လေထုညစ်ညမ်းမှုကြောင့် ကလေးငယ်များ၏ အကျင့်စရိုက်အမူအကျင့်ကို ဆိုးရွားလာစေနိုင်ကြောင်း သုတေသီများ ထုတ်ပြန်


အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး သုတေသန လုပ်ငန်းများဆောင်ရွက်ခဲ့ရာ လေထုညစ်ညမ်းမှုသည် အရွယ်အရောက်သေးသည့် ကလေးငယ်များ၏ အကျင့်စရိုက် အမူအကျင့်များကို ဆိုးရွားလာစေနိုင်ကြောင်း ဒီဇင်ဘာလ(၁၄)ရက်နေ့က ထုတ်ပြန်သွားခဲ့သည်။ ကလေးငယ်များသည် မူလပင်ကိုယ်စရိုက် ကောင်းမွန်သော်လည်း ညစ်ညမ်းသောလေထုကို ရှုရှိုက်မိခြင်းကြောင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ကလေးငယ်များ၏အမူအကျင့်သည်လည်းပြောင်းလဲသွားနိုင်ကြောင်း သက်သေများဖြင့် ထုတ်ပြန် သွားခဲ့သည်။

ကာလီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ယူနန်က “လေထုညစ်ညမ်းမှုဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်အထိ ဆိုးရွားစေသလဲဆိုတာ သုတေသီအဖွဲ့တိုင်းနီးပါးက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီထဲမှာတော့ ကျွန်တော်တို့ရဲ့ ရလာဒ်က ထူးခြားပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်က စိုးရိမ်စရာပါ။ ညစ်ညမ်းတဲ့ လေထုကြောင့် ကလေးငယ်တွေရဲ့ ဦးနှောက်တွေ ချို့ယွင်းပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ မွေးရာပါ ဗီဇအကျင့်စရိုက်တွေကိုလည်း အနုတ်လက္ခဏာဆောင်တဲ့ဘက်ကို ဦးတည်ပြောင်းလဲစေနိုင်တယ်။

 အနာဂတ်မျိုးဆက်သစ်လေးတွေရဲ့ စိတ်ဓာတ်တွေ အနုတ်လက္ခဏဆောင်တဲ့ဘက်ကို ရောက်သွားမယ် ဆိုရင်တော့ အနာဂတ်မှာ ရာဇ၀တ်မှုတွေ မြင့်တက်လာစေလိမ့်မယ်။” ဟုပြောကြားသွားခဲ့သည်။ ကာလီဖိုးနီးယားပြည်နယ်တွင် တောမီးများလည်း မကြာခဏလောင်ကျွမ်းနေသည့် အတွက်ကြောင့် တောမီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် လေထုညစ်ညမ်းမှု ပိုမိုမြှင့်တက်လာဖွယ် ရှိနေကြောင်းလည်း အမေရိကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက ထုတ်ပြန်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ