အရေပြားရောဂါ ဖြစ်ပွားမှု များပြားလာသည်ကို အထူး ဂရုပြုရန် လိုအပ်


နွေရာသီ၏ အပူချိန်မှာ မြင့်တက်လာခြင်းနှင့် အတူ ခရမ်းလွန် ရောင်ခြည်ရိုက် ညွှန်းကိန်းမှာ လည်း မြင့်တက်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်များ အရသိရသည်။

အပူချိန် သိသိသာသာ တိုးလာပြီး ခရမ်းလွန် ရောင်ခြည်ရိုက် ညွှန်းကိန်းမြင့်တက် လာခြင်းနှင့်အတူ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့၍ အလုပ် လုပ်ကိုင်သူများ အနေဖြင့်လည်း အရေပြား ရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း အရေပြားရောဂါ အထူးကု ဆရာဝန်ကြီးများနှင့် အထွေထွေ ရောဂါကု ဆရာဝန်ကြီးများ၏ ပြောကြားမှု အရ သိရသည်။

အရေပြားရောဂါ ဖြစ်ပွားသူ အများစုမှာ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှုကြောင့် အသားအရေ ပျက်စီးခြင်း၊ ယားနာများဖြစ်ပေါ်ခြင်းနှင့် အနီကွက်များ ဖြစ်ပေါ်လာကြောင်း အရေပြားရောဂါ အထူးကု ဆရာဝန်ကြီး ဦးမင်းဟန်က ပြောကြားခဲ့သည်။

အရေပြားရောဂါ ဖြစ်ပွားသူများကို သုံးသပ်ကြည့်ပါက နေရောင်ခြည်ထဲ သွားလာရာတွင် အကာအကွယ် မပါဘဲ သွားလာခြင်းကြောင့် အသားအရေမှာ နေရောင်ခြည်နှင့် ထိတွေ့သည့်အပြင် ခန္ဓာကိုယ်မှ ထွက်သည့် ချွေးနှင့် ဖုန်မှုန့်များ ရောနှော ထိတွေ့ပြီး အရေပြားရောဂါ များ ဖြစ်ပွားခြင်း ဖြစ်သည်။

''ဒီရက်ပိုင်းမှာ အရေပြားရောဂါ ဖြစ်တဲ့ လူနာတွေ များတယ်။ နွေရာသီမှာ မိတ်တွေထွက်တယ်။ ပေါက်ပြဲအောင် ကုတ်တယ်။ပြီးရင် ကျောက်ချဉ်၊ သံပရာသီး၊ ဆားနဲ့သိပ်တယ်။ အနာတွေ ဖြစ်ကုန်တာပေါ့။ တချို့က နေရောင်ခြည်ထဲသွား၊ ချွေးကထွက်၊ ဖုန်နဲ့ထိ၊ ယားလို့ကုတ် အရေပြားတွေ ပျက်စီးကုန်တယ်'' ဟု ဒေါက်တာဉာဏ်လင်းတင့်က ပြောကြားခဲ့သည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ