ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်းများ


ကျောက်ကပ်ရောဂါဟာ အသက်အန္တရာယ်အတွက် အလွန်အရေးကြီးသည့်
ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာကို ကုသနေရသူများဟာ
ငွေကုန်ကြေးကျ အလွန်များပြားလှတဲ့ ရောဂါဖြစ်ပါတယ်။

အနောက်တိုင်းသားများဟာလည်း ယခုဆိုလျှင် ဘေးထွက်ဆိုးကျိုးမရှိပဲ သဘာဝ သစ်ဥသစ်ဖုများနှင့် အသီးအနှံများဖြင့် ဖော်စပ်ပြီး သုံးစွဲရသည့် သဘာဝဆေးနည်းများကို အားကိုပြီး သုံးစွဲလာနေကြပါပြီ။

ကျောက်ကပ်အတွက် သဘာဝဆေးနည်းကို မျှဝေပေးလိုက်ပါတယ်။

(၁) ကျောက်ဖရုံသီး ဟင်းချိုကို အသား၊ ငါးတို့မထည့်ပဲ မကြာခဏ ချက်ပြီး သောက်ပေးပါ။

(၂) ကျောက်ကပ်ကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်လျှင် ကျောက်ဖရုံသီးကိုခွဲ၍ အူတိုင်ကိုထုတ်ပြီး အတွင်းသားဖြင့် ကျောက်ကပ်ရှိသည့်နေရာသို့ကပ်၍ စည်းထားပါ။ တဖြေးဖြေး သက်သာလာပါလိမ့်မည်။

(၃) သံမနိုင်ကျောက်မနိုင်ပင်၏ ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ၊ ကျောက်တည် ရောဂါများ
ပျောက်ကင်းစေပါသည်။

(၄) ရေ၀ါးမြက်ပင်လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၍ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျိုပြီး ၄င်းဆေးပြုတ်ရည်ကို တစ်နေ့တစ်ကြိမ် မတ်ခွတ်တစ်ခွက်စာခန့် သောက်ပါ။

(၅) ပရန္နဝါပင်၏ ပဥ္ဒငါးပါးကို ရေစင်အောင်ဆေး၍ ရေ ၃ ဆ ၁ ဆ ဖြစ်အောင် မီးပျော့ပျော့ဖြင့်ကျို၍ မနက်၊နေ့၊ည လက်ဖက်ရည်ပန်းကန်လုံးခန့် သောက်ပါ။

(၆) အုန်းစိမ်းရည်ထဲကို ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်၍ ၁ နာရီခန့် စိမ်ထားပြီး ညအိပ်ယာဝင်ခါနီး သောက်ပါ။ မနက်အိပ်ယာထမှာ ရေအ၀သောက်ပါ။

(၇) မြင်းခွါရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၊ ဆား၊ ရှာလကာရည်၊ သကြားတို့ကို အနည်းငယ်စီထည့်၊ ရေသန့် သို့မဟုတ် ရေကျက်အေး တစ်ခွက်ထည့်၍ ဖျော်ရည်စက်ဖြင့် ဖျော်ပါ။ ကော်ဖီစစ်ဖြင့် အရည်ကို စစ်ယူ၍ ဗူး၊ ပုလင်းဖြင့် ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပါ။ ၄င်းဆေးရည်ကို ဖျော်ရည်သောက်သလို မကြာဏ သောက်ပေးပါ။ ကျောက်ကြေစေပါမည်။ ဆီးရွှင်၍ ၀မ်းမှန်စေပါသည်။

(၈) ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ် ချိုးပေးပါ။ ရေပူစမ်းမရှိပါက
ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ ချွေးထုတ်ပါ။

ကျောက်ကပ်ရောဂါအတွက် သဘာဝဆေးနည်းကောင်းများကို ဖတ်မိသမျှ စုစည်းမျှဝေပေးလိုက်ပါသည်။ လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ