Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား


လူငယ်တယောက် အင်္ဂလိပ်လိုရေး မေးပါတယ်။ အကာအကွယ်လည်းသုံးတယ်။ အတွေ့အကြုံတခုရှိပြီးနောက် ဆီးအောင့်တယ်။ ကိုယ်ပူတယ်။ အဆစ်နာတယ်။ ဂနိုးရီးယားဖြစ်သလား စိုးရိမ်တယ်။ အရင်ကလည်း မေးတာတွေ များတယ်။ ပြီးခဲ့တဲ့ ၁-၂ ပတ်လောက်က ဆေးယဉ်တဲ့လိင်ကတဆင့်ကူးစက်ရောဂါသတင်းထွက်ခဲ့ပါတယ်။

၁။ ဆရာ ကျွန်တော်အသက် ၂၇နှစ် အမျိုးသားပါ။ သွေးစစ်စာမှာ Chalmydia ဖြစ်နေတယ်တဲ့ ဘာတွေဆက်လုပ်သင့်ပါသလဲဆရာ။့ မှာဖြစ်နေပါတယ်။ ၀ယ်သောက်ရမည့်ဆေးသိပါရစေ။ နောက်၃လနေရင်ပြန်စစ်ရမယ်ပြောသော်လည်း မည်သည့်ဆေးမှမပေးလိုက်ပါ။

၂။ ကျွန်တော် အသက် ၂၆၊ ရန်ကုန်မှာနေပါတယ်။ ဆရာ့ပိုစ်တွေ တော်တော်များဖတ်ဖူးပါတယ်။ အဲ့ထဲမှာမှ Gonorrhea နဲ့ Chlamydia ရောဂါလက္ခဏာတွေက အားလုံးနီးပါတူညီနေတာ တွေ့ရပါတယ်။ ဒီရောဂါနှစ်ခုကို ကွဲကွဲပြားပြား ဘယ်လို သိနိုင်မလဲဆရာ။ ဖြေကြားပေးပါဆရာ။

Gonorrhea ဂနိုးရီးယားဆိုတာ Neisseria gonorrhoeae ဗက်တီးရီးယားကနေကူးစက်တယ်။ ကဲလ်မီဒီးယားနဲ့ တွဲဖြစ်တတ်တယ်။ မိန်းမတွေမှာ PID တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တဲ့ရောဂါကို ဖြစ်စေတဲ့ ပင်မအကြောင်းဖြစ်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာနဲ့ အမျိုးသမီးကလေးမရတာတွေကိုလည်း ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျားတွေမှာ ကျားအစိနဲ့ ဆီးကျိတ်ရောင်တာကိုဆက်ဖြစ်စေနိုင်တယ်။ ပါးစပ်၊ လည်ချောင်း၊ မျက်စိနဲ့ စအိုနေရာတွေမှာလည်းဖြစ်တယ်။

Chlamydia ကဲလ်မီဒီးယားဆိုတာ Chlamydia trachomatis ဗက်တီးရီးယားကနေကူးစက်တယ်။ အဖြစ်အများဆုံး လိင်ကတဆင့်ကူးစက်ရောဂါဖြစ်တယ်။ မိန်းမတွေမှာ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ရောဂါကို ဖြစ်စေတဲ့ ပင်မအကြောင်းလည်းဖြစ်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာနဲ့ အမျိုးသမီးကလေးမရတာတွေကိုလည်း ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျားတွေမှာ ကျားအစိနဲ့ ဆီးကျိတ်ရောင်တာကို ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျား ကလေးမရတာလည်းဖြစ်စေနိုင်တယ်။ ယောက်ျားလိင်အင်္ဂါကနေ အရည်ကျစေနိုင်တယ်။

ကူးစက်နည်းနဲ့ ရောဂါလက္ခဏာတွေ
ကဲလ်မီဒီးယားရော ဂနိုးရီးယားပါ ဗဂျိုင်းနား၊ စအို၊ ပါးစပ်ကနေ လိင်အတူနေစဉ်မှာကူးစက်ကြတယ်။ နှစ်မျိုးလုံးဟာ တချို့မှာ ရောဂါလက္ခဏာတွေပေါ်ပြီး တချို့မှာမပေါ်စေပါ။ နှစ်မျိုးလုံးဟာ မိခင်ကနေ ကလေးဆီကူးစက်စေနိုင်ကြတယ်။ အမျိုးသမီးတွေမှာ ဗဂျိုင်းနားကနေ တခုခုဆင်းမယ်။ အရောင်အမျိုးမျိုးဖြစ်နိုင်တယ်။ ရာသီမမှန်ဖြစ်စေနိုင်တယ်။ ပူလောင်နေသလိုခံစားရမယ်။ ဆီးပူမယ်၊ တင်းပါးဆုံနေရာတွေနာမယ်ဆိုရင် သားအိမ်၊ မျိုးဥအိမ်၊ သားအိမ်ပြွန်တွေအထိ ရောက်နိုင်တယ်။ ခံစားရတာမရှိပဲဖြစ်နေနိုင်လို့ အရွယ်ရောက်အမျိုးသမီးတွေ စစ်ဆေးဘို့အကြံပြုထားတယ်။ အထူးသဖြင့် အတူနေဖေါ်များသူတွေက စစ်ရမယ်။

ယောက်ျားမှာဖြစ်ရင် ဆီးပူတာက မများလှပါ။ ဖြူဝါဝါအရည်ကျမယ်။ တချို့မှာ ကျားအစိနာမယ်။ ခံစားနေရတာတွေ ပျောက်သွားပေမယ့် တဖက်သားကိုကူးစေနိုင်တယ်။ ဂနိုးရီးယားကူးစက်လာပြီးနောက် ၂-၁ဝ-၃ဝ ရက်ဆိုရင် ခံစားနေရတာတွေ ပေါ်လာမယ်။ ကဲလ်မီဒီးယားကူးစက်ခံရရင် ၇-၂၁ ရက်မှာ လက္ခဏာပေါ်မယ်။ ဂနိုးရီးယား လည်ချောင်းမှာဖြစ်ရင် နီရဲနေမယ်၊ နာမယ်၊ ရောင်မယ်၊ အာသီးပါရောင်မယ်၊ အဖြူစက်လိုတွေ့နိုင်တယ်။ စအိုဆိုရင် နာမယ်။ သွေးထွက်နိုင်တယ်။ ဝမ်းသွားရင်နာမယ်။

ဘယ်လိုစစ်မလဲ
ဆီးစပ်နေရာနဲ့ သားအိမ်အဝကနေ ဂွမ်းစလေးနဲ့ ဆဲလ်နမူနာယူပြီးစစ်ရတယ်။ ဆီးစစ်တယ်။ ဆီးမသွားပဲ အနည်းဆုံး ၂ နာရီစောင့်ထားပြီးမှသွားဆဲ့ဆီးကိုစစ်တယ်။ သံသယဖြစ်တဲ့လိင်အတွေ့အကြုံရှိပြီးနောက် ၂ ပါတ်ကြာရင် စစ်သင့်တယ်။ ဒီကူးစက်ရောဂါ ၂ မျိုးလုံးကတွဲဖြစ်နေသလို အသည်းရောင် ဘီပိုး၊ ဆစ်ဖလစ်နဲ့ HIV တွေနဲ့လည်း တွဲဖြစ်တတ်တယ်။ အဲတာတွေကိုပါ စစ်သင့်တယ်။ လိုမယ်ထင်သေးရင် နောက် ၃-၄ လမှထပ်စစ်ပါ။

ဘယ်လိုကုမလဲ
လိင်အတူနေဖက်ကိုပါ တပြိုင်တည်းဆေးကုသသင့်တယ်။ ကူးစက်ခံနေရသူနဲ့ လွန်ခဲ့တဲ့ ရက် ၆ဝ အတွင်းမှာ အတူခဲ့ဘူးသူတွေလည်း စစ်ဆေးကုသမှုလုပ်သင့်တယ်။ ဆေးကုသမှုပြည့်ပြီးနောက် ၇ ရက်အထိ အတူနေတာကို ရှောင်သင့်တယ်။ ကွန်ဒွမ်သုံးတာ ကာကွယ်ရာကျတယ်။

Gonorrhea ဂနိုးရီးယားအတွက်ဆေး
- Cipro® XR 500 mg တကြိမ်တည်းသောက်ပါ။ (သို့)
- Levaquin® 500 mg တကြိမ်တည်းသောက်ပါ။ (သို့)
- Tequin® 400 mg တကြိမ်တည်းသောက်ပါ။

Chlamydia ကဲလ်မီဒီးယားအတွက်ဆေး
- Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ (သို့)
- Zithromax® (azithromycin) 1.0 gm တကြိမ်။ (သို့)
- Zithromax® Z-pak® (azithromycin) – 500mg ပထမနေ့၊ 250mg တနေ့တကြိမ် နောက် ၄ ရက်။

CDC ၂ဝ၁ဝ လမ်းညွှန်အရ Cephalosporins (Cipro XR 500 mg) ကို ဆေးယဉ်လို့ ဂနိုးရီးယားအတွက် မသုံးစေတော့ပါ။
- Ceftriaxone 250 mg တလုံးထိုး + Azithromycin 1 g တလုံး ဒါမှမဟုတ်
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်တွဲပေးတယ်။

နောက်ဆေးနည်းကတော့
- Cefixime 400 mg သောက်ပါ + Azithromycin 1 g တလုံး ဒါမှမဟုတ် doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်တွဲပေးတယ်။ Ceftriaxone နဲ့အလာဂျီရသူဆိုရင် Azithromycin 2 g သောက်ပါ။

နောက်တနည်းကတော့
- Ceftriaxone 250 mg တလုံးထိုးပါ + Azithromycin 2 g တကြိမ်သောက်ပါ။

အတူနေအဖေါ်အတွက် အမြန်နည်း
- Cefixime 400 mg + Azithromycin 1 g သောက်ပါ။

ပြန်ဖြစ်တဲ့ဂနိုးရီးယားဆိုရင် ဆေးပတ်လည်ပြီး တပတ်နေရင် ပိုးမွေးနည်းလုပ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ