သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူယခင်နှစ်ထက်လေးဆခန့်ပိုမိုများပြား


ရန်ကုန်မြို့၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် ယခင်နှစ်ထက် လေးဆခန့် ပိုမို များနေကြောင်း ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်ထံမှ သိရသည်။

ရန်ကင်းကလေးဆေးရုံကြီးသို့ ယခုနှစ်ဇန်န၀ါရီလမှ ဇွန်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၄၀၀ ခန့်လာရောက်ပြသပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသည့်ကလေး ၁၀ ဦးကျော်ရှိကြောင်း သိရသည်။

“မိဘတွေအနေနဲ့ ဒီရာသီမှာ ကလေးဖျားတာနဲ့ သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေရှိတယ်ဆိုတာ သိသင့် ပါတယ်။သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေနဲ့ ရောဂါမဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်ရ မလဲဆိုတဲ့ အသိပညာရှိသင့်ပါတယ်။ ရောဂါသိပြီဆိုရင်တော့ အနီးစပ်ဆုံးဆေးရုံ၊ ဆေးခန်းတွေကို ပြသရပါ မယ်” ဟု ဒေါက်တာမြင့်မြင့်ခိုင်ကပြောသည်။

ရန်ကင်းခုတင် ၅၀၀ ဆံ့ ကလေးဆေးရုံကြီး၏ ပြင်ပလူနာဌာနသို့ နေ့စဉ်လာရောက်ပြသသည့် ကလေး လူနာဦးရေ ၃၀၀ ကျော် မှ ၄၀၀ ခန့်အထိရှိပြီး အတွင်းလူနာအဖြစ်ကုသသူ တစ်နေ့လျှင် ၄၅၀ ဦးခန့်ရှိကြောင်းသိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ