Pregnancy after Ectopic Pregnancy သားအိမ်ပြင်ပသန္ဓေတည်ပြီး နောက်ကိုယ်ဝန်


၁။ ဆရာမကိုမေးကြည့်တော့ နောက်ကလေးလိုချင်ရင်ရော ရနိုင်မလားလို့။ ရနိုင်တယ် နှစ်နှစ်လောက်နေမှထပ်ယူပါတဲ့ အဲကြောင့် အခုယူနေပါတယ်ဆရာ။ အခုတလော အောက်ပိုင်းတွေနာနာလာလို့ပါ။ ပြီးတော့ ၁၄ရက်နေ့က ရာသီလာပါတယ်။ ဒါပေမဲ့ ဆီးသွားပြီးတိုင်း တခါတလေ အနီရောင်လည်းမဟုတ် အညိုရောင်ထွက်လာပါတယ်။ နည်းနည်းစီ။ သမီးပိန်ဆေးသောက်နေတာ တလနီးပါရှိပါပြီ။ အစာမဆာပဲရေပဲဆာလို့ ရေပဲသောက်ပါတယ်။ အဲ့ဒါကျောက်ကပ်များထိနိုင်လားရှင်။ အရင်ကလည်း အရက်တွေ သောက်ဖြစ်ပါတယ်။ ပြီးတော့ပိန်ချင်လွန်းလို့ wy လည်း တလနီးပါးလုပ်ခဲ့ဖူးပါတယ်။ မခံနိုင်မလုပ်တော့ပါဘူး။ ခုတလော အရက်တွေဘာမှမသောက်စားတော့ပါဘူး။ ပိန်ဆေးပဲ သောက်ပါတယ်ရှင့်။ သလိပ်လည်းထတယ်။ သလိပ်လည်း ခုချိန်ထိမထုတ်တတ်တော့ မျိုမျိုချရပါတယ်။ အမှန်တိုင်းပြောရရင် ဆေးခန်းပြရမှာ အလွန်ကြောက်စိတ်ဝင်နေပါတယ်ရှင့်။ သမီး ဘာလုပ်သင့်ပါသလဲရှင့်။

၂။ သမီးနာမည့့်၊ ၃၅ နှစ်၊ ရန်ကုန်။ ၂ဝ၁၇ ဇန္နဝါရီလမှာပဲ Etopic ဖြစ်လို့ ခွဲထုတ်ထားရပါတယ်။ ကလေးက သားဥပြွန်ထိပ်မှာ သန္ဓေတည်လို့ပါဆရာ။ ညာဘက်သားဥပြွန်ထိပ်ပါဖြတ်ထုတ်လိုက်ရတယ်လို့ တာဝန်ကျ Dr က ပြောပါတယ်။ နောက်ထပ် ကလေးရဖို့ ခက်ခဲနိုင်လား။ Ectopic ထပ်ဖြစ်မှလဲကြောက်တယ်ဆရာ။ OG သွားပြတော့ ၃ လ တားဆေးသောက်ပြီး ကလေးယူလို့ရပြီလို့ပြောပါတယ်။ ဗိုက်ခွဲထားတော့ ၃ လနဲ့ ကိုယ်ဝန်ဆောင်လို့ ရပါ့မလားဆရာ။ သမီး ကလေးအရမ်းလိုချင်နေတဲ့အချိန်မှာ ပထမဆုံးကိုယ်ဝန် Ectopic ဖြစ်လို့ တော်တော်လေး ဝမ်းနည်းရပါတယ်။ သမီးကျမှ ဘာလို့ဖြစ်ရတာလဲဆရာ။

ပဌမမေးသူ အရက်၊ စိတ်ကြွဆေး၊ ပိန်ဆေးအားလုံး မသင့်ပါ။ အဲဒီသုံးမျိုးလုံးရဲ့ သတိထားစရာတွေကို ဘလော့မှာ ဖတ်နိုင်တယ်။

သားအိမ်ပြင်ပသန္ဓေတည်ပြီး နောက်ကိုယ်ဝန်ယူဘို့ စဉ်းစားတာအမှန်ပါ။ သတိထားစရာတွေရှိတယ်။ ခွဲစိတ်ကုသထားရလို့ အနာကျက်ဖြစ်စဉ်အရ သားအိမ်ပြွန်မှာ အမာရွတ်ဖြစ်ထားတယ်။ အဲလိုအမျိုးသမီးတွေမှာ မူမှန်မဟုတ်တာ ရှိနေနိုင်တယ်။ သားအိမ်ပြွန်က ထိခိုက်ခံထားရပြီးပြီ။ သားအိမ်ပြင်ပမှာ သန္ဓေတည်ခဲ့တာကလည်း ကိုယ်ဝန်မရခင် သားအိမ်ပြွန်မှာ အမာရွတ်ဖြစ်နေပြီးလည်းဖြစ်နိုင်တယ်။ မျိုးစပ်ထားတဲ့သန္ဓေက သားအိမ်ထဲထိ ဆင်းမသွားပဲ အဲဒီနေရာမှာ လာတွယ်ကပ်တာ ဖြစ်နိုင်တယ်။

နောက်ကိုယ်ဝန်ယူဘို့ လအနည်းငယ်စောင့်သင့်တယ်။ အနာကောင်းကောင်းကျပြီး လမ်းကြောင်းချောမွေ့စေချင်လို့ ဖြစ်တယ်။ ဒါမှမဟုတ် IVF နည်းကြိုးစားနိုင်တယ်။

သားအိမ်ပြင်ပသန္ဓေတည်လို့ ခွဲစိတ်ထားရသူနဲ့ ပုံမှန်ကိုယ်ဝန်မှာ နောက်ထပ် သားအိမ်ပြင်ပသန္ဓေတည်နှုန်း ၆ အချိုး ၁ ရှိတယ်။ ကျန်သားအိမ်ပြွန်ကလည်း သိပ်မကောင်းရင် ၁ဝး၁ ရှိတယ်။

သားအိမ်ပြင်ပသန္ဓေတည်လို့ ခွဲစိတ်ထားရသူ နောက်မွေးနှုန်း ၅၅% ရှိတယ်။ ထပ်ဖြစ်နှုန်း ၁၅% ရှိတယ်။ ကလေးမရနိုင်တဲ့နှုန်း ၃ဝ% ရှိတယ်။

သားအိမ်ပြွန်တဖက်ပိတ်နေရင် (သို့) ဖြတ်ထားရရင် နောက်မွေးနှုန်း ၄၅% ရှိတယ်။ ထပ်ဖြစ်နှုန်း ၂ဝ% ရှိတယ်။ ကလေးမရနိုင်တဲ့နှုန်း ၃၅% ရှိတယ်။

သားအိမ်ပြင်ပသန္ဓေတည်တာ ၂ ခါနဲ့အထက်ဖြစ်ထားသူဆိုရင် နောက်မွေးနှုန်း ၂၅% ရှိတယ်။ ထပ်ဖြစ်နှုန်း ၂၅% ရှိတယ်။ ကလေးမရနိုင်တဲ့နှုန်း ၅ဝ% ရှိတယ်။

- Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁) http://doctortintswe.blogspot.com/2014/11/ectopic-pregnancy-causes.html
- Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂) http://doctortintswe.blogspot.com/2015/09/ectopic-pregnancy.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ