ကျောက်တည်ရောဂါအတွက် ဆေးကောင်းတစ်လက်


ဒီဆေးနည်းကတော့ အင်မတန်ရိုးရှင်းလွယ်ပြီး တကယ်ထိရောက်စေမည့် သဘာဝဆေးနည်းကောင်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်တွေ့ပျောက်ကင်းခဲ့တဲ့ ကိုရန်နိုင်စိုးမှ အများသိအောင် ပြန်လည်ရေးသားမျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံမှာ အာထရာဆောင်းရိုက်ပြီး သည်းခြေမှာ ကျောက်တည်နေသည့်အတွက် မခွဲစိပ်ခင်မှာ သောက်ဆေးနဲ့အမျိုးမျိုးနဲ့ ကုကြည့်တယ်။ မပျောက်ဘူး။ ကျောကတည်ပျောက်ဆေးနည်းတွေကို စမ်းကြည့်တယ်။ မပျောက်ပြန်ဘူး။ လက်မလျှော့ပဲ နောက်ထပ်ကြိုးစားကြည့်ရာ ဒီနောက်ဆုံးနည်းနဲ့ သည်းခြေမှကျောက်ဟာ လုံးဝပျောက်သွားလို့ ခွဲစိပ်စရာမလိုတော့ပဲ အကောင်းပကတိအတိုင်း ပြန်ဖြစ်လာပါတယ်။

ဆေးနည်းကတော့ အခက်ကြီးမဟုတ်ပဲ အရမ်းကို လွယ်ကူသက်သာလှပါတယ်။ စောင်းလျားသီးနဲ့ ငါးပြေမကို အတူတူရောပြီး ချက်စားတာပါပဲ။ ဘယ်လောက်ထည့်ရမယ်ဆိုတဲ့အတိုင်းအသာတော့မပါပေမယ့် ဟင်းချက်သလိုပဲ ချက်စားနိုင်ပါတယ်။ စောင်းလျားသီးကိုတော့ အချဉ်ကို ရွေးပေးရမှာဖြစ်ပါတယ်။

၎င်းဆေးနည်းကို ပထမတစ်ခါချက်စားပြီးကတည်းက သည်းခြေမှကျောက်တည်ရောဂါဟာ သိသိသာသာ သက်သာလာပါတယ်။ ၄ ခါလောက်ချက်စားပြီး ဓါတ်မှန်သွားရိုက်ကြည့်ရာမှာတော့ ကျောက်လုံးဝမရှိတော့ပါဘူး။ ခွဲစိပ်စရာလည်းမလိုတော့ပဲ အံ့သြစရာကောင်းအောင် ပျောက်သွားပါတော့တယ်။

ဒါ့ကြောင့် ကိုရန်နိုင်စိုးလိုပဲ သည်းခြေမှာကျောက်တည်ပြီး ဆေးရုံဆေးခန်းနဲ့အလှမ်းဝေးသူများ၊ ခွဲစိပ်ရန်အခက်အခဲရှိသူများအနေနဲ့ ဒီသဘာဝဆေးနည်းနဲ့ ကုသနိုင်ကြစေရန် ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။ သည်းခြေအပြင် ဆီးကျောက်တည်ရောဂါအတွက်လည်း ပျောက်ကင်းတယ်လို့ သိရပါတယ်။

ပါဝင်တဲ့ပစ္စည်းများကလည်း လူတို့စားသုံးနေကျအစားအစာဖြစ်လို့ ဘေးထွက်ဆိုးကျိုးနည်းမရှိပါဘူး။ ကဲ မိတ်ဆွေတို့လည်း အနာနဲ့ဆေးတည့်ပြီး ရောဂါဝေဒနာများ အမြန်သက်သာပျောက်ကင်းနိုင်ကြပါစေနော်။

စောနွဲ့ နေဆိုင် (ပူတာအို)
Myawady Health
https://www.facebook.com/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ