ခေါင်းတွေအရမ်းကိုက်



ဖြစ်စဉ် - ၁
ဆရာ...
ကျွန်တော် ခေါင်းတွေအရမ်းကိုက်ပြီး ကိုယ်တွေလက်တွေ နာနေတယ်...နှာမွှန်ပြီး ချောင်းဆိုး နေတာ လည်း ၃ ရက်လောက်ရှိပြီဆရာ...
အိုကေ...
ကိုယ်အပူချိန်တိုင်းကြည့်တော့ fever 101°F နဲ့ သွေးပေါင်ချိန် ကောင်းတယ် အဆုပ် နှလုံးကောင်းတယ်...
ရာသီတုပ်ကွေးပဲ ဖြစ်မှာ ပါ... ရော့...
ဆေးပေးလိုက်မယ် ဆေးသောက်...
ဆရာ...အိပ်ဆေးလေးပါထည့်ပေးပါဆရာ...အိပ်မပျော်လို့ပါ...
အင်... ကိုယ်တွေပူပြီး ချောင်းတွေဆိုးနေတော့ ဘယ်လို အိပ်လို့ရမလဲ... ဆေးသေချာသောက် သက်သာသွားရင် သူ့ဖာသာ အိပ်ပျော်သွားလိမ့်မယ်...
လုပ်ပါဆရာရယ်...အိပ်ဆေးလေး ထည့်ပေးပါ... အိပ်ရေးဝသွားရင် နောက်နေ့ဆို ကောင်းပြီ ဆရာရဲ့...
အိမ်း.. လို့သာ ရေရွတ်မိသည် တမုံ့...
ဖြစ်စဉ် - ၂
ဆရာ...
ညက ကျွန်မ ဝမ်းတွေသွားတာ ၆ခါတောင်ဆရာ...ဝမ်းကအရည်တွေချည်းသွားတာ ချွဲနည်းနည်းလည်းပါတယ်..ဗိုက်ကလည်း ရစ်ရစ်ပြီး နာနေတာ...ပြီးတော့ ဘာမှလည်း မစားချင်ဘူးဆရာ...
အင်း...အစားတခုခုမှားသွား သေးလားစဉ်းစားကြည့်ပါဦး... မသန့်တာ တစ်ခုခုစားမိလို့နေမယ်... သွေးပေါင်လေးချိန်ကြည့်ရအောင်... အင်း သွေးပေါင်ချိန် နည်းနည်း ကျနေတယ် အပေါ်သွေး ၁၀၀ နဲ့ အောက်သွေး ၆၀ပဲရှိတယ်... ကိုယ် လည်းနည်းနည်းပူချင်တယ်... အစာအဆိပ်သင့်တာ food poisoing ဖြစ်တာနေမယ်... ရော့.. သောက်ဆေးတွေပေးလိုက်မယ် ပြီးတော့ ဓာတ်ဆားရည်သောက် အစာကို ပူပူနွေးနွေးလေး အဖြူထည်လေးတွေစား... သက်သာသွားလိမ့်မယ်...
ဆရာ... အိပ်ဆေးလေးရောပါသေးလား...ထည့်ပေးပါဆရာ... ညက မအိပ်လိုက်ရလို့...ကောင်းကောင်းလေး အိပ်ပျော်ပြီး နိုးလာရင် ကောင်းသွားမှာ ဆရာရဲ့...
အင်...ဟုတ်လှချည်လားဟ...
ဖြစ်စဉ် - ၃
ဆရာရေ... ဆရာဒီနေ့ပြန်ချိန်းထား လို့ ပြန်လာပြတာပါဆရာ... လူနာလည်းပါလာတယ်... ဆရာပေးထားတဲ့ ဆေးတွေလည်း တိုက်တယ်ဆရာ...
ဘယ့်နှယ့်လည်း သက်သာရဲ့လား...
သက်သာတယ်ဆရာ...ဒါပေမယ့် သူကအတွဲမရှိပဲ မထနိုင်ဘူး... အစားလည်းသိပ်မဝင်ဘူးဆရာ... မအိပ်တာလည်း ၃-၄ရက်လောက်ရှိနေပြီ ဆရာ... ကယောင်ကတမ်း တွေပြောနေတယ် ဆရာ မအိပ်လို့ထင်ပါရဲ့...
အင်း... သူအခြေအနေကသိပ်တော့ အားမရဘူးဗျ... CD4 ကလည်း ၅၀ အောက်မှာ အစားကလည်း မဝင်ဘူး လူကလည်း မထနိုင်ဘူး ဆိုရင်တော့ ဆေးရုံတင်လိုက်ရင်ကောင်းမယ် ထင်တယ်... လိုအပ်တာဆက်လုပ် ရအောင်...
မဟုတ်ဘူးဆရာ... သူကဆရာပေးတဲ့ ဆေးတွေသောက်တော့နည်းနည်း တိုးတက်လာတယ် ဆရာ... အခုက မအိပ်လို့ခက်နေတာ မအိပ်ပဲကယောင်ကတမ်းတွေ ပြောနေတာပဲရှိတာဆရာ ရဲ့...ဆေးရုံလည်း မတက်ချင်ပါဘူးတဲ့...အဆင်ပြေရင် အိပ်ပျော်စေမယ့် ဆေးလေးပဲပေးလိုက်ပါဆရာ... ကျန်တဲ့ဆေးတွေနဲ့ အဆင်ပြေနေတာပဲ အိပ်ပျော်သွားပြီးရင် ကောင်းသွားမှာ...
မဟုတ်ဘူးလေဗျာ...ခင်ဗျားကသာ သက်သာတယ်ပြောနေတာ..ဟိုမှာ ယဲ့ယဲ့ပဲရှိတော့တယ်... ပြီးတော့ ဒီလိုကိုယ်ခံအားတွေ နည်းနေရင် ဦးနှောက်ထဲကို ပိုးတွေဝင်တတ်တယ် ဒီပိုးတွေကြောင့် လူက ကြောင်သလိုလို နဲ့ ဂယောင်ခြောက်ခြားတွေပြောတတတ်တယ် ဗျ...ဒီတော့ စိတ်ချရအောင် ဆေးရုံတက် လိုအပ်တာတွေ ဆက်လုပ်ရအောင်...
တော်ပြီ..ဆရာ... အိပ်ဆေးပေးဖို့ အဆင်မပြေလည်း မပေးပါနဲ့တော့...ဆေးရုံတော့ မတက်ချင်ဘူး... အခုပေးထားတဲ့ ဆေးတွေပဲ ဆက်တိုက်ထားမယ်...
မဟုတ်ဘူးလေ... ဒီအတိုင်းထားလို့ သူ့ဟာသူကောင်းလာမှာမှ မဟုတ်ပဲ...
ရပါတယ်ဆရာ...
ကြာလာရင် လုံးပါး ပါးသွားလိမ့်မယ်...ဆေးရုံတက် ပါ...
အိမ်ပြန်ပြီး တိုင်ပင်လိုက်ပါဦးမယ် ဆရာ...
ဘလာ...ဘလာ...ဘလာ....
အင်း...ကျွန်တော်ရော ဘာများတတ်နိုင်ပါဦးမည်နည်း...

ဒီပီ(ဆေး-၁)
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ