လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့်ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ ၃၀၅ ဦးတွင်H1N1 ပိုးတွေ့လူနာ ၁၁၀ ရှိပြီး အမျိုးသမီးလူနာတစ်ဦး ယမန်နေ့က ထပ်မံသေဆုံး


သြဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီအထိ H1N1 သံသယလူနာ ၂၁ ဦးအားဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ ၁၁ ဦး ထပ်မံတွေ့ရှိကြောင်း၊ဇူလိုင် ၂၁ ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ၃၀၅ ဦးရှိခဲ့ရာ
၎င်းတို့အနက် H1N1 ပိုးတွေ့လူနာ ၁၁၀ ရှိကြောင်း၊ သြဂုတ် ၁ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်တက်ရောက်ခဲ့သော အမျိုးသမီးလူနာတစ်ဦးသည် ယမန်နေ့က ထပ်မံသေဆုံးခဲ့ပြီး ယနေ့အထိ တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံးသူ ၁၄ ဦးရှိသဖြင့် သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ယနေ့မွန်းလွဲ ၂ နာရီအထိ အထူးကုဆေးရုံကြီး(ဝေဘာဂီ)တွင် H1N1 ပိုးတွေ့အတွင်းလူနာ ၂၆ ဦးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့အတွင်းလူနာ ၃၇ ဦး စုစုပေါင်း ၆၃ ဦး ဆက်လက်ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယနေ့အထိ ဆေးရုံတက်ရောက်ကုသရသော H1N1 ပိုးတွေ့အတွင်းလူနာများအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းလူနာ ၂၈ ဦးရှိခဲ့ကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ FluNetWebsite တွင် ဖော်ပြထားချက်အရ မေ ၁ ရက်မှ ဇူလိုင် ၂၃ ရက်အထိ သုံးလခန့်ကာလအတွင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009)ဖြစ်ပွားမှုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတွင် ၃၀၆၈ ဦး၊ အိန္ဒိယနိုင်ငံတွင် ၃၁၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၅၆ ဦး၊စင်ကာပူနိုင်ငံတွင် ၈၀ ဦးနှင့် ထိုင်းနိုင်ငံတွင် ၅၉ ဦးတို့ ဖြစ်ပွားခဲ့ကြောင်းတွေ့ရှိရပြီး ပုံမှန်အားဖြင့် အပူပိုင်းဒေသနိုင်ငံများ၌ တစ်နှစ်ပတ်လုံးဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သည်ဟု သိရှိရကြောင်း။

ရာသီတုပ်ကွေးရောဂါလက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါ လက္ခဏာများဖြစ်ပွားသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူခြင်းဖြင့် အသက်အန္တရာယ်ဆုံးရှုံးရမှုများကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ကြောင်း။

ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများ၊ နေ့စဉ် ရောဂါဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website (www.mohs.gov.mm)၊ Myanmar CDC facebook စာမျက်နှာ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့်နေ့စဉ်ထုတ်သတင်းစာများတွင် အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ