တုပ်ကွေး H1N1 အကြောင်း သိကောင်းစရာ


ဇူလိုင် ၁၉ ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံးတွင် ရရှိသောအချက်အလက်များအရ လတ်တလော ပြင်းထန်
အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness)ဖြင့် လူနာ ၆၈ ဦးရှိသည့်အနက် Seasonal Infl uenza
A (H1N1)pdm 2009-Positive စုစုပေါင်းလူနာ ၃၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးသေဆုံးခဲ့ကြောင်းကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်မြို့ရှိ ဆေးရုံကြီးများ၌ှSeasonal Influenza A (H1N1) pdm 2009-Positive ဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိသူများ
အနက် ဇူလိုင် ၂၄ ရက်က ရန်ကုန်ကလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသောအသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး
သည် ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ ဇူလိုင်
၂၅ ရက်နံနက် ၈ နာရီ မိနစ် ၅၀ တွင် သင်္ဃန်းကျွန်း စံပြ
ဆေးရုံကြီး(ရန်ကုန်)၌ အတွင်းလူနာအဖြစ်တက်ရောက်ကုသမှု ခံယူနေသော အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ယင်းနေ့
တွင်ပင်လည်းကောင်း၊ ဇူလိုင်၂၅ ရက် ညနေ ၅ နာရီတွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး(ရန်ကုန်)၌ အတွင်းလူနာအဖြစ် တက်ရောက်
ကုသမှုခံယူနေသော အသက် ၃၄ နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဇူလိုင် ၂၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်တွင်လည်းကောင်း
သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၅ ရက်မှ ဇူလိုင် ၂၇ ရက်အထိချင်းပြည်နယ် မတူပီမြို့နယ်၌ တုပ်ကွေးရောဂါသံသယရှိသူ၃၀၀ ခန့်အနက် ၁၀ ဦးတွင်
Seasonal Influenza A (H1N1) pdm 2009 -Positive တွေ့ရှိခဲ့ပြီး Seasonal Influenza A (H1N1)pdm 2009 ဖြင့်သေဆုံးသူမရှိကြောင်း၊ ဇူလိုင် ၁၉ ရက်မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ခုတင်-၅၅၀ ကလေးရောဂါအထူးကုဆေးရုံကြီး(ရန်ကင်း)၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်ကလေးဆေးရုံကြီး၊အထွေ
ထွေရောဂါကုဆေးရုံသစ်ကြီး (ရန်ကုန်)၊ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ အထူးကုဆေးရုံကြီး(ရန်ကုန်)၊ အင်းစိန်အထွေထွေ
ရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးနှင့် ပြင်ပပုဂ္ဂလိကဆေးရုံတို့မှ လတ်တလောပြင်းထန်
အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) ဖြင့် လူနာ ၃၉ ဦးအား ဆေးကုသမှုပေးခဲ့ရာ
၎င်းတို့အနက် ၁၉ ဦးတွင် Seasonal Influenza A (H1N1) pdm 2009-Positive တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်အထိ ခြောက်ဦး
သေဆုံးခဲ့ကြောင်း၊ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး၌ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ
(Severe Acute Respiratory Illness) ဖြင့် လူနာတစ်ဦးအား
ဆေးကုသမှုပေးခဲ့ရာ Seasonal Influenza A(H1N1) pdm 2009- Positive တွေ့ရှိခဲ့ပြီး သေဆုံးမှုမရှိကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာနှင့် Myanmar CDC facebook စာမျက်နှာများတွင် ထုတ်ပြန်ထားရှိသော ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်
ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊တုပ်ကွေးဆန်သောရောဂါ လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့
ချက်ချင်းသတင်းပေးပို့ကုသမှုခံယူရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်းထုတ်ပြန်ပေးသွား
မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တုပ်ကွေး H1N1 အကြောင်းသိကောင်းစရာ။

H1N1 ရောဂါဟာ လူတွင်သာ ဖြစ်ပွားတတ်သော တုပ်ကွေးရောဂါဖြစ်ပြီး ကြက်၊ငှက်၊ ၀က်တို့မှလာသော ရောဂါပိုးမဟုတ်ပါ။ မိုးရာသီနဲ့ မိုးအကုန် ဆောင်းအကူးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါ
တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ H1N1 တုပ်ကွေးရောဂါကို ၂၀၀၉ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အများဆုံး
ဖြစ်ပွားခဲ့ကာ H1N1 ရောဂါပိုးတွေ့ရှိသူ ၂၃၂ ဦးထိရှိခဲ့ပါတယ်။ တုပ်ကွေးရောဂါ [Seasonal Infl uenza A (H1N1)pdm2009]
အပါအ၀င် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးလူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ နှစ်စဉ်ဖြစ်ပွားလျက်
ရှိပြီး ရောဂါဖြစ်ပွားသူ၏ တစ်ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တုပ်ကွေး H1N1 ဗိုင်းရပ်ပိုးကူးစက်ရန်လွယ်ကူသူများ။

◾ခရီးပန်းခြင်း သို့မဟုတ် အလုပ်ပင်ပန်းခြင်းကြောင့် ခန္ဓာကိုယ်ခံနိုင်ရည်အားကျဆင်းနေသူများ။

◾အသက်ငယ်ရွယ်သူများ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသည်များ။

◾ကိုယ်ဝန်ဆောင်များ။

◾ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားသူများ။

◾လူဦးရေထူထပ်သောနေရာများသို့ နေ့စဉ်သွားလာနေကြရသူများ။

တုပ်ကွေး H1N1 ရောဂါလက္ခဏာများ။

◾ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း။

◾ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း။

◾ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း။

◾ဖျားနာခြင်း(အဖျား 37.8.C နှင့်အထက်)၊ကိုယ်လက်များနာကျင် ကိုက်ခဲခြင်း၊ နုံးခွေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ကြွက်သားများ
နာကျင်ခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း။

◾သတိလစ်ခြင်း။

တုပ်ကွေး H1N1 မဖြစ်အောင်ကာကွယ်နည်း။

◾တစ်ကိုယ်ရေသန့်ရှင်းမှုဟာ အဓိကအရေးကြီးပါတယ်။ အထူးသဖြင့် လက်သန့်ရှင်းအောင်ထားပါ။ ဆပ်ပြာနဲ့ရေတို့ဖြင့်လက်ကို အနည်းဆုံးစက္ကန့် ၂၀ လောက်ကြာအောင် ဆေးကြောပါ။

◾ ရောဂါကူးစက်လွယ်သောနေရာများမှာကုန်တိုက်များ၏ စက်လှေကားအတက်အဆင်းလက်တန်းများ၊ တံခါးအဖွင့်
အပိတ်နဲ့ သော့ခလောက်များ၊ ဘတ်စ်ကားလက်ကိုင်တန်းများ၊ မြို့ပတ်ရထားများဖြစ်တာကြောင့် ပြင်ပမှပြန်လာ
တိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။

◾ လေထဲမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်သောရောဂါဖြစ်တာကြောင့် လူဦးရေထူထပ်သောနေရာဒေသများ သွားလာခြင်းကိုရှောင်ပါ။

◾ နှာခေါင်းစည်း Mask ကို လုံခြုံစွာတပ်ဆင်ပါ။

◾ နှာချေ၊ ချောင်းဆိုးရာမှာ နှာခေါင်းနဲ့ပါးစပ်တို့ကို လက်နဲ့အုပ်ပြီးပြုပါ
သို့မဟုတ် လက်ကိုင်ပ၀ါ၊ တစ်ရှူးတို့ဖြင့်အကာအကွယ်ပြုပါ။

◾တုပ်ကွေးရောဂါဖြစ်ပွားသူနဲ့ နီးကပ်စွာနေထိုင်ခြင်းကိုရှောင်ပါ။

◾ကိုယ်ခံအားကျဆင်းချိန် အစားမှန်မှန်စားပါ၊ မှန်မှန်အိပ်ပါ။

◾စိတ်ဖိစီးမှုရှောင်ပါ။

◾အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်လာပါက မှန်ကန်တဲ့ဆေးဝါးကုသမှုခံယူပါ။ လုံလောက်စွာအနားယူခြင်း၊
အရည်များများသောက်ခြင်း၊ ကိုယ်အပူချိန်မြင့်မားပါက ရေပတ်တိုက်ခြင်းပြုပါ။

◾တုပ်ကွေးရောဂါလက္ခဏာပြပြီး ပုံမှန်ဆေးကုသကြည့်၍ နှစ်ရက်နဲ့အထက်မသက်သာသေးပါက သို့မဟုတ် မိမိ
ကိုယ်ကို H1N1 ဖြစ်နေကြောင်းသံသယရှိပါက ဆေးရုံသို့ အမြန်ဆုံး
ပြပါ။

တုပ်ကွေး H1N1 မှကာကွယ်နိုင်မည့် အစားအစာများ။

◾ရှားစောင်းလက်ပပ်ပင်က H1N1 ဗိုင်းရပ်ကိုနိုင်ပါတယ်။ ရှားစောင်း
လက်ပပ်ဖျော်ရည်သောက်ပါ။

◾ဗီတာမင်စီကြွယ်ဝသော အသီးအနှံများများစားပါ။

◾ ဂေါ်ဖီထုပ်စားပါ။

◾ပင်စိမ်းရွက်စားပါ။

◾ ကြက်သွန်ဖြူကို ရေနွေးစိမ်၍သောက်ပါ။

◾ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူတို့ကိုပျားရည်နဲ့စားပါ။

◾ အိပ်ရာဝင်ခါနီးမှာ နွားနို့နွေးနွေးကိုနနွင်းမှုန့်ဖြင့်သောက်ပါ။

မှတ်ချက်

ယနေ့ မြန်မာပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေသော ရိုးရိုးနှာခေါင်းစည်း Mask ဟာလူအုံနေတဲ့နေရာမှာ တပ်ဆင်ထားခြင်း
က အဆင်ပြေကာကွယ်ပေးနိုင်သော်လည်းတကယ့် H1N1 ဗိုင်းရပ်ပိုးရှိသူလူနာနှင့် နီးနီးကပ်ကပ်ရှိနေချိန်မှာ ၎င်း Mask က
လုံလောက်တဲ့ အကွာအကွယ်မပေးနိုင်ပါ။အဘယ်ကြောင့်ဆိုသော် ထို Mask များ၏လေ၀င်လေပေါက်ဟာကျယ်နေပြီး ရာသီ
တုပ်ကွေး H1N1 ဗိုင်းရပ်က သေးလွန်းတာကြောင့် မိမိထံသို့ ရောဂါပိုးဝင်မလာအောင်၎င်းMask များကစိတ်မချရပါ။ N95
ဟုခေါ်သော Mask အမျိုးအစားကသာလျှင်သေးငယ်သောဗိုင်းရပ်ပိုးတွေ ၀င်၍မရအောင် ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ