ဆီးကျိတ်ကင်ဆာအတွက် ပေါင်းစပ်ကုထုံးသစ်


အမေရိကန်ကင်ဆာ အစည်း အရုံးမှ အဆိုပြုချက်အရ အမျိုးသား ၇ ယောက်မှ ၁ ယောက်နှုန်းခန့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားလျက်ရှိ တယ်။ ၎င်းင်းတို့ရဲ့ ခန့်မှန်းချက်အရ အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ၂၀၁၇ အတွင်း ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ပွားသူ အသစ် ၁၆၁ç ၀၀၀ ဦးရှိမည်ဖြစ်ပြီး ဆီးကျိတ်ကင်ဆာ ကြောင့် သေဆုံးသူ ၂၆ç ၇၃၀ ဦး ရှိမယ်လို့ သိရပါတယ်။ ၂၀၁၇ မတ်လအတွင်း Nuclear Medicine ဂျာနယ်မှာ PET radiotracer Fluciclouine (Fluorine-18; F-18) က ပြန်လည်ဖြစ်ပွားသော ဆီးကျိတ်ကင်ဆာအား စောင့်ကြည့် ခြင်း၊ ကုသခြင်းတို့ကို ကူညီပေးနိုင် မယ်လို့ ဖော်ပြခဲ့ပါတယ်။ PET ဆိုတာကတော့ Positron Emssion Tomography လို့ခေါ်တဲ့ ရောဂါရှာ ဖွေပုံရိပ်ဖော်နည်းပညာ ဖြစ်ပါတယ်။ ယင်းနည်းပညာကို သုံးရန်အတွက် အထူးရောင်ခြယ် ပစ္စည်းကို သွေးကြောမှတဆင့် ထိုးပေးရပါမယ်။ ယင်းအထူးရောင်ခြယ်တွေကို မိမိရှာ ဖွေလိုတဲ့ အင်္ဂါအစိတ်အပိုင်းက စုပ်ယူပြီးနောက် ပုံရိပ်ဖော်ရာမှာ ရောဂါရှိ၊ မရှိ ပြန်လည်မြင်ရတဲ့ နည်းပညာဖြစ်ပါတယ်။ ယခု သုတေသနမှာ ခွဲစိတ်ပြီးနောက် ဓာတ်ရောင်ခြည်ကုထုံးကို အဆင့် မြင့် မော်လီကျူးပုံရိပ်ဖော်စနစ်ဖြင့် ပေါင်းစပ်ပြီး ဆီးကျိတ်ကင်ဆာပြန် လည်ဖြစ်ပွားခြင်းကို စောင့်ကြည့် ကုသသည်ကို စီစစ်သည့် ပထမဆုံး သုတေသနတစ်ခုလည်း ဖြစ်ပါတယ်။ သုတေသနအတွက် ဆီးကျိတ်ကင် ဆာ ဖြစ်ပွား၍ ခွဲစိတ်ဖြတ်ထုတ်ပြီး နောက် ပြန်လည်ဖြစ်ပွားသူ ၄၆ ဦး ပါဝင်ခဲ့ပါတယ်။

ပါဝင်သူအားလုံးကို ကနဦး ကုသမှုအား ပုံမှန်ပုံရိပ်ဖော်စစ်ဆေးမှု များဖြစ်တဲ့ ကွန်ပျူတာဓာတ်မှန် (CT) နဲ့ သံလိုက်ပုံရိပ်ဖော်စနစ် (MRI)ကို အသုံးပြုပြီး ရလဒ်ပေါ် မူတည်၍ ကုသခဲ့ပါတယ်။ ၎င်းင်းတို့ ထဲမှာ ၄၅ ဦးကိုတော့ Fluciclovine အထူးရောင်ခြယ်အသုံးပြု၍ PET/ CT ပုံရိပ်ဖော်စနစ်နဲ့ ထပ်မံစစ်ဆေး ပြီး ကုသမှုကို အဆင့်မြှင့်တင်ပေး ခဲ့ပါတယ်။ အထူးရောင်ခြယ် အသုံး ပြုတဲ့အတွက် အဆိပ်အတောက်ဖြစ်မှု တစ်စုံတစ်ရာမတွေ့ခဲ့ရပါဘူး။ ဒါပေ မဲ့ အထူးရောင်ခြယ်သုံး ပုံရိပ်ဖော်ပြီး တဲ့နောက် ဓာတ်ရောင်ခြည်ကုသမှုကို ပိုပြီး ထိထိရောက်ရောက်ရရှိတဲ့ ဧရိယာပိုများလာပါတယ်။ လိင်တံ အရှေ့ဂလန်းသို့ ဓာတ်ရောင်ခြည့် ရောက်ရှိမှုအနည်းငယ် ပိုများပေမဲ့ ဆီးအိတ်နဲ့ စအို (သို့) ဆီးလိင်လမ်း ကြောင်းနဲ့ အစာအိမ်နဲ့ အူလမ်း ကြောင်းအပေါ် အဆိပ်အတောက် ဖြစ်မှု ထူးထူးခြားခြား ပိုမများဘူးလို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ