ပြောင်းဖူးရဲ့ ကျန်းမာရေးကောင်းကျိုး(၉)မျိုး


ကျန်းမာရေးဟာ လူ့ဘ၀မှာ အရေးပါလှပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာတွေက အဟာရရှိမှ၊ လက်ဆက်
သန့်ရှင်းမှလည်း သက်ရှည်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အခုလည်း ပြောင်းဖူးရဲ့ ကျန်းမာရေး ကောင်းကျိုး (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာချေစနစ်ကို ကောင်းမွန်စေတယ်

ပြောင်းဖူးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေစနစ်ကို ကောင်းကျိုးပေးနိုင်ပါတယ်။ အစာမကြေဖြစ်တာ၊ ဗိုက်အောင့်
ဗိုက်နာတာမျိုးကို မဖြစ်စေပဲ အချိန်တိုအတွင်း အစာကြေညက်နိုင်စေပါတယ်။

(၂) ကင်ဆာကို ကာကွယ်ပေးနိုင်တယ်

အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါကို တိုက်ဖြတ်ပေးနိုင်ပါတယ်။ ပြောင်းဖူးမှာပါ
တဲ့ ဗီတာမင် C၊ Beta-cryptoxanthin နဲ့ ပြောင်းဖူရဲ အ၀ါရောင်ခြယ်မှာ ပါဝင်တဲ့ carotenoid ဓာတ်တွေဟာ ကင်ဆာ
ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) နှလုံးရောဂါကို မဖြစ်စေဘူး

ပြောင်းဖူးမှာ ဗီတာမင် B, C အပြင် Folate ဓာတ်လည်း ပါဝင်ပါတယ်။ သွေးထဲမှာရှိတဲ့ ကိုလက်စထရောနဲ့ သွေးခဲတွေကို
ကြေလွယ်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း အားပေးပါတယ်။ ဒါကြောင့် ရေရှည်မှာ နှလုံးရောဂါဖြစ်နိုင်ချေကို ထိ
ရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွေးအားနည်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးတယ်

ဖောလစ်အက်စစ်၊ ဗီတာမင် B ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ ပြောင်းဖူးကို နေ့စဉ် စားပေးရင် သွေးနီဥတွေကို အား
ကောင်းစေပါတယ်။ သွေအားနည်းရောဂါအပြင်၊ မူးဝေမောပန်းခြင်း၊ မအီမသာဖြစ်ခြင်း၊ ခဏခဏ ဖျားနာခြင်း-စတာ
တွေကိုပါ ကာကွယ်နိုင်ပါတယ်။

(၅) သွေးတိုး/သွေးကျ ရောဂါကို ထိန်းချုပ်နိုင်တယ်

ပြောင်းဖူးအစေ့ထဲမှာ phenolic phytochemical ဓာတ်တွေ မြောက်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သွေးအရမ်းတိုးတတ်
သူများ၊ သွေးပေါင်ချိန် ကျဆင်းမြန်သူများအတွက် သင့်တော်ပါတယ်။ phenolic phytochemical ဓာတ်ဟာ ပုံမှန် သွေးဖိ
အားကို ထိန်းပေးပြီး မလိုအပ်တဲ့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၆) မျက်လုံး/ဦးနောက်တို့ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်တယ်

စာကြည့်များလို့ မျက်လုံးမှုန်ဝါးတာတို့၊ ဖိအားအမျိုးမျိုးကြောင့် ဦးနှောက်ထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်နေရင် ပြောင်းဖူးကို ပုံ
မှန် စားပေးခြင်းနဲ့ သက်သာစေပါတယ်။ ပြောင်းဖူးထဲမှာ beta-carotene, ဗီတာမင် A, ဦးနှောက်ကို ကူညီပေးနိုင်တဲ့ ဗီတာမင် B1 ဓာတ်တွေ ပါဝင်ပါတယ်။

(၇) အသားရေးကို ချောမွတ်စေတယ်

ပြောင်းဖူးမှာ အသားအရေကို အကျိုးပြုနိုင်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် C စတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာ
ကိုယ်မှာ အရေးအကြောင်းပေါ်ခြင်း၊ အသားရေ တွဲခြင်း၊ အသားရေ ကြမ်းခြင်း-တို့ကို သက်သာစေပါတယ်။

(၈) ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်တော်တယ်

ကိုယ်ဝန်ဆောင်မိခင်တွေ ပြောင်းဖူးကို စားပေးရင် folic acid ကြောင့် သန္ဓေသားကို အခြားရောဂါတွေ မကူစက်စေ
နိုင်ပါဘူး။ ဒါ့အပြင် ဗီတာမင် C၊ beta-carotene, ဗီတာမင် A ဓာတ်တွေက မမွေးရသေးတဲ့ ရင်သွေးငယ်ကို မွေးရာ
ပါ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

နတ်စည်တော် (Shwemom)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ