၊ မရှိသိရဖို့၊ စိတ်ချရတဲ့ ဆေးပမာဏကိုသိရဖို့ သုတေသနတွေလုပ်ဖို့ လိုပါသေး တယ်လို့ Genetics ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ