တိုင်းကြည့်ရအောင်


၁။ နှလုံး
နှလုံးကျန်းမာသလားသိရအောင် မနက်အိပ်ရာနိုးလာတဲ့အခါ တိုင်းလို့ ရပါတယ်။ လက်ကောက်ဝတ်ကို လက်ချောင်းလေးနဲ့ စမ်းပြီး သွေးခုန်နှုန်းကို တိုင်းကြည့်ပါ။ ၁၅စက္ကန့်တိုင်းပြီး ၄နဲ့မြှောက်ပါ။ ၆၀ အောက်ဆို သိပ်ကို ကျန်းမာပါတယ်။ ၆၀ က ၇၀ကြား ဆိုကောင်းပါတယ်။ ၇၀ က ၈၀ ကြားဆို အသင့်အတင့်ပါ။ ၈၀ နဲ့ အထက်ဆိုရင် နှလုံးဟာ မောပန်းနေပါပြီ။ ဆရာဝန်ဆီသာ သွားပါတော့။

၂။ အလေးချိန်
BMIတွက်ကြည့်ရပါမယ်။ အရပ်ကို မီတာနဲ့တွက်၊ အလေးချိန်ကို ကီလိုဂရမ်နဲ့တွက်ပြီး စားကြည့်ပါ။ ကီလိုဂရမ်ကို အရပ်(မီတာ)ကို square တင်၊ နှစ်ထပ်ကိန်းလုပ် (ဥပမာ - နှစ်မီတာဆို ၂ x ၂ x ၄) ပြီးစားပါ။ ထွက်လာတဲ့အဖြေက ၁၈.၅ ကနေ ၂၅ အထိဆို ကျန်းမာပါတယ်။ ၂၅ ကနေ ၃၀ ဆို အဝလွန်ပါတယ်။ ၃၀ နှင့် အထက်ဆို ပိုဝပါတယ်။ ပိုဆိုးပါတယ်။ ၂၅ အထက်ဆို ဆရာဝန်ဆီသွားပါ။

၃။ ခါး
နှလုံးသွေးကြောကျဉ်းရောဂါက ခါးဆိုဒ်နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ပေကြိုးယူပြီး တိုင်းလိုက်ပါ။ မတ်တပ်ရပ်ပြီး ခါးရဲ့အကျဉ်းဆုံး၊ အသေးဆုံးနေရာကို ပေကြိုးနဲ့ပတ်ပြီး တိုင်းပါ။ ၃၂ လက်မထက် နည်းရင်ကောင်းပါတယ်။ ၃၅ လက်မ ထက်များနေရင် နှလုံးနဲ့ ပတ်သက်လို့ အန္တရာယ်ရှိပါတယ်။ ဒေါက်တာဆီသာသွားပါ။


Good Health
Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ