Smartphone addiction ဖုန်းစွဲနေသလား


၃-၆-၂ဝ၁၅ နေ့ထွက် ဆေးသုတေသနသတင်းဖြစ်ပါတယ်။ Nomophobia နိုမိုဖိုးဘီးယားဆိုတာ no-mobile-phone-phobia ဖုန်းမရှိရင်မနေတတ်အောင်ဖြစ်နေတာ (ကြောက်စိတ်) ကို ခေါ်တယ်။ အိုင်အိုဝါပြည်နယ် တက္ကသိုလ်ကနေ Computers in Human Behavior လူ့အမူအယာနဲ့ ကွန်ပြူတာကို လေ့လာခဲ့တယ်။

တဖွဲရဲ့တွေ့ရှိချက်ကတော့ စမတ်ဖုန်းအပေါ်မှီခိုလာလို့ အမျိုးတွေ မိတ်ဆွေတွေနဲ့ ကင်းကွာလာတယ်။ (ကွန်မြူနီကေးရှင်း) ဆက်သွယ်ရေးလို့ ပြောပေမယ့် အဲဒီဆက်သွယ်ရေးအရည်အသွေး ကျဆင်းလာတယ်။ နောက်တဖွဲ့တွေ့တာကတော့ smartphone separation anxiety ကိုလေ့လာတယ်။ စိတ်ပိုင်းအားနည်းချက်ကို လိုက်ရှာတာဖြစ်တယ်။

၂ဝ၁၂ ခုနှစ်ဗြိတိန်မှာ SecurEnvoy ကနေ လေ့လာမှုလုပ်တော့ လူ ၁ဝဝဝ မှာ ၆၆% ဟာ Nomophobia ဖြစ်နေကြတယ်။ ၂ဝဝ၈ ကထက် ၁၃% တက်လာတာဖြစ်တယ်။
၂ဝ၁၃ အမေရိကမှာ Harris Interactive ကနေသုတေသနလုပ်တော့ ၁၁ဝဝ မှာ ၃၃% က ထမင်းစားနေတုံးသုံးတယ်။ ၅၅% က ကားမောင်းနေတုံးသုံးကြတယ်။ ၁၂% က ရေချိုးရင်း၊ ၁၉% က ဘုရားဝတ်ပြုနေတုံး၊ ၉% ဟာ လိင်ဆက်ဆံမှု ပြုနေတုံးမှာကို ဖုန်းသုံးကြတယ်။

Smartphone addiction စမတ်ဖုန်းစွဲလမ်းမှုဆိုတာ တကယ်လား
ရောဂါရှာဖွေးရေးစံတွေနဲ့တော့ ပြောမရပါလို့ American Psychiatric Association’s Diagnostic Statistical Manual of Mental Disorders ကဆိုပါတယ်။ ဒါပေမယ့် အထူးကုသရေးအနေနဲ့ ကုသပေးဘို့ရှိလာပါတယ်။ သုတေသနတွေအရ စမတ်ဖုန်းသုံးနေရင် dopamine ဒိုပါမင်းထွက်လာအောင် စေ့ဆော်တာတွေ့ရတယ်။ ဦးနှောက်ရဲ့ pleasure zones သာယာမှုဇုံနဲ့ဆိုင်တယ်။ အဲတာက စားသောက်နေတုံး၊ ဗီဒီယိုဂိမ်းကစားနေတုံးနဲ့ လိင်မှုပြုနေတုံး ထွက်လာတာမျိုး။ အဲဒီ အာရုံကြောပို့ဆောင်တဲ့အရာဟာ စွဲလမ်းစေတယ်။

ပညာရှင်တယောက်ကတော့ ဖေ့စ်ဘွတ်ကနေဖြစ်ဖြစ် တက်စ် မက်ဆေ့ခ်ျပို့နည်းနဲ့ဖြစ်ဖြစ် ကိုယ့်မိတ်ဆွေ၊ အဖေါ်၊ ပါတနာကို ဆက်သွယ်တာက ရောဂါမဟုတ်ပါ။ ဒါပေမယ့် အဲလို ဆက်သွယ်တာက ကိုယ့်ကို အနှောင်အယှက်ပေးတယ်လို့ ခံစားရရင် ရောဂါ။

National Center for Responsible Gaming လေ့လာမှုအရ အမေရိကန် ၁% မှာ လောင်းကစားစွဲလမ်းမှုရှိကြတယ်။ အဲတာနဲ့ စမတ်ဖုန်းစွဲလမ်းမှုကို ဆက်စပ်စဉ်းစားတယ်။ စွဲလမ်းမှုဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မှီခိုမှုဖြစ်တယ်။
စမစ်ဆိုးနီးယမ်း အင်စတီကျုက Jerome and Dorothy Lemelson Center က ဒါရိုက်တာပြောတာက နည်းပညာသစ် ပေါ်လာတိုင်း နှစ်ဖက်သွားဓါးလိုပါပဲတဲ့။ မြန်မာလူမျိုးများ ဓါးမရှကြပါစေနဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ