လျှပ်စစ်စွမ်းအင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို အသုံးပြု၍ ပရိုတိန်းဓာတ်ကို ဖင်လန် သိပ္ပံ ပညာရှင် များထုတ်လုပ်
ဖင်လန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစာရေစာရှားပါးမှုကိုဖြေရှင်းနိုင်မည့်နည်း လမ်းတစ်ခု အဖြစ် လျှပ်စစ်စွမ်း အင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို အသုံးပြု၍ပရိုတိန်း ဓာတ်ကို ထုတ်လုပ်နိုင် ကြောင်း သိရသည်။ အစဉ်အလာ မဟုတ်သည့် နည်းလမ်းဖြင့် ထုတ်လုပ်ထားသော အဆိုပါ ပရိုတိန်းကို လက်ပင်း ရန်တာ နည်းပညာ တက္ကသိုလ်နှင့် ဖင်လန်နည်းပညာသုတေသနဌာနတို့မှ သုတေသီများက ပူး ပေါင်း ထုတ်လုပ်ခြင်းဖြစ်သည်။
ပထမအသုတ် အဖြစ်ထုတ် လုပ်ထားသည့် ပရိုတိန်းဓာတ်သည် အနာဂတ်ငတ်မွတ်ခေါင်းပါးမှု အတွက် ဖြေရှင်းစရာရှေ့ပြေးနည်းလမ်းတစ်ခုဖြစ်လာမည်ဟု သုတေသီများ ကမျှော် မှန်း ထားသည်။
သုတေသီများ၏ပြောဆိုချက်အရ လူသားများအတွက် လိုအပ်သည့်အာဟာရဓာတ်ကို လျှပ် စစ်စွမ်း အင်ရရှိသည့်နေရာများတွင် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယင်းလုပ်ဆောင် ချက်သည် အစား အစာရှားပါးမှုကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အပြင် ကမ္ဘာကြီး၏ပတ်ဝန်းကျင် ဆိုင်ရာပြ ဿနာ များကိုပါ ဖြေရှင်းပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်လျှပ်စစ်စွမ်းအင်ဖြင့်ထုတ်လုပ်ထားသည့် အဆိုပါပရိုတိန်းဓာတ်ကို တိရစ္ဆာန်များ အတွက် အစားအစာ အဖြစ်အသုံးပြုနိုင်ခြင်းကြောင့် ကောက်ပဲသီးနှံ စိုက်ခင်းများနှင့် သစ်တော များ အတွက်လည်း အထောက် အကူပြု မည်ဖြစ်ကြောင်း Yle ရုပ်သံက ထုတ်ပြန် ထားသည်။
မြ၀တီ
https://www.facebook.com/mwdmedia
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin