ဂျင်းစိတ်လေးတွေက ဝမ်းဗိုက်အတွင်းကလီစာတွေ ရောင်ရမ်းနာကျင်တာကို ကုသပေးနိုင်


ဂျင်းကိုချက်ပြုတ်တဲ့အချိန်မှာ ဟင်းခတ်အဖြစ် မကြာခဏ အသုံးပြုကြပါတယ်။ ဒီတစ်ခါမှာတော့ သုတေသီတွေဟာ ဂျင်းမှာပါဝင်တဲ့ အစိတ်အပိုင်းငယ်လေးတွေဟာ ဝမ်းဗိုက်အတွင်းက ကလီစာ(အူ) ရောင်ရမ်းနာကျင်တာကို ကုသပေးနိုင်စွမ်းရှိတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာတက္ကသိုလ်က သုတေသီတွေဟာ ဂျင်းမှာပါဝင်တဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဟာ ကြွက်တွေရဲ့ ဝမ်းဗိုက်ထဲမှာ ဖြစ်ပွားနေတဲ့ ရောဂါတစ်ချို့ကို လျော့ကျသက်သာစေတာကိုတွေ့ရှိခဲ့ရတာပါ။

ယခင်ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ဂျင်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ကင်ဆာနဲ့ တခြားရောဂါတွေကို သက်သာစေတယ်လို့ သိရပါတယ်။ ယခုသုတေသနမှာတော့ ဂျင်းကို ရောဂါအတော်များများကို ကုသရာမှာ အသုံးပြုနိုင်တာကို တွေ့ရှိခဲ့ရတာပါ။

အဲ့ဒီအပြင် ဂျင်းရဲ့ နာနိုအစိတ်အပိုင်းတွေဟာ အူတွေကိုပြင်ဆင်တာနဲ့ ဆက်လက်ရှင်သန်ဖို့ တွန်းအားပေးတာအပြင် ကျန်းမာရေးကိုအထောက်အကူပြုစေတဲ့ ဆဲလ်တွေကို ဖွံ့ဖြိုးစေတာ စတဲ့ဂုဏ်သတ္တိတွေလည်း ရှိတယ်လို့ သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ