အစားအသောက်များ၏အနံ့နှင့် လူသားများဝခြင်းဆက်စပ်မှုရှိ


အစားအသောက်များ၏အနံ့ကို ရှုရှိုက်မိရုံဖြင့်လသားအရွယ်ကလေး တစ်ဦးသည် ဝဖြိုးလာနိုင်ဖွယ်ရှိ ကြောင်းသုတေသနသစ်တစ်ခုအရ သိရသည်။ ဘာကလေရှိ ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှပြုလုပ်သည့် အဆိုပါသုတေသနကို ကြွက်များ ဖြင့် စမ်းသပ်ခဲ့ရာ အနံ့ခံအာရုံဆုံး ရှုံးနေသည့် အဝလွန်ကြွက်များ၏ ခန္ဓာကိုယ် အလေးချိန်သည်လျော့ နည်းလာပြီးအနံ့အာရုံကောင်းသည့်ကြွက်များ၏ခန္ဓာကိုယ်ကမူ မူလ ထက်နှစ်ဆဖြစ်လာကြောင်း တွေ့ရှိ ရသည်ဟု သိရသည်။

အဆိုပါသုတေသနရလဒ်က အစားအသောက်၏အနံ့သည်လည်း ခန္ဓာကိုယ်၏ ကယ်လိုရီများအပေါ် တုံ့ပြန်သက်ရောက်မှုတွင် အဓိက အခန်းကဏ္ဍမှပါဝင်နေတာဖြစ် ကြောင်းဖော်ပြထားပြီး အနံ့အာရုံ နှင့် ဦးနှောက်အကြားက ဆက်စပ် မှုကိုလည်း အဆိုပါသုတေသနက အဓိကညွှန်ပြထားသည်။ထို့ကြောင့် လူသားများအနေဖြင့် အနံ့ကိုထိန်း ချုပ်ကိုင်တွယ်နိုင်ခြင်းအားဖြင့် ဦး နှောက်၏ ခန္ဓာကိုယ်တွင်းရှိ စွမ်း အင်များအပေါ်သက်ရောက်တုံ့ပြန် မှုနှင့် ဆောင်ရွက်မှုများကို ပြောင်း လဲနိုင်မည်ဟု လော့စ်အိန်ဂျလိစ် မြို့ရှိ Cedars-Sinai ဆေးပညာ စင်တာမှ အဆိုပါသုတေသနကို ပြုလုပ်သူ ဆီလင်းရိုင်ရာက ပြော ကြားထားသည်ဟု သိရသည်။

လူများကဲ့သို့ပင် ကြွက်များ သည် အစာစားပြီးချိန်ထက် ဆာ လောင်နေချိန်တွင် အနံ့ခံအာရုံ ပိုမို ပြင်းထန်တက်ကြွလေ့ရှိပြီး အနံ့ခံ အာရုံကင်းမဲ့မှုသည် ခန္ဓာကိုယ်ကို အစာစားပြီးသကဲ့သို့ လှည့်ဖျားမှု မျိုးဖြစ်နိုင်ခြေရှိသည်ဟုလည်းသိရ သည်။ ယခု သုတေသနတွေ့ရှိ ချက်ကို လစဉ်ထုတ်ဝေသည့် မက် ဆာချူးဆက်ပြည်နယ်အခြေစိုက် ဃနူ Cell Metabolism ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။အာရုံခံစနစ် များသည် ခန္ဓာကိုယ်ဇီဝဖြစ်စဉ် တွင် အဓိကအခန်းကဏ္ဍ၌ရှိနေပြီး ဝခြင်းသည် ကယ်လိုရီကိစ္စသက် သက်မဟုတ်ဘဲ ကယ်လိုရီများ အပေါ်တုံ့ပြန်သက်ဆိုင်မှုရှိကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အန်ဒရူးဒဲလင်းကလည်းပြောကြား ခဲ့ကြောင်း သိရသည်။

The Union Daily
https://www.facebook.com/uniondaily.net/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ