ကော်ဖီကြောင့် သင့်အရိုးတွေ ထိခိုက်မလား


လေ့လာစမ်းသပ်မှုအချို့က ကော်ဖီတွေ ခဏခဏသောက်သုံးခြင်းဟာ အရိုးတွေ ကျိုးပဲ့မှုဖြစ်ပွားရတာတွေနဲ့ ဆက်စပ်မှုရှိ နေတယ်လို့ဖော်ပြထားကြတာကို တွေ့ရ ပြီး တချို့လေ့လာမှုတွေကတော့ ဆက်စပ် မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

အိုမာဟာမှာရှိတဲ့ Creighton တက္ကသိုလ်က အရိုးပွခြင်းဆိုင်ရာ သုတေသနစင်တာက ဒါရိုက်တာဖြစ်သူ ဒေါက်တာ ရောဘတ်အာရက်ကာ က ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ် ပူပန်မှုမရှိဘူးလို့ ပြောခဲ့ ပါတယ်။ ကော်ဖီ ကြောင့် အရိုးတွေကို ကျိုးပဲ့စေတဲ့ အထောက်အထားမျိုးကို နိုင်ငံအသီးသီး က ဘယ်လေ့လာမှုတွေမှာမှ သိပ်မတွေ့ရ ဘူးလို့ ဒေါက်တာရက်ကာက ပြောကြား ပါတယ်။
သာဓကအားဖြင့် လူဦးရေကို အခြေ ခံပြီး ပြုလုပ်ခဲ့တဲ့ ဆွီဒင်က လေ့လာမှု တစ်ခုမှာ ပျမ်းမျှအသက် ၂ဝ အရွယ်ရှိတဲ့ အမျိုးသမီးပေါင်း ၆၁ဝဝဝ ကို ၂ဝ၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ တစ်နေ့ ကို ကော်ဖီလေးခွက် သို့မဟုတ် အဲဒီထက် ပိုပြီးသောက်သုံးတာဟာ အရိုးသိပ်သည်းဆကို အနည်းငယ် လျော့နည်းလာစေ တယ်ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် အဲဒါဟာ အရိုးတွေကို ကျိုးပဲ့ပျက်စီးစေ လောက်တဲ့ အထိတော့ ဆက်စပ်မှုမရှိဘူး လို့ ဖော်ပြထားပါတယ်။

အမျိုးသား ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ အသက် ၅၁ နှစ်ကနေ ၇ဝ အရွယ်ရှိတဲ့ အမျိုးသားတွေဟာ တစ်နေ့မှာ ကယ်လဆီယမ် ၁၂ဝဝ မီလီ ဂရမ်ရရှိပြီး အဲဒီအရွယ်အမျိုးသားတွေမှာ ကယ်လဆီယမ် ၁ဝဝဝ မီလီဂရမ်ရရှိဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ကော်ဖီသောက်ခြင်းက ကယ်လဆီယမ် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသလား။ လူတွေ ကဖင်းဓာတ်ကို ပိုမိုသောက်သုံးလာတဲ့ အခါ ဆီးထဲမှာ ကယ်လဆီယမ်ပါဝင်မှု ကလည်း ပိုများလာတယ်ဆိုတာတော့ မှန်ပါတယ်လို့ ပါဂျူးတက္ကသိုလ်က အာဟာရဆိုင်ရာ ပါမောက္ခ ကိုနိအမ်ဝီဘာ က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆီးထဲမှာကယ်လဆီယမ် တွေပါပြီး ဆုံးရှုံးမှုတွေဖြစ်လာလေလေ လူတွေဟာ သူတို့    သောက်သုံးနေတဲ့ အရာတွေထဲက ကယ်လဆီယမ်တွေကို နောက်ထပ် စုပ်ယူလေလေပဲလို့ ဒေါက်တာ ဝီဗက ရှင်းပြပါတယ်။ ဒါကြောင့် ကော်ဖီကို နှစ်ခြိုက်စွာ သောက်သုံးနေသူတွေအနေနဲ့ ဆုံးရှုံး သွားတဲ့ ကယ်လဆီယမ်တွေအတွက် အထူးတလည်ပူပန်နေဖို့ မလိုသလို အရိုး ကျိုးမှာကိုလည်း အလွန်အမင်း စိတ်ပူ စရာမရှိဘူးလို့ ¤င်းကအကြံပြုခဲ့ပါတယ်။

(နယူးယောက်တိုင်းမ်)
ကလျာမိုးမြင့်
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ