သင့်မျက်လုံးလေးတွေ ကျန်းမာနေစေဖို့ ဆောင်ရန် ရှောင်ရန်


သင့်မျက်လုံးလေးတွေ ကျန်းမာနေစေဖို့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ဖော်ပြပေးပါလိုက်ပါတယ်။

- မျက်လုံးအားကောင်းစေသော မုန်လာဥနီ ၊ ပန်းဂေါ်ဖီ ၊ omega-3 ပါဝင်သော ဆော်လမွန်ငါး အစရှိသည့် အသီးအရွက် သားငါးများကို များများ စားသုံးပေးပါ။

- မျက်ကပ်မှန်ကို ၁၉ နာရီကျော်ကြာသည်အထိ တပ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ မျက်ကပ်မှန်တပ်ပြီး အိပ်စက်ခြင်း ၊ ရေကူးခြင်းများ မပြုလုပ်သင့်ပါ။

- နေ့စဉ်မျက်စင်းခပ်ခြင်း မပြုလုပ်သင့်ပါ။

- ညအိပ်ရာမ၀င်ခင် သင့်မျက်ခွံတွေပေါ် ၁၀ မိနစ်ခန့် သခွားသီးကပ်ပေးခြင်း ၊ Green Tea Bag ကို ၁၅ မိနစ်ခန့်ကပ်ပေးခြင်းဖြင့် မျက်လုံး နီရဲ ဖူးရောင်ခြင်းတွေကို သက်သာစေနိုင်ပါသည်။

- နေပူထဲထွက်လျှင် UV ကာကွယ်ပေးသည့် နေကာမျက်မှန်များ တပ်ဆင်ပြီးမှ ထွက်ပါ။

- Computer Screen ကို အချိန်ကြာကြာ ကြည့်ရှုခြင်း မပြုပါနှင့်။ Computer အသုံးပြုနေစဉ် မျက်တောင်မကြာခဏခပ်ပေးပါ။

K.K ( ကနောင်)
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ