Blood Types and Paternity Determination သွေးအုပ်စုနှင့် မိဘ စစ် မစစ် စစ်ဆေးခြင်း


၁။ ဆရာရှင့် ကျွန်မအသက် ၂၄ နှစ်ပါ။ ဟိုတနေ့က Today news မှာသွေးသွေးချင်းပေါင်းရင် ပြန်ထွက်လာတဲ့ သွေးတွေအကြောင်းရေးထားတာ AB နဲ့ O နဲ့ပေါင်းရင် AB လုံးဝပြန်မထွက်နိုင်ဘူးလို့ တယောက်ကရေးထားလို့ပါ။ တကယ်ပဲ မရှိနိုင်ဘူးလားသိချင်လို့ပါရှင်။

၂။ ဆရာခင်ဗျ ကျွန်တော်က စစ်ကိုင်းတိုင်း ပုလဲမြို့ ကပါ။ အမိအဖတွေနဲ့ သားသမီးသွေး ဆက်စပ်ပုံကို သိချင်တာပါ။ ဥပမာ မိဘက O သွေးဆို သားသမီးက O သွေး၊ အဖက A အမိက B ဆို သာသမီးက ဘာသွေးဖြစ်မလဲ။ အဲလို သက်ရောက်မူသိချင်လို့ပါဆရာ။

၃။ ဒေါက်တာရှင့် ကျွန်မအသက် ၂၉ နှစ်ပါ။ လွန်ခဲ့သော Jan 2. 2016 ရက်နေ့တွင် သမီးဦးလေးကို ခွဲစိတ်မွေးခဲ့ပါတယ်။ သမီးလေးရဲ့သွေးအမျိုးအစားက အိုသွေးဖြစ်နေတာပါ ကျွန်မက B+ အမျိုးသားက A သွေးပါ အဲဒါကလေးက အိုသွေး ဖြစ်နိုင်ပါသလားဒေါက်တာ ကျွန်မ တိတိကျကျလေးသိချင်လို့ပါ။ ပြန်လည်ဖြေကြားပေးပါ ကျေးဇူးတင်ပါတယ်။

၎။ မင်္ဂလာပါဆရာ။ ဆရာ့ရဲ့ သွေးအကြောင်း Post ကို ဖတ်ရတဲ့အတွက် ကျေးဇူးပါဆရာ။ အအေမေဟာ B သွေးဖြစ်ပြီ။ သားသမီးက O သွေးဖြစ်နိုင်ပါသလားဆိုတာ လေးစားစွာမေးပါရစေရှင်။

၅။ ဆရာ သမီးရဲ့သွေးက AB(-) ပါဆရာ။ သမီးအမျိုးသားရဲ့သွေးက O ပါဆရာ။ အခုသမီးမီးဖွားထား ၂၂ ရက်ရှိပါပြီ။ သမီးရဲ့ခလေးသွေးက AB(+) ပါဆရာ။ AB(-) နဲ့ AB(+) က သွေးတူပါသလားဆရာ။ AB(-) နဲ့ O နဲ့မှာ သမီးရဲ့ ကလေးသွေးက အမေနဲ့ကောအဖေနဲ့ကော မတူဘဲ AB(+) ဖြစ်နေရတာလဲ။ အဲ့လိုမျိုးကော ဖြစ်တက်ပါသလားဆရာ။

သွေးအုပ်စုကိုကြည့်ပြီး မိဘ စစ်-မစစ်၊ ဖြစ်နိုင်ခြေစမ်းသပ်ရန်ဇယားကို တချို့အရှုပ်အရှင်းတွေမှာ အထောက်အထား ပြုနိုင်ပါတယ်။ လိုသေးရင် DNA ပါ ဆက်စစ်ရပါမယ်။

မိဘတွေကရဲ့သွေးအမျိုးအစားတွေကနေ သားသမီးတွေမှာ ဖြစ်လာနိုင်တဲ့ သွေးအမျိုးအစားများ
1. မိဘသွေးအုပ်စု (အေ) + (အေ) = သားသမီး (အေ) နှင့် (အို)
2. မိဘသွေးအုပ်စု (အေ) + (ဘီ) = သားသမီး (အေ)၊ (ဘီ)၊ (အေဘီ) နှင့် (အို)
3. မိဘသွေးအုပ်စု (အေ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)
4. မိဘသွေးအုပ်စု (အေဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)
5. မိဘသွေးအုပ်စု (ဘီ) + (ဘီ) = သားသမီး (ဘီ) နှင့် (အို)
6. မိဘသွေးအုပ်စု (ဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)
7. မိဘသွေးအုပ်စု (အို) + (အို) = သားသမီး (အို)
8. မိဘသွေးအုပ်စု (အေ) + (အို) = သားသမီး (အေ) နှင့် (အို)
9. မိဘသွေးအုပ်စု (ဘီ) + (အို) = သားသမီး (ဘီ) နှင့် (အို)
10. မိဘသွေးအုပ်စု (အေဘီ) + (အို) = သားသမီး (အေ) နှင့် (ဘီ)
11. မိဘသွေးအုပ်စု (Rh +) + (Rh -) = သားသမီး (Rh +) နှင့် (Rh -)
12. မိဘသွေးအုပ်စု (Rh -) + (Rh -) = သားသမီး (Rh -)
13. မိဘသွေးအုပ်စု (Rh +) + (Rh +) = သားသမီး (Rh +) နှင့် (Rh -)

Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား
သွေးလှူချင်သူများ
• သွေးအုပ်စု A+ သည် A+, AB+ တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု O+ သည် O+, A+, B+, AB+ တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု B+ သည် B+, AB+ တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု AB+ သည် AB+ ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု A- သည် A+, A-, AB+, AB- တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု O- သည် လူတိုင်းကို သွေးလှူနိုင်သည်။
• သွေးအုပ်စု B- သည် B+, B-, AB+, AB- တို့ကို သွေးလှူနိုင်သည်။
• သွေးအုပ်စု AB- သည် AB+, AB- တို့ကို သွေးလှူနိုင်သည်။

သွေးရယူမည့်သူများ
• သွေးအုပ်စု A+ သည် A+, A-, O+, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု O+ သည် O+, O-ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု B+ သည် B+, B-, O+, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု AB+ သည် လူတိုင်းဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု A- သည် A-, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု O- သည် O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု B- သည် B-, O- ဆီကသွေးကို သွေးရယူနိုင်သည်။
• သွေးအုပ်စု AB- သည် AB-, A-, B-, O- ဆီကသွေးကို သွေးရယူနိုင်သည်။

အငြင်းပွါးစရာရှိနေရင် လိုအပ်ရင် သွေးအုပ်စုကို ပြန်စစ်ရပါမယ်။

1. Blood donation မြတ်သော နီသော သွေး http://dts-medicaleducation.blogspot.com/2012/01/blood-donation.html
2. Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း http://dts-medicaleducation.blogspot.in/2012/05/rh-blood-group-system.html
3. Blood Grouping သွေးအုပ်စုခွဲခြင်း http://dts-medicaleducation.blogspot.in/2013/08/blood-grouping.html
4. DNA testing မျိုးဗီဇစမ်းခြင်း http://dts-medicaleducation.blogspot.com/2011/04/dna-testing.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ