မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ


(၁) နှာခေါင်းသွေးလျှံခြင်း

ပူပြင်းခြောက်သွေ့သော ရာသီ ဥတု၊ မကြာခဏနှပ်ချေးညှစ်ထုတ် ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်ပြီး အရေးကြီး သည့်အကြောင်းရင်းမှာ သွေးတိုးခြင်း ကြောင့်လည်းဖြစ်တတ်သည်။

မိမိ သွေးပေါင်ချိန် ၁၂၀/၇၀ mmHg မှ ၁၃၉/၈၉ mmHg အတွင်းရှိနေ လျှင် သွေးတိုးစပြုသည်ဟုယူဆနိုင် ပြီး ၁၄၀/၉၀ နှင့်အထက် ဆိုပါက သွေးပေါင်ထိန်းဆေးများဖြင့် ကုသမှု ခံယူပါ။

(၂) ဒူးကိုက်ခြင်း

ဒူးဆစ်များနာကျင်ကိုက်ခဲနေပါ က လှုပ်ရှားမှုပြင်းထန်ခြင်းကြောင့် ဖြစ်နိုင် သည်။ အကိုက်အခဲပျောက် ဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းများဖြင့် မသက်သာဘဲ သုံးလကျော်သည်အထိ ကိုက်နေသေးပါက အရိုးဆစ်ရောင်ခြင်း (osteoarthritis) ဖြစ်နိုင်သည်။

(၃) လည်ချောင်းနာခြင်း

သုံးရက်ကျော်သည်အထိ လည် ချောင်းနာမပျောက်သေးဘဲ စကား သံပါ ပျက်လာပါက Streptococcus ပိုးကြောင့်ဖြစ်နိုင်ပြီး မကုဘဲထားပါက သငန်ရည်ကျိတ်များရောင်ခြင်း၊ ပြည် ထွက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်နိုင်သည်။

(၄) အရည်ကြည်ဖု

အပူလောင်ခြင်း၊ ဖိနပ်ပေါက် ခြင်းကြောင့် အရည်ကြည်ဖုထတတ် သည်။ သို့သော် ခြေချောင်းများကြား၌ အရည်ကြည်ဖုပေါက်လျှင် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင် များဝင်ရောက် နိုင်သည်။ ခြေဖဝါးတစ်ခုလုံးပိုးပျံ့ပြီး ရောင်ကိုင်းလာ
တတ်သည်။

(၅) ဝက်ခြံ

ဝက်ခြံပေါက်တာတော်တော် နှင့်မပျောက်လျှင် ဂရုစိုက်ပါ။ လနှင့် ချီပြီးကြာနေတဲ့ဝက်ခြံကို မညှစ်ပါ နှင့်။ basal cell carcinoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ ဖြစ် ဖြစ်ချင်းကာလမှာ ဝက်ခြံနှင့်ဆင် တူပါတယ်။

အရေပြားဆရာဝန်နှင့် ပြပြီး စောစောကုလျှင် basal cell carcinoma ဟာ ရောဂါပျောက်ကင်း နိုင်ချေ (၉၅) ရာနှုန်းရှိပါတယ်။

သီဟ
Source:Men'shealth

Health Updates Journal Vol.2, No.27

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ