ပင်စိမ်းပင်ရဲ့ အစွမ်းသတ္တိ(၇)မျိုး


ပင်စိမ်းပင်ဟာ မြန်မာ့ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နံနံပင်နဲ့ မာဆလာ
တို့လောက် သိပ်မသုံးကြပါဘူး။ အပူပိုင်းဒေသမှာ သဘာဝအရ ပေါက်ရောက်လေ့ရှိပြီး ပင်စိမ်း
အရိုင်းနဲ့ ပင်စိမ်းအယဉ်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ပင်စိမ်းအယဉ်
ကိုသာ သုံးပြီး ပင်စိမ်းအရိုင်းကိုတော့ ပရဆေးဖော်ရမှာ သုံးတာမျိုး ရှိပါတယ်။
ပင်စိမ်းအရိုင်းနဲ့
အယဉ်ကို နှိုင်းယှဉ်တဲ့အခါမှာတော့ ပင်စိမ်း အရိုင်းဟာ အနံ့ပြင်းပြီး ခေါင်းကို မူးနောက်စေပါတယ်၊
နောက် အရွက်လည်း ကြမ်းပါတယ်၊ ပင်စိမ်းအယဉ်ကတော့ အနံ့ယဉ်ပြီး အရွက် စိုစွတ်နူးညံ့ပါ
တယ်။ ဟင်းခတ်အမွှေးအကြိုင် ပင်စိမ်းရဲ့ အစွမ်းသတ္တိ (7)မျိုးကို ဗဟုသုတအဖြစ် ဖော်ပြပေး
လိုက်ပါတယ်။
1. နှလုံးနဲ့ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေနိုင်တယ်။
ပင်စိမ်းမှာ beta-carotene ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်
ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနဲ့ နှလုံးခုန် မူမမှန်ခြင်းကိုလည်း သက်
သာပျောက်ကင်းစေနိုင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။
2. ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးတယ်။
ပင်စိမ်းမှာ ကင်ဆာရောဂါကို တိုက်ဖြတ်နိုင်စွမ်းရှိတဲ့ ဓာတ်သဘာဝတွေ မြောက်များစွာ ပါဝင်ပါတယ်။
ကင်ဆာရောဂါပိုးများ ၀င်ရောက်ခြင်းကို ဟန့်တာပေးပြီး flavonoid ဓာတ်ကလည်း ကင်ဆာရောဂါ
မျိုးစုံကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
3. အရေအပြားနဲ့ ဆံပင်ကို ပိုမိုကောင်းမွန်စေတယ်။
ပင်စိမ်းအဆီဟာ ဆံပင် မွဲခြောက်ခြောက် ဖြစ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်
ပါတယ်။ ဒါ့အပြင် ပင်စိမ်းရွက်ကို ဒီအတိုင်း ထောင်းပြီး ပေါင်းတင်တဲ့ပုံစံမျိုး လိမ်းပေးပါက ၀က်ခြံ၊ တင်း
တိတ်၊ မှဲ့ခြောက် စတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
4. အဆစ်အမြစ်ကိုက်ခဲ့ခြင်းကို ပျောက်ကင်းစေပြီး
အရိုးကျန်မားရေးကို ထောက်ပံ့ပေးနိုင်တယ်။
ပင်စိမ်းမှာ cyclooxygenase ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်လို့ ပုံမှန်စားသုံးပေးက ညောင်းညာကိုက်ခဲခြင်း
နဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ လေးဘက်နာ၊ အရိုးကျီးပေါင်း-စတဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါ
တယ်။ ဒါ့အပြင် အရိုး သန်စွမ်းကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။
5. အစာချေစနစ်ကို ကောင်းမွန်စေတယ်။
အစာစားပြီးတဲ့အခါတိုင်းမှာ အစာချေမှု စနစ် မြန်ဆန်လေ၊ ခန္ဓာကိုယ်ထဲကို ၀င်ရောက်နိုင်တဲ့ ကယ်လိုရီတွေကို ကာကွယ်တာဆီးပြီးသား ဖြစ်လေပါ။ ပင်စိမ်းဟာ အစာချေစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တာမို့ ပုံမှန်စားသုံးပေးပါက အဆီကျပြီး ခန္ဓာကိုယ်ကို သွယ်လျ လှပစေပါတယ်။
6. ကိုယ်ခံစွမ်းအားကို ဖြစ်စေတယ်။
ခန္ဓာကိုယ်တွင်းကို ၀င်ရောက်လာတဲ့ ရောဂါပိုးအမျိုးကို တိုက်ခိုက်ဖို့အတွက် ခန္ဓာကိုယ်မှာ Anti-Bacterial
တွေ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအား နည်းပါးလာတာနဲ့အမျှ ရောဂါးဆိုးတွေကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်တာမို့ ပင်စိမ်းဟာ ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ဆေးလို့တောင် မှတ်ယူလို့ရပါတယ်။

နတ်စည်တော် (ShweMOM)
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ