Tennis Elbow တင်းနစ် တံတောင်ဆစ်


သတင်း = ရော်ဂျာ ဖက်ဒါရာဟာ ဝင်ဘယ်ဒန် အမျိုးသားတဦးချင်းဖိုင်နယ်မှာ ခရိုးအေးရှားက မာရင်ချစ်လစ်ကို ၃ ပွဲပြတ်နဲ့ နိုင်ပြီး ၀င်ဘယ်ဒန်အိုးပင်းမှာ စံချိန်တင် ၈ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဖက်ဒါရာဟာ ပြိုင်ပွဲသမိုင်းတလျောက် အသက် အကြီးဆုံးအဖြစ် ၃၅နှစ် ၁၁လနဲ့ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး ဂရင်းစလင်းချန်ပီယံဆုကို ၁၉ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်တယ်။

တင်းနစ်တံတောင်ဆစ်လို့ခေါ်တဲ့ ဒဏ်နာရှိတယ်။ Golfer's elbow ဆိုတာက ဂေါက်သီး ကစားသူတွေမှာ ဖြစ်တာ။ တင်းနစ်တံတောင်ဆစ်အလိုလိုပျောက်ပါမယ်။ လိုအပ်တာက နားထားပေးရမယ်။ ဖြစ်ဖြစ်ချင်းမှာ ရေခဲတင်ပေးရတယ်။ အထဲမှာသွေးယိုနေတာ၊ သက်သာစေမယ်။ အရောင်နည်းစေမယ်။ နာတာလည်း သက်သာစေမယ်။ တခါတင်ရင် ၂ဝ-၃ဝ မိနစ်ကြာ၊ တနေ့မှာ ၄-၅-၆ ခါ၊ စုစုပေါင်း ၂-၃ ရက်ကြာ။ Elbow strap တံတောင်ဆစ်မှာစည်းပတ်ထားတာသုံးပါ။ နောက်ထပ်ဒဏ်ဖြစ်မှာကို ကာကွယ်ရာကျတယ်။ Ibuprofen, Naproxen, Aspirin အနာ၊ အရောင်သက်သာဆေး တခုခုသောက်ပါ။ Motion exercises လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးပါ။ တနေ့မှာ ၃-၅ ခါ။ (ဖီဇီကယ်သာရာပီ) လည်းလုပ်နိုင်တယ်။ ကြွက်သားတွေအတွက်ဖြစ်တယ်။ နာလွန်းရင် အဆစ်ထဲဆေးထိုးတာ လုပ်နိုင်တယ်။ ရေတိုအတွက်သာဖြစ်တယ်။ အခုနည်းတွေနဲ့ ၂-၄ လမှာ မကောင်းရင်တော့ ခွဲစိတ်ကုသရမယ်။ Tendon အရွတ်ကို ပြုပြင်ပေးမယ်။ ၅ဝ% လောက်မှာ အဲတာလိုတတ်တယ်။ ခွဲစိတ်ကုသသူ ၈၅-၉ဝ% ပြန်ကောင်းကြတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ