Serum ဆိုတာဘာလဲ????


Serum ဆိုတာ daily skin care step တွေထဲက တခုဖြစ်ပြီး active ingredients 70% ပါဝင်ပါတယ်။ concentrated ဖြစ်တဲ့အတွက် ရေခဲသေတ္တာထဲမှာထားသုံးရင် result ပိုကောင်းပါတယ်။ serum တွေဟာ ပုံမှန် ️moisturizer တွေထက် ပိုပြီး အရည်ကျဲပြီး thin ဖြစ်ပါတယ်.......water soluble ဖြစ်ပြီး အဆီပါဝင်မှု မပါသလောက်နည်းပါတယ်။

Serum တွေက ဘယ်လိုအလုပ်လုပ်သလဲ????
Serum မှာ ပါဝင်တဲ့ molecules တွေဟာ အရမ်းသေးငယ်တဲ့အတွက် အရေပြားရဲ့ အတွင်းပိုင်းထိ ဝင်ရောက် အားဖြည့်ပေးနိုင်ပါတယ်.....

အကျိုးရလဒ်တွေကဘာတွေလဲ???
ပုံမှန်သုံးပေးမယ်ဆိုရင် အရေပြားရဲ့ cell တွေကိုပိုမိုကောင်းမွန်စေတဲ့အပြင် ပိုမိုကြည်လင်ပြီး လှပတဲ့ အသားအရေရရှိနိုင်ပါတယ်။ အသားအရေအတွက် အဟာရတွေကိုဖြည့်ဆည်းပေးပြီး သင့်မှာရှိနေတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးပါလိမ့်မယ်.....ဈေးကွက်မှာ တွေ့ရများတဲ့ serum တွေကတော့ ဝက်ခြံသမားတွေ၊ အရေးအကြောင်းရှိတဲ့သူတွေ၊ အသားအရေကြည်လင်ဝင်းပချင်တဲ့သူတွေကို target ထားပါတယ်။

အဓိကဘာတွေပါဝင်တာလဲ????
ဈေးကွက်မှာ တွေ့ရများတာတော့ vitamin C နဲ့ hyaluronic acid ပါတဲ့ ပစ္စ္စည်းတွေပါ........vitamin c က အသားအရေကြည်ဖို့၊ အမည်းစက်တွေလျော့နည်းစေဖို့ ဖြစ်ပြီးတော့ hyaluronic acid ကတော့ ရေဓာတ်ဖြည့်ပေးဖို့ပါ။

ဘယ်လိုအသုံးပြုမလဲ???
Cleansing လုပ်ပြီးတဲ့ အခါ toner သုံးရပါမယ်......toner ပြီးမှ serum သုံးရမှာပါ.....ပြီးမှ ️moisturizer လိမ်းပေးရမှာပါ...
Skin care တွေ အဆင့်လိုက်သုံးတဲ့အခါ အရည်ကျဲရာကနေ ပျစ်ရာကို တဆင့်ချင်းလိမ်းရပါတယ်.....

လက်ဝါးထဲကို ၄စက် သို့ ၅ စက် ထည့်ပြီး ကျန်လက်တဖက်က လက်ချောင်းထိပ်နဲ့ယူပြီး မျက်နှာကို တို့ပြီး လိမ်းပေးရမှာပါ......အဲလိုလိမ်းတာဟာ စုပ်ယူမှုအားကောင်းပြီး.....အသားအရေထဲကို ညီညီညာညာစိမ့်ဝင်ပါတယ်......ပြီးရင် moisturizer မလိမ်းခင် ၅ မိနစ်လောက်စောင့်ပါ......

Serum ရဲ့အားနည်းချက်တွေကဘာတွေလဲ??
ပုံမှန် ️moisturizer တွေထက်ဈေးပိုကြီးပါတယ်။
ပါတာလည်း နည်းပါတယ်.....
ပါဝင်တဲ့ ingredient တွေဟာ concentrated ဖြစ်တဲ့အတွက် ဖွင့်ပြီးသွားတာနဲ့ room temperature မှာပဲထားရင် oxidized ဖြစ်ပါလိမ့်မယ်။ အဲဒီအခါကျရင် အရောင်ပြောင်းတာ အနံ့ပြောင်းတာတွေဖြစ်တတ်ပြီး quality ကျတတ်ပါတယ်...... တကယ် effective ဖြစ်တဲ့ product ဖြစ်သလို တဖက်ကလည်း ကရိကထ နည်းနည်းများတဲ့ ပစ္စ္စည်းပါ။

Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ