Gingivitis သွားဖုံးရောင်ခြင်း


၁။ ဆရာ ကျွန်တော့်  အသက် ၂၄ပါ။ ခုဖြစ်နေတာက လက်ဖဝါး ခြေဖဝါးတွေ ပူပါတယ်။ ဗိုက်ကယ်သလိုလည်း ဖြစ်နေပါတယ်။ မနေ့က စတာပါ။ အစာမစားရင် ဗိုက်ကသက်သာပါတယ်။ စားပြီး ရေသောက်တာနဲ့ ဗိုက်ကယ်ချင်သလို ဖြစ်ပါတယ်။ ခံတွင်းပျက်တာတော့ ၅ ရက်လောက်ရှိပါပြီ။ ပါးဆောင် အောက်ဖက်အံသွား သွားဖုံးက ပထမယောင်ပြီး ပြည်တည်ပါတယ်။ ဆေးဆိုင်က အတွဲဆေးသောက်ပါတယ်။ ဆားရည်လည်းငုံ ပလုပ်ကျင်းပါတယ်။ ပြည်တော့ မထွက်တော့ပါဘူးခင်ဗျ။ ခုဖြစ်နေတာက ဗိုက်က မနာပဲ ဝမ်း သွားချင်သလို ဖြစ်နေပါတယ်။ လက်ဖျား ခြေဖျားတွေ ပူနေပါတယ်။ လူလည်းနှုံးပြီ အိပ်ပဲနေချင်တယ်ဆရာ။

၂။ အသက် ၂၂၊ ယောက်ကျား၊ လက်ဝဲဘက် သွားဖုံးနာ (အမဲသား အရွတ်ကို ဝါးစားထား၊ ရာသီဥတုအရမ်းပူ အပြင်ထွက်ထား)၊ နှစ်ရက်ကြာပါပြီ ဆရာ၊ ထမင်းမစားနိုင်ပါ။ ဆန်ပြုတ်သောက်နေရပါသည်။ သောက်ဆေးအညွှန်း ရေးပေးစေလိုပါသည်။

သွားဖုံးရောင်ရင် ရောင်မယ်၊ နီမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ခံတွင်းအနံ့မကောင်းဖြစ်မယ်။ အပေါ်ကဖုံးနေတာကို Plaque ပလိပ်လို့ ခေါ်တယ်။ ပလိပ်ပြားဖြစ်တာနဲ့ မဖြစ်တာဆိုပြီး အတန်းအစားတွေ ခွဲထားတယ်။ ပလိပ်ပြားရှိတာက အဖြစ်များတယ်။ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ ခံတွင်းသန့်ရှင်းလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ နေ့တိုင်း သွားတိုက်တာနဲ့ Flossing သွားကြားတွေထဲ ကြိုးစနဲ့ သန့်ရှင်းတာ လုပ်ရမယ်။ ဗက်တီးရီးယားရန်ကနေ ကာကွယ်ရမယ်။ ဆားရည်နဲ့ပါးစပ်ဆေးတာ အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်တယ်။ Hydrogen peroxide, Chlorhexidine mouth washes ပါးစပ်ဆေးရည် အမျိုးမျိုးကိုလဲ သုံးနိုင်တယ်။

NSAID အနာသက်သာဆေးရည်စိမ်ပေးတာလဲ လုပ်တယ်။ Ibuprofen ဒါမှမဟုတ် Diclofenac စားဆေးတွေ သောက်ရတယ်။ ဆေးတွေရဲ့ဘေးထွက်-ဆိုးကျိုးတွေကိုတော့ သတိထားရမယ်။ ဆေးတမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် အစာနဲ့သောက်ပါ။ လေနာဆေးတမျိုးမျိုးနဲ့တွဲပေးလေ့ရှိတယ်။ ဗီတာမင် (စီ) ကိုလည်းတွဲပေးတတ်တယ်။ တိုက်ရိုက်ကောင်းစတာတွေမဟုတ်ပါ။ သွားအထူးကုဆရာဝန်တွေကလဲ ကုသနည်းတွေလုပ်ပေးမယ်။ ဆေးမကုဘဲနေရင် Periodontitis ရောဂါဆက်ဖြစ်နိုင်တယ်။

1. Angular stomatitis ကျီးကန်းပါးစပ်နာ http://doctortintswe.blogspot.com/2014/11/angular-stomatitis.html
2. Aphthous ulcer and Fissured tongue လျှာနာ အာနာ http://doctortintswe.blogspot.com/2014/11/aphthous-ulcer-and-fissured-tongue.html
3. Bleeding gums သွားဖုံးသွေးယိုခြင်း http://dts-medicaleducation.blogspot.in/2011/11/bleeding-gums-2.html
4. Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ http://doctortintswe.blogspot.com/2014/12/common-oral-mucosal-lesions.html
5. Fungal infections (2) မှိုအမျိုးမျိုး ဆေးအမျိုးမျိုး (၂) http://dts-medicaleducation.blogspot.com/2010/10/fungus.html
6. Herpes labialis ရေယုံနဲ့ ရေသီးသူကို ရေမန်းနဲ့ကုသခြင်း http://doctortintswe.blogspot.com/2015/09/herpes-simplex.html
7. Herpes Simplex ရိုးရိုးရေယုံ http://dts-medicaleducation.blogspot.in/2011/11/herpes-simplex.html
8. Pregnancy Gingivitis and Pregnancy Tumors ကိုယ်ဝန်ဆောင် သွားဖုံးရောဂါ https://doctortintswe.blogspot.com/2016/10/pregnancy-gingivitis-and-pregnancy.html
9. Stomatitis လျှာနာ ပါးစပ်နာအမျိုးမျိုး https://doctortintswe.blogspot.com/2016/06/stomatitis.html
10. Thrush (Oral candidiasis) မှက္ခရုနာ http://dts-medicaleducation.blogspot.com/2014/05/thrush-oral-candidiasis.html
11. Tongue diseases လျှာနာများ http://doctortintswe.blogspot.com/2014/11/tongue-diseases.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ