တန်ဆေးလွန်ဘေး


သုတေသနအသစ်တစ်ခုအရ ဂျင်သောက်ခြင်းအားဖြင့် ဇီဝရုပ် ဖြစ်ပျက်မှုကို မြန်စေပြီး၊ သောက်ပြီး တစ်နာရီအတွင် ခန္ဓာကိုယ်မှ ကယ်လိုရီ လောင်ကျွမ်းမှုကို များစေ တယ်လို့ သိရပါတယ်။ ဂျင်ကို ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တဲ့ ဂျူနီပါဘယ်ရီသီးတွေက ပေါင်းခံထုတ်လုပ်ထားတာ ဖြစ်ပြီး ကြွက်တွေမှာ နေ့စဉ် တိုက်ကြည့်တဲ့ အခါ ၎င်းင်းတို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုနှုန်း ၁၇% လောက် ပိုမြန်လာတာ တွေ့ ရပါတယ်လို့ University of Sigulda မှ သုတေသီတွေက ပြော ကြားခဲ့ပါတယ်။

ဂျင်တစ်ပက်မှာ ကယ်လိုရီ ၉၇ ကယ်လိုရီသာပါဝင်ပြီး အရက်နဲ့ ဆက်စပ်ဖျော်ရည်တွေထဲမှာ ကယ်လိုရီအနည်းဆုံးလည်း ဖြစ်ပါ တယ်။ ဂျင်ကို သောက်သုံးခြင်းက ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေတဲ့ အတွက် တစ်ဖန်ပြန်စဉ်းစားရလျင် ဂျင်က ခန္ဓာကိုယ်အပေါ် ပိန်စေတဲ့ အာနိသင်ရှိတယ်လို့ ယူဆလို့ရပါ တယ်။ ယင်း ဂျူနီပါဘယ်ရီသီးတွေက ဥရောပမှာ ပေါများပြီး သဘာဝ ဆီးရွှင်စေသော အာနိသင်ရှိကာ၊ အစာခြေရာ၌ အကူအညီဖြစ်စေပြီး၊ လေပွခြင်းကိုလည်း သက်သာစေပါ တယ်။ ဒါ့အပြင် သဘာဝဆေးကြမ်း တွေမှာလည်း ယင်းဘယ်ရီသီများကို အဆစ်ရောင်ရောဂါ ရှိသူတွေမှာ အဆစ်အမြစ်များ ရောင်ရမ်းခြင်း သက်သာစေဖို့ အသုံးပြုကြတာ တွေ့ရပါတယ်။

၂၀၀၈ ခုနှစ်က လုပ်ခဲ့တဲ့ သုတေသနကို ဆီးချိုစောင့်ရှောက် ရေး ဂျာနယ်မှာ ဖော်ပြခဲ့ပြီး ယင်း သုတေသနအရ အမျိုးအစားတစ် ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် စိတ်အချရဆုံး အရက်သေစာ ကတော့ ဂျင်နဲ့ အားဖြည့်ချိုရည် တွဲဖက် သောက်သုံးခြင်းဖြစ်ပြီး ဂျူနီပါ ဘယ်ရီသီးရဲ့ အစွမ်းကြောင့် သွေး ကြောများရောင်ရမ်းခြင်းကို သက် သာစေပါတယ်။ ဒါပေမဲ့ ချိုပြီး အရသာရှိစေဖို့ ထပ်ရောတဲ့ အချိုရည် တွေကတော့ လေပွတာ၊ ဇီဝဖြစ်ပျက် မှုနှုန်း တည်ငြိမ်မှုကို ပျက်ပြားစေတာ၊ အစာခြေစနစ်အပေါ် သက်ရောက်မှု ရှိစေတာတွေကို သတိထားရပါမယ်။ ကယ်လိုရီအပိုပါဝင်မှုကို ရှောင်ရှားဖို့ ဆိုရင်တော့ ဂျင်ကို ပိန်ပါးစေတဲ့ တိုးနစ်နဲ့ ရော၊ သခွား၊ ရိုစ့်မယ်ရီ စတာတွေနဲ့ သုံးဆောင်လို့ရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ