Sitting Position ဆရာမနဲ့ အနေအထိုင်


ဆရာမ သမီးနာမည့့် ပါ။ သမီးဘုရားရှိခိုးပြီးရင် ခြေထောက်တွေက ပြန်ထဖို့အတွက် ဒူးခေါင်းတွေက မထနိုင်ဘဲ နာနေပါတယ်။ ပြီးတော့ ဆေးကုလည်းခဏပါဘဲ။ လူကြီးတွေအများဆုံးဖြစ်ပါတယ်။ သူတို့လည်းကုပေမယ့် မရပါဘူး။ ဘယ်လိုကုရင် သက်သာနိုင်မလဲဆိုတာ သိချင်ပါတယ်။

ကျွန်တော် ဆရာမ မဟုတ်ပါ။ မေးတဲ့သူ အသက် မသိပါ။ လူတိုင်းမှာ အနေအထိုင်တမျိုးကနေ တာရှည်ကြာအောင် မပြောင်းလဲဘဲနေရင် သွေးလှည့်တာကို ထိခိုက်စေတယ်။ အာရုံကြောတွေကိုဖိထားလို့လဲ သက်ရောက်စေတယ်။ အဲဒါတွေကြောင့် တခုခုခံစားရမယ်။ အသက်ကြီးလေး ခံရတာဆိုးလေ။ အချိန်ကြာလေ ဆိုးလေ။ ကိုယ်အလေးချိန် များသူတွေက တမျိုး၊ ပိန်လွန်းရင်လဲ တမျိုးဖြစ်မယ်။ ဆီးချိုရှိနေရင် ပိုဖြစ်မယ်။ အမျိုးသမီးဆိုရင် ကယ်လ်စီယမ် စတာ ပိုလိုတတ်လို့ ပိုဖြစ်နိုင်တယ်။ အထူးသဖြင့် သွေးဆုံးချိန်။ အသက် ၃၅ နှစ်ကျော်ရင် ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ ပိုလိုကြတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ