လူတစ်ယောက်က သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို မိတ်ဆွေများအတွက် မျှဝေပေးထားတာပါ။ ဘယ်သူလဲတော့ နာမည်ပါမလာလို့ မသိရဘူး။
ခွေးလှေးယားသီးနက်စေ့က ဆေးစွမ်းထက်တယ်ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံနေပါပြီ။ ဆေးအမျိုးမျိုး ဖော်ကြပါတယ်။ ထိုင်းမှာဆို အခုလက်ရှိဝန်ကြီးချုပ်ကိုယ်တိုင်က တောင်ယာသမားများကို များများစိုက်ကြဖို့ တိုက်တွန်းထားတဲ့သတင်းကို ဖတ်ရပါတယ်။
မြန်မာပြည်မှာလည်း ဒေါက်တာခင်မောင်လွင်တို့ကိုယ်တိုင် ခွေးလှေးယားသီးရဲ့ ဆေးစွမ်းထက်မြတ်ပုံများကို ရေးသားထားတဲ့ စာအုပ်တွေ ရှိပါတယ်။
ဆေးစွမ်းထက်ရင် ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တာ သဘာဝပါပဲ။ စားမယ်ဆိုရင် နွားနို့နဲ့ပြုတ်ပြီး အဆိပ်ကို အရင်ထုတ်ပေးရပါတယ်။
Myawady Health
https://www.facebook.com/myawadyhealth