10 Signs And Symptoms Of Tuberculosis တီဘီလက္ခဏာ ဆယ်ခု
Sunday, February 18, 2018 13:00(+0630) (7 နှစ် ခန့်က)
ဆရာ လူနာက နှာခေါင်းသွေးယိုလို့ ဆရာဝန်သွားပြတာပါ။ TB လို့ပြောပါတယ်။ ချောင်းလည်းမဆိုးပါဘူး။ သလိပ်စစ် ဓာတ်မှန်ရိုက်ခိုင်းပြီး ဆရာဝန်က tb လို့ပြောပါတယ်။ ဆေး၆လသောက်ရမယ်တဲ့။ ကျမသိထားတာက ချောင်းဆိုးတာရှည် ကိုယ်အလေးချိန်မတတ်မှ tb လက္ခဏာ လို့သိထားတာပါ။ ကျမရဲ့အယူအဆမှားနေတာလား သိချင်လို့ပါ။
လူနာဆိုသူ အသက် မသိ။ ကျား-မ မသိ။
တီဘီရောဂါလက္ခဏာတွေစာတင်စဉ်က အနည်းဆုံး (၂) ဦးကနေ ချောင်းဆိုးတာ (၂) ပါတ်ကြာမဟုတ်လားလို့ ရေးလာတယ်။ ကျွန်တော့်စာမှာက ၃ ပါတ်။ ဆေးသုတေသနတွေက ယူအက်စ်အေနဲ့ ယူကေနိုင်ငံတွေကများလို့ ကိုးကားရတာမှာ မြန်မာပြည်နဲ့ ပိုပြီးကိုက်ညီမှာကို အတွေ့အကြုံတွေအရ ချင့်ချိန်ရပါတယ်။
1. Fever ကိုယ်ပူခြင်း
100 F (37.8 C) ကျော် (၁ဝ) ရက်နေလို့မပျောက်ရင်
2. Coughing ချောင်းဆိုးခြင်း
(၃) ပတ်နေလို့မပျောက်ရင်။ (တီဘီအဖြစ်များတဲ့မြန်မာပြည်လိုနေရာမှာတော့ ၂ ပတ်နေလို့မပျောက်သေးရင်။)
3. Blood ချောင်းဆိုးသွေးပါခြင်း
ချောင်းဆိုးရင်း အမြှုပ်ထဲမှာ အနီရောင်သွေးနည်းနည်းပါလာရင်။
4. Chills ချမ်းခြင်း
ချမ်းဖျားတတ်တဲ့ရောဂါတွေထဲမှာ တီဘီကိုလည်းသံသယရှိရမယ်။
5. Chest Pains ရင်ပတ်နာခြင်း
နှလုံးသွေးကြောကျဉ်းရောဂါမဟုတ်သူတွေ ရင်ပန်နာရင်။
6. Night Sweats ညချွေးထွက်ခြင်း
တခြားရောဂါတွေမှာလည်း ညမှာချွေးထွက်နိုင်တယ်။1
7. Breathing Issues အသက်ရှူခက်ခြင်း
လုပ်နေကျအလုပ်လုပ်နေရင်း အသက်ရှူရတာခက်လာရင်။
8. Feeling Tired မောပန်းခြင်း
သိသာတဲ့အကြောင်းတွေမသိဘဲ အားယုတ်ပြီး မောပန်းလာရင်။
9. Loss of Appetite အစားပျက်ခြင်း
ကလေး-လူကြီး အစားအကောက်ပျက်လာရင်။
10. Weight Loss ကိုယ်အလေးချိန်ကျခြင်း
ကလေးတွေ အလေးချိန်မတက်ရင်၊ လူကြီးတွေ ကိုယ်အလေးချိန်ကျလာရင်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin