နှလုံးညှစ်အား ကျဆင်းခြင်းကို သိနိုင်ဖို့ လက္ခဏာတစ်ရပ် ပေါ်ပေါက်လာရန် နီးစပ်လာ


လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ် တစ်ခုစီတိုင်းမှာ Chromosomes (၂၃) စုံစီ ပါဝင်ကြပြီး Chromosomes တစ်စုံစီတိုင်းမှာ Telomeres လေးခု ပါဝင်ကြပါတယ်။ Chromosomes တွေရဲ့ အဆုံးမှာ Telomeres တွေနဲ့ ဖုံးအုပ်ထားပြီး ပျက်စီး ခြင်းနဲ့ အခြား Chromosomes တွေနဲ့ ပေါင်းစပ်ခြင်းမှ ကာကွယ်ပေး ပါတယ်။ ကျန်းမာတဲ့ Telomere တွေကို ခွဲခြားနိုင်ဖို့ အလျားအကွာ အဝေးရှိကြပြီး ထိုအထဲမှာမှ နှလုံး ညှစ်အား ကျဆင်းတဲ့ရောဂါရှိတဲ့ လူနာတွေမှာ နှလုံးကြွက်သားတွေကို ပြုလုပ်ပေးတဲ့ ဆဲလ်အတွင်းမှာရှိတဲ့ Telomere တွေရဲ့ အလျားတိုကြ တယ်လို့ သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

 လူတစ်ယောက်ရဲ့ နှလုံးဆဲလ်တွေကို အသက်ရှင်နေတဲ့ လူတစ်ယောက်ဆီမှ ရယူဖို့ အလွန် ခက်ခဲပြီး များသောအားဖြင့် နှလုံး အစားထိုး ကုသမှုခံယူထားတဲ့ လူနာ တွေကနေ တစ်သျှူးနမူနာ ရယူနိုင် လေ့ရှိပါတယ်။ နှလုံးရောဂါရှိသူတွေ နဲ့ မရှိသူတွေဆီမှ တစ်သျှူးနမူနာ တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပြီး အသက်အရွယ်ပေါ် မူတည်ပြီး ခွဲခြားလေ့လာမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ကျန်းမာတဲ့သူတွေမှာ အသက်အရွယ်က အဓိကမကျဘဲ လူကြီးရော လူငယ်မှာ ပါ Telomere တွေရဲ့အလျားဟာ ပုံမှန်ရှိကြပါ တယ်။ နှလုံးညှစ်အားကျတဲ့ လူနာ တွေမှာတော့ Telomere တွေရဲ့ အလျားတိုနေတာကို တွေ့ရှိခဲ့ပါ တယ်။

ဒါကြောင့်မို့ နှလုံးညှစ်အား ကျခြင်းနဲ့ Telomere Length ကြားမှာ တိုက်ရိုက်ပတ်သက်မှု ရှိနေ ပြီး Telomere Length တိုလေလေ နှလုံးရဲ့လုပ်ငန်းတွေ ကျဆင်းလေ လေဘဲ ဖြစ်ပါတယ်။ အဆိုပါတွေ့ရှိမ က နေပြီးတော့ Telomere ကို အခြေခံပြီး နှလုံးညှစ်အား ကျဆင်း ခြင်းကို ကုသနိုင်မဲ့ နည်းလမ်းသစ် တွေ ပေါ်ပေါက်လာဖို့ လမ်းစဖြစ်နိုင် ပါတယ်။ နှလုံးရောဂါဟာ Telomere Length ကို ဘယ်လိုတိုသွားစေသလဲ ဆိုတာကို ပိုမိုနားလည်ဖို့ လိုအပ်နေ သေးသော်လည်း ဒါဟာ ပိုမိုကောင်း မွန်တဲ့ ကုသမှုတွေရရှိနိုင်ဖို့ အရေးပါ တဲ့ ခြေလှမ်းတစ်ရပ်ဆိုတာတော့ အသေအချာပါဘဲ။

ဝသန်
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ