Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် အာလ်ထွာဆောင်း (၂)


ဆရာရှင့် တခုလောက်မေးပါရစေရှင့်။ ကိုယ်ဝန်ဆောင်တွေ 4D ရိုက်ရင် ကလေးဖွံ့ဖြိုးမှုနောက်ကျတယ်ဆိုတာ ဟုတ်ပါသလားရှင့်။ ကိုယ်ဝန်ဆောင် group တခုမှာ OG က 4D ဆိုတာ Ultrasound ထက် wave ပိုများလို့ ကလေးဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ပြောတယ်ဆိုပြီး ကိုယ်ဝန်ဆောင်တယောက်ကရေးထားတာ တွေ့မိလို့ပါရှင့်။

အာလ်ထွာဆောင်းကို ၁၉၈၇ ခုနှစ်မှာ Duke တက္ကသိုလ်က Olaf von Ramm နဲ့ Stephen Smith တို့က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ High-frequency sound waves အလွန်မတန်လျင်မြန်တဲ့ အသံလှိုင်းကိုသုံးတယ်။ ဘာသံမှတော့ လူတွေက မကြားနိုင်ပါ။ အလင်း နဲ့ အမှောင်ကိုခွဲသိရမယ်။ ဒါကို ပုံရိပ်အဖြစ် ကွန်ပြူတာ မော်နီတာပေါ်မှာ ဖေါ်ပေးမယ်။ ဓါတ်မှန်လို လူကို အန္တရာယ်မပေးပါ။ အာလ်ထွာဆောင်းမှာ ကလေးကိုယ်ဝန်သက်ကို ကိုယ်ဝန်ပါတ် နဲ့ သန္ဓေဖြစ်ပြီးနောက် ဘယ်နှစ်ပါတ်လို့ ခွဲထားသေးတယ်။ ၂ ပါတ် ကွာတယ်။ ကိုယ်ဝန်ဆောင်ကို အာလ်ထွာဆောင်း မရိုက်ရင် မိခင်လောင်းက စမ်းသပ်ကုတင်မှာ သက်တောင့်သက်သာ လှဲနေပြီး၊ ဆရာဝန်ကနေ Transducer device ကို သုံးပြီး ဗိုက်မှာဖြစ်ဖြစ် Probe ကိုသုံးပြီး မွေးလမ်းထဲကနေဖြစ်ဖြစ် စမ်းပါမယ်။

3D ultrasound ဆိုတာကို Obstetric ultrasonography ခေါ်တယ်။ သန္ဓေသားရဲ့ သုံးဘက်မြင်ပုံတွေကိုရစေတယ်။ စံချိန်ကိုက်နည်းကတော့ 2D နှစ်ဖက်မြင်သာ ဖြစ်တယ်။ 3D မှာ အသံလှိုင်းတွေကို လွှတ်ပေးပြီး ဒေါင့်ပေါင်းစုံကနေ ပြန်လာမယ်။ ပဲ့တင်သံတွေကို ကွန်ပြူတာနည်းပညာနဲ့ ထုထည်ပုံတွေအဖြစ် ဖတ်ယူတာ ဖြစ်တယ်။ မျက်နှာပြင်ရော အတွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖတ်ပေးမယ်။ CT scan machine ကနေ ပုံတွေအများကြီး ဖတ်ပေးတာနဲ့ တူတယ်။

4D fetal ultrasounds ဆိုတာလည်း ဆင်တူတယ်။ FDA ကနေ 94 mW/cm2 ထက်မများဘို့ ကန့်သတ်ပေးထားတယ်။ ဒီအထိစိတ်ချရတယ်လို့ဆိုလိုတယ်။ ဒါပေမဲ့ ငြင်းခုန်တာတွေတော့ ရှိနေပါတယ်။ သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်တွေရှိနေ-မနေ သိမယ်။

သတိထားစရာတွေလဲ သိထားရပါမယ်
အထဲကကလေးကို အပူနည်းနည်းပိုရစေတယ်။ လေလဲနည်းနည်းရစေတယ်။ ဒါတွေကနေ ရေရှည်မှာ ဘာဖြစ်မလဲ မပြောတတ်သေးပါ။ စောစောပိုင်းလေ့လာမှုတွေအရ ယောက်ျားလေးကလေးတွေမှာ ဘယ်သန်ပိုများတာနဲ့ စကားပြောနှေးတာ ပိုတွေ့ရတယ်။ အဖြေဖတ်ရာမှာ မမှန်တဲ့ရလဒ်ရတာမျိုးလဲ ရှိနိုင်တယ်။ ဥပမာ ဆစ်တွေနေတာဟာ အဆိုးအကောင်းပြောရတာ လွဲနိုင်တယ်။ မိခင်ကို စိတ်ပူပင်မှု ဖြစ်စေမယ်။ ကိုယ်ဝန် ၁၇ ပါတ်ထက်စောပြီးရိုက်ရင် မိခင်-ကလေး Binding စီးနှောင်မှု နည်းနိုင်သလား စဉ်းစာရတယ်။

3D ultrasound ကနေ ကလေးကို ထောင့်အမျိုးမျိုးကနေပုံရိုက်မယ်။ နောက် စာစည်းပြီး သုံးဖက်မြင်ပုံဖေါ်ပေးမယ်။ ဓါတ်ပုံလိုဖြစ်လာမယ်။

4D ultrasound ကနေ ကလေးလှုပ်ရှာမှုကိုပါ ဗီဒီယိုလိုမြင်စေမယ်။ မျက်တောင်ခတ်နေတာ၊ လက်မစုပ်နေတာတွေ မြင်ရမယ်။

မူမှန်ကိုယ်ဝန်တွေကို 2D and Doppler ultrasounds နဲ့သာစမ်းသပ်တယ်။ ကလေး + ရေမြွာရည် + မွေးရာပါ ချို့ယွင်းချက် စတာတွေကို သိနိုင်တယ်။ 3D နဲ့ 4D ultrasounds တွေကို မွေးရာပါချို့ယွင်းချက်ကို ပိုပြီး အသေးစိတ်မြင်ချင်လို့ရိုက်တယ်။ ဥပမာ နှုတ်ခမ်းကွဲနေတာ၊ ခါးရိုးမကြီးထဲကအာရုံကြောမူမမှန်တာ။

တနည်းပြောရရင် 3D နဲ့ 4D တွေကို မူမှန်နဲ့ပုံမှန်အတွက် မသုံးပါ။ သူများတွေရိုက်တော့ ရိုက်ချင်ကြမှာပါ။ စိုးရိမ်ရသလား လေးလာမှုတွေ လုပ်နေဆဲဖြစ်တယ်။ အခုထိသိရသမျှ ရလဒ်တွေက ရောထွေးနေသေးတယ်။

ACOG အမေရိကန် သားဖွါးမီးယပ်ဆရာဝန်များ ကွန်ဂရက်အဆိုအရ 3D နဲ့ 4D တွေကနေ ကလေးကိုအန္တရယ်ပေးတာ အခုထိ သိပ္ပံနည်းကျသက်သေပြနိုင်တာ မတွေ့သေးပါ။ မပြောနိုင်သေးတာတော့ ရှိကောင်း ရှိနိုင်တယ်။ အမေရိကန် FDA အဆိုအရ အားလ်ထွာဆောင်းကြောင့် တစ်ရှူးတွေ အပူအနည်းငယ်ဝင်လာစေတယ်။ ကိုယ်ထဲကအရည်ထဲမှာ ဓါတ်ငွေ့အိတ်ကလေးတွေဖြစ်လာစေနိုင်တယ်။ ရေရှည်ဘာဖြစ်မလဲ အခုထိတော့ မသိသေးပါ။

လက်ရှိ ACOG အကြံပြုချက်က ပုံမှန်ကိုယ်ဝန်နဲ့ အနည်းငယ်သာပုံမှန်မဟုတ်တဲ့ကိုယ်ဝန်တွေအတွက် 2D ultrasounds ၁-၂ ကြိမ်ရိုက်နိုင်တယ်။ ဆေးပညာရှင်တွေက 2D, Doppler, 3D နဲ့ 4D တွေကို ကိုယ်ပိုင်မှတ်တမ်းထားဘို့ရိုက်တာကို အားမပေးပါ။ တခါရိုက်ရင် ၄၅ မိနစ်အထိကြာနိုင်လို့ တခြားစကန်တွေထက်အချိန်ပိုတယ်။ မလိုလားအပ်ပဲ အာလ်ထွာဆောင်းနဲ့ တွေ့ရမှုကို များစေတယ်။ ပညာရှင်ကအဖြေဖတ်တာမှာလည်းထူးခြားစရာမရှိပါ။ ကလေးအိပ်ချိန် နားချိန်ကို နှောင့်ယှက်ရာကျမယ်။

အဲတာကြောင့် ACOG နဲ့ FDA တို့ရဲ့လမ်းညွှန်ချက်ကတော့ အာလ်ထွာဆောင်းကို ကျွမ်းကျင်သူပညာရှင်ကနေသာ ရိုက်သင့်တယ်။ လူနာကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လိုအပ်တယ်လို့ညွှန်မှသာ ရိုက်သင့်တယ်။ ဒီအချက်အလက်တွေကို ၂၃-၃-၂ဝ၁၇ နေ့ကရယူထားတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ