အစားအသောက်တွင် ပရိုတင်းပါဝင်မှုနည်းခြင်းကြောင့် အသည်းတွင် ဒဏ်ရာရစေနိုင်


အာဟာရဗေဒ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသနအသစ် တစ်ခုအရ အစားအသောက်တွေ ပရိုတင်းပါဝင်မှုနည်းသောကြောင့် အသည်းတွင် ပျက်ဆီးမှုဖြစ်ပေါ်ခြင်း ကို ပြန်လည်ကုသနိုင်မယ်လို့ သိရပါ တယ်။ သုတေသနတွင့် University of Surrey နဲ့ University of Sao Paulo မှာ သုတေသီတွေက နေ့စဉ် အစားအသောက်များတွင် ပရိုတင်း ပါဝင်မှုနည်းခြင်းကြောင့် အသည်း ပေါ်မှာဖြစ်ပေါ်လာမဲ့ နောက်ဆက် တွဲရလဒ်တွေကို သုတေသနလုပ်ခဲ့ ပါတယ်။ သုတေသနမှာ ကြွက်တွေကို အုပ်စုနှစ်စုခွဲပြီး ပထမအုပ်စုကို ပုံမှန် ပရိုတင်းပါဝင်တဲ့ အစားအစာကျွေးပြီး နောက်တစ်အုပ်စုကို ပရိုတင်းပါဝင် မှုနည်းပါးတဲ့ အစားအစာကို ကျွေးခဲ့ ပါတယ်။

ငါးပတ်ကြာပြီးတဲ့နောက်မှာ တော့ အသည်းပေါ်မှာဖြစ်ပေါ်လာမဲ့ ရလဒ်တွေကို စစ်ဆေးခဲ့ပါတယ်။ ရလဒ်တွေအရ ပရိုတင်းပါဝင်မှုနည်း တဲ့ အစားအစာကို စားသုံးခဲ့ရတဲ့ ကြွက်တွေမှာ အသည်းအရွယ်အစား ၆၅% ခန့် သေးငယ်သွားသလို၊ အသည်းဆဲလ့် hepatocytes အရေအတွက်မှာလည်း ၄၆% လျော့ နည်းသွားခဲ့ပါတယ်။ ဒါ့အပြင် နယူကလိယနှစ်လုံးပါဝင်တဲ့ အသည်း ဆဲလ် binucleated heputocytes အရေအတွက်ကတော့ ၉၀% ထိ တိုးလာကာ အသည်းရဲ့လုပ်ငန်းစွမ်း ဆောင်ရည်ကို လျော့ကျသွားစေခဲ့ ပါတယ်။ နေ့စဉ်အစားအသောက်များ တွင် ပရိုတင်းပါဝင်မှုနည်းတာက အသည်းကထုတ်ပေးသော ပရိုတင်း albumin ထုတ်လုပ်မှု ၂၀% လျော့ ကျသွားစေပါတယ်။


Albumin ပရိုတင်းက အသည်းရဲ့ အာဟာရ အခြေအနေကို ဖော်ပြနိုင်တဲ့ အဓိကကျတဲ့ ဇီဝအမှတ် အသားတစ်ခုလည်း ဖြစ်ပါတယ်။ ယင်းအခြေအနေတွေက အသည်းရဲ့ ပုံမှန်စွမ်းဆောင်ရည်ကို ထိခိုက်စေပြီး ရလဒ်အနေနဲ့ အာရုံကြောအဖွဲ့ အစည်း အရိုးငြမ်းအဖွဲ့အစည်းနဲ့၊ ဆေးဝါးတွေရဲ့ စွမ်းဆောင်ရည် အပေါ် ဆိုးကျိုးသက်ရောက်စေပါ တယ်။

ထို့နောက် သုတေသီတွေက နယူကလိယ နှစ်လုံးပါတဲ့ အသည်း ဆဲလ်တွေ တွေ့ရှိရခြင်းက ပရိုတင်း ပါဝင်မှုနည်းတဲ့ အာဟာရတွေကြောင့် အသည်းပျက်စီးခြင်းရဲ့ အမှတ် လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာပါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အာဟာရ လျော့နည်းမှုကြောင့် အသည်းပျက် ဒဏ်ရာရသွားတဲ့ အုပ်စုတွေမှာ ပုံမှန် ပရိုတင်းပမာဏအတိုင်းပါဝင်တဲ့ အစားအစာတွေကို ငါးပတ်ကြာကျွေး ပြီးတဲ့နောက်မှာတော့ ပုံမှန်အသည်း ဆဲလ်ပမာဏ ၈၅% ပြန်တိုးလာပြီး၊ အသည်းအရွယ်အစားလဲ ၁.၅ ဆ ပြန်ကြီးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အသည်းက ပရိုတင်းပါဝင် မှုနည်းခြင်းကြောင့် ဒဏ်ရာရတဲ့အခါ ပြန်လည်ပြင်ဆင်နိုင်စွမ်းရှိတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သုတေသီ တွေက ]]ပရိုတင်းပါဝင်မှု နည်းခြင်းက အသည်းအပေါ်မှာ ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ပျက်စီး မှုတွေက ပြန်လည်ပြင်ဆင်နိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရတာက သတင်း ကောင်းပါပဲ}} လို့ ပြောကြားခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ