Neurobion နူရိုဘီယွန်
Nurobion Tablet က ဘယ်လိုသောက်ရမှာလဲဆရာ။ ဆေးသောက်နည်းလေး လမ်းညွှန်ပေးပါအုံး။ ကျေးဇူးအထူး တင်ပါတယ်ဆရာ။
Neurobion နဲ့ Neurobion forte ဆေးထဲမှာ Vitamins B1, B6 and B12 ဗီတာမင်တွေပါတယ်။ စားဆေး-ထိုးဆေး ရှိတယ်။ အဖျားပိုင်းအာရုံကြောရောင်တာ၊ Isoniazide တီဘီဆေးကြောင့် မကောင်းတာဖြစ်တာ၊ ဆီးချိုကနေဆက်ဖြစ်တဲ့ အာရုံကြောရောင်တာတွေအတွက်ပေးတယ်။ ဘေးထွက်-ဆိုးကျိုးမရှိဘူးလို့ဆိုတာလဲရှိတယ်။ ဒါပေမဲ့ တချို့မှာ ခေါင်းမူး-ခေါင်းကိုက်၊ ပျို-အန်၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ၊ အားယုတ်တာ၊ အာခေါင်ခြောက်တာနဲ့ များရင် လေတက်တာတွေ ဖြစ်တယ်။ တချို့အမျိုးသမီးတွေမှာ ရာသီမမှန်တာဖြစ်နိုင်တယ်။ ရေတဖန်ခွက်အပြည့်နဲ့သောက်ရမယ်။ လူကြီး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄ ပါတ်သောက်ပါ။ လိုတာထက် များမသောက်ရပါ။ ကလေးတွေနဲ့ ဝေးရာမှာထားပါ။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin