ဆီးချို၊သွေးချိုရောဂါများနှင့် ရာသီဥတု


သုတေသနတစ်ခုအရ ကိုယ် ၀န်ဆောင်စဉ် ဆီးချိုဖြစ်ပွားခြင်း gestational diabetes GDM က ရာသီဥတုပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိတယ်လို့ သိရပါတယ်။ သုတေသန ကို ဆွီဒင်ရှိ Lund University နဲ့ Skane University Hospital မှ သုတေသီတွေက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးအစား(၁) ဆီးချို သွေးချိုရောဂါ ဖြစ်ပွားမှုက ရာသီ ဥတုအပေါ် မူတည်တဲ့အကြောင်းက တွေ့ရှိပြီးဖြစ်ခဲ့ပါတယ်။ တစ်ချို့ သုတေသနတွေမှာ အမျိုးအစား(၁) ဆီးချိုသွေးချိုရောဂါက ဆောင်း ရာသီမှာ ပိုမိုဖြစ်ပွားနိုင်ပြီး သွေးတွင်း ဗိုင်းရပ်စ်ပမာဏနှင့် ဗီတာမင်ဒီတို့ အပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမယ့် အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ (GDB) တို့က ရာသီဥတုနဲ့ ဆက်စပ်နေတဲ့ အကြောင်းကိုတော့ သိရှိသူ နည်းပါ တယ်။

 သုတေသနရဲ့ အဓိကရည် ရွယ်ချက်က ရာသီဥတုအလိုက် ဂလူးကို့စ် ခံနိုင်ရည်အားနဲ့ GDM ဘယ်လိုသတ်မှတ်မလဲဆိုတာတွေ သိရဖို့ဖြစ်ပါတယ်။ သုတေသနမှာ ၂၀၀၃ ကနေ ၂၀၀၅ အတွင်းတောင် ပိုင်း ဆွီဒင်မှ ကိုယ်ဝန်ဆောင် ၁၁၅၃၈ ဦးပါဝင်ခဲ့ပြီး စံ 75g OGTT စစ်ဆေးမှုကို ကိုယ်ဝန် ၂၈ ပါတ်မှာ လုပ်ဆောင်ခဲ့ပါတယ်။ ယင်း ကာလကို ရွေးရတဲ့အကြောင်းက တော့ ယင်းကာလမှာ မိခင်များရဲ့ ကိုယ်ဝန်မှတ်တမ်း အများဆုံးရလို့ပါ ပဲ။ OGTT စစ်ဆေးမှုရလဒ်တွေကို အသုံးပြုပြီး လအလိုက်၊ ရာသီ အလိုက် ကိုယ်ဝန်သည်များတွင် GDB ဖြစ်နိုင်နှုန်းကို စီစစ်ခဲ့ပါတယ်။ စမ်းသပ်သည့်ကာလ (၃) နှစ်အတွင်း ပါဝင်သူ အမျိုးသမီး ၄.၂%က GDM ရှိတယ်လို့ သတ်မှတ်ခံရပါ တယ်။

လအလိုက် GDM ဖြစ် ပွားနိုင်ခြေတွေကတော့ မတ်လမှာ ၂.၉%နဲ့ ဂျွန်လမှာ ၅.၈% ထိ ရှိပါတယ်။ ရာသီဥတုအရကတော့ ဆောင်းဦးရာသီမှာ GDB ဖြစ်နိုင်ခြေ ၃.၃% ရှိပြီး နွေဦးမှာတော့ ၅.၅% ရှိတာ တွေ့ရပါတယ်။ ပျမ်းမျှလစဉ် အပူချိန်က ဆောင်းရာသီမှာ -0.6.C ရှိပြီး နွေရာသီမှာ 17.7.C ရှိပါတယ်။ အပူချိန် 1.C တက်တိုင်း အစာစားပြီး ၂ နာရီသွေးတွင်းဂလူးကို့စ်က 0.009 mmol/L တက်တယ်လို့ တွေ့ရပါ တယ်။ နွေရာသီနဲ့ဆောင်းရာသီကြား ခြားနားမှုက 0.15mmol/L ထိရှိ တယ်လို့ သိရပါတယ်။ အချက် အလက်တွေ အားလုံးခြုံကြည့်ပြီးတဲ့ နောက်မှာ နွေရာသီဟာ သွေးတွင်း သကြားဓာတ် မြင့်တက်မှုနဲ့ ဆက် စပ်နေပြီး ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်နိုင်ခြေ ၅၁% (၁.၅ဆ) ပိုများတယ်လို့ သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ