မြွေပွေးအဆိပ်နှင့်မြွေဟောက်အဆိပ်နှစ်မျိုးဖြေနိုင်မည့် Bivalent မွဆိပ်ဖြေဆေးသစ် ဖြန့်ဖြူးမည်


မြွေပွေးအဆိပ်နှင့်မြွေဟောက် အဆိပ်ပါဖြေနိုင်မည့်Bivalent ဆိပ်ဖြေဆေးသစ်ကို စက်မှုဝန်ကြီး ဌာန MPF ဆေးဝါးစက်ရုံကနေ စတင်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြွေပွေးအဆိပ်နှင့်မြွေဟောက်အဆိပ်ပါဖြေနိုင်မည့် ငြလေူနညအ မြွေဆိပ်ဖြေဆေးကို င်္ဏြ ကနေ ထုတ်လုပ်နိုင်ပြီဖြစ် သောကြောင့် ဆေးဝါးမှတ်ပုံတင် လက်မှတ်ရရှိသည်နှင့် ဈေးကွက် အတွင်း စတင်ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန MPF စီမံကိန်း ဒုတိယအထွေထွေ မန်နေဂျာ ဒေါက်တာအောင်ဇော်က ပြောသည်။

စက်မှုဝန်ကြီးဌာန MPF စီမံကိန်း ဒုတိယအထွေထွေမန်နေ ဂျာဒေါက်တာအောင်ဇော်က ''အချို့မြွေကိုက်ခံရတဲ့လူနာတွေမှာမြွေပွေး၊ မြွေဟောက်ကိုက်တာကိုခွဲခြားရတဲ့ အချိန်တွေ ရှိနေတာကြောင့်မြွေပွေး အဆိပ်ရောမြွေဟောက်အဆိပ်ပါ နှစ်မျိုးလုံးရဲ့အဆိပ်ကိုပြေစေနိုင် မယ့်ြေ>ွမဆိပ်ဖြေဆေး စတင်ထုတ် လုပ်တာဖြစ်တယ်''ဟုပြောသည်။
ယခုနှစ်အတွက်မြွေပွေးအဆိပ် ဖြေဆေးပုလင်းပေါင်း ကိုးသောင်း နှင့် မြွေဟောက်အဆိပ်ဖြေဆေး ပုလင်းပေါင်းတစ်သောင်းထုတ်လုပ် ရောင်းချသွားမည်ဖြစ်ကြောင်း MPFစီမံကိန်း ဒုတိယအထွေထွေ မန်နေဂျာဒေါက်တာအောင်ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာနMPF အနေ ဖြင့် WHO ၏ သတ်မှတ်ချက်နှင့် အညီ မြွေဆိပ်ဖြေဆေးထုတ်လုပ် သော အဆောက်အအုံကို ၂ဝ၁၆ ခုနှစ် မေ ၂ဝ ရက်က ကမ္ဘာ့အဆင့် မြီျေမွဆိပ်ဖြေဆေးအဆောက်အအုံ ကို ဖွင့်လှစ်နိုင်ခဲ့ပြီးမြွေဆိပ်ဖြေ ဆေးများကို ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က မှာယူအသုံးပြုနေ ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ နိုင်ငံအတွင်း အဆိပ်ရှိမြွေကိုက်ခံ ရခြင်းများထဲမှမြွေပွေးရာခိုင်နှုန်း ၉ဝ၊မြွေဟောက် ခြောက်ရာခိုင်နှုန်း နှင့်ကျန်လေးရာခိုင်နှုန်းသည်အခြား အဆိပ်ရှိမြွေမျေားဖြစ်သော ငန်းတော် ကျား၊မြွေစိမ်းမြီးခြောက်စသည် တို့ဖြစ်ကြောင်း သိရသည်။

အောင်ပိုင်မျိုး
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ