Liver Transplant Matching Criteria အသည်းချင်း တူကြရဲ့လား


ဆရာရှင့် ကျမအသက် ၂၄ ပါ။ B သွေးပါ။ Tissue တူတဲ့သူရှိရင် အသည်းတစ်ခြမ်း လုခြင်ပါတယ်။ ဘယ်မှာများ လှူနိုင်မလဲဆရာ။ ph့ ပါဆရာ။ ပြန်ဖြေပေးစေချင်ပါတယ်ဆရာ။

အသည်းအစားထိုးဘို့အတွက် အသည်းလှူမဲ့သူကို Blood and tissue type သွေးနဲ့ တစ်ရှူးအမျိုးအစား၊ Condition and size of the organ အသည်းအခြေအနေနဲ့ အရွယ်အစားတွေကို စစ်ဆေးပါမယ်။

(၁) Blood and Tissue Compatibility သွေးနဲ့ တစ်ရှူး အမျိုးအစား တူ-မတူ၊
• သွေးအုပ်စု A ကနေ A နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု B ကနေ B နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု AB ကနေ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု O ကနေ A, B, AB နဲ့ O ကိုလှူနိုင်တယ်။

Tissue type တစ်ရှူး အမျိုးအစား တူ-မတူစစ်ဆေးခြင်း
ဆေးရုံတခုနဲ့တခု မတူပါ။ Tissue compatibility တစ်ရှူး အမျိုးအစား တူ-မတူ ဆိုတာမှာ Human leukocyte antigens (HLA) ကိုစစ်ပါတယ်။ တူလေကောင်းလေဖြစ်တယ်။ တော်တော်တန်တန်မတူလဲ Anti-rejection drugs ဆေးတွေ ပေးမှာမို့ စိုးရိမ်စရာမရှိပါ။

Cross-matching တိုက်ရိုက် တူ-မတူ စစ်ဆေးခြင်း
White blood cells သွေးဖြူဥတွေချင်း ပေါင်းစပ်ကြည့်ပါမယ်။ သွေးဖြူဥတွေသေကျေပျက်စီးရင် Positive ခေါ်ပြီး လှူလို့မရပါ။ Negative ဆိုရင် လှူနိုင်တယ်။

(၂) General Health အထွေထွေကျန်းမာရေး စစ်ဆေးခြင်း
Chest x-ray ရင်ပတ်ဓါတ်မှန်၊ Electrocardiogram (ECG) အီးစီဂျီ၊ Blood tests သွေးစစ်၊ Urine tests ဆီးစစ်တာတွေ လုပ်ပါမယ်။ လှူမဲ့သူက အမျိုးသမီးဖြစ်နေရင် သားဖွါးမီးယပ်ဆိုင်ရာကို စစ်ပါမယ်။ ရာသီ၊ ကိုယ်ဝန်၊ မင်မိုဂရမ်။

• No heart, renal, or liver problems or abnormalities နှလုံး၊ ကျောကပ်နဲ့ အသည်း၊
• No history of deep vein thrombosis or history of bleeding problems သွေးယို-သွေးခဲဘူးတဲ့ရာဇဝင်၊
• Negative for Hepatitis B and C and for HIV ဘီပိုး၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗွီ၊
• No history of diabetes ဆီးချို၊
• No prior liver surgery အရင်ကအသည်းခွဲစိတ်ဘူးခြင်းမရှိ၊
• No alcoholism or frequent and heavy alcohol intake အရက်၊
• No history of cancer ကင်ဆာရာဇဝင်၊
• No psychiatric illness under treatment စိတ်၊
• Height and weight ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း၊
• Age limit အသက် ၄၅-၅၅-၆ဝ ထက်မကြီးရ။

(၃) Health of Liver အသည်းအခြေအနေ စစ်ဆေးခြင်း
• Hepatic angiogram အသည်းသွားသွေးကြောတွေအခြေအနေကို သိရမယ်။ သွေးလွှတကြောထဲကို ဆေးထိုးပေးပြီးမှ ရိုက်မယ်။
• Computed tomography (CT) angiography (CT scan) သွေးပြန်ကြောထဲကို ဆေးထိုးပြီးမှ ရိုက်မယ်။

(၄) Other Assessments တခြား စစ်ဆေးချက်များ
• Psychological စိတ်ပိုင်းစစ်ဆေးမှုနဲ့
• Financial reviews ငွေကြေးစစ်ဆေးမှု။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ