ပုဇွန်ကို ဗီတာမင်စီ နဲ့တူတူတွဲမသောက်နဲ့
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊
ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။
ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိုး တွေနဲ့ အတူ
အနောက်တိုင်းစားသောက်ဆိုင် တွေရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ဂဏန်း၊ငါး အဲဒါတွေ
အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်
၊ ၀ိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice
လိုဖျော်ရည်မျိုးကို တွဲဖက်ပြီးစားသုံး ခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို
့တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့ အခါ ပုဇွန်တစ်ပန်းကန်နဲ
့အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှ
ုမျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်း မှုလေးလို့ 
ကျွန်တော်တို့  ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့အခွံပါးလေးတွေ
ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ
တွဲဘက်စားသုံးတဲ့ အခါ အခန့် မသင့် ရင် အသက် အန္တရာယ် ကိုပါ စိုးရိမ်ရ ကြောင်း
ကျွန်တော်တို့  အခုသိခဲ့  ရ ပါပြီ ။
.
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊
ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။
သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို့ 
သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။
.
ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှု တွေ လုပ်ပါတော့တယ်။
ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာ ကိုဖြေရှင်းဖို့ 
ဖိတ်ခေါ်ခဲ့ ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့
အစိတ်အပိုင်းတွေအားလုံးကို သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ဒီ
လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို
ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှုကြောင့်
မတော်တဆသေဆုံးခဲ့ရတာပါ။ “ လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
“ဘာကြောင့် မတော်တဆသေဆုံးရတာ လဲ “ဆိုပြီး လူတွေဟာ အံ့ သြ ကုန်ကြပါတယ် ။
.
“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို
နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊
သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊
ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း
ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ
ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ”
လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
.
အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ
့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့လာ တွေ့ ရှိခဲ့ ကြပါတယ်။ အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ် ကို ဘေးမဖြစ်စေပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့
ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as
arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ်
အာဆင်းနစ် ဒြပ်ပေါင်းသုံးမျိုး (also known as arsenic trioxide, a chemical
formula (As203), which is commonly known as arsenic to the public! )
အဖြစ်ပြောင်းလဲသွားပါတယ်။
.
အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာာ အရေးအပါဆုံး
အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြော
တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ
ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊
ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။
.
ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။
Myawady Health
https://www.facebook.com/myawadyhealth
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin